Wednesday, September 17, 2014

သေသွားတဲ့လူတွေကိုသနားပါ


ဖေ့စ်ဘွတ်အကောင့်တစ်ခုရထားပြီး ပို့စ်တင်တတ်ရုံ ၊ ဖုန်းတစ်လုံးရှိရုံနဲ့
သတင်းထောက်လုပ်နေတဲ့သူတွေအတွက် ဒီပို့စ်ကိုရေးဖြစ်တာဖြစ်ပါတယ်။
ခုတလော တချို့ယာဉ်တိုက်မှူဖြစ်စဉ်တွေ ၊ အနိုင်ကျင့်နှိပ်စက်ခံရတဲ့ဖြစ်စဉ်တွေ
လူသေမှူဖြစ်စဉ်တွေကို ကို ဖေ့စ်ဘွတ်သတင်းထောက်တွေ ရေးတင်ရိုက်တင်လို့
လူတော်တော်များများသိခွင့်ရလာတာတွေ့ရပါတယ်။


ဒီရက်ထဲအနီးစပ်ဆုံးပြောရရင်ဟိုတစ်နေ့က တောင်ငူဘက်ကရှစ်တန်းကျောင်းသူလေးကိုရည်းစားစကားပြောတဲ့လူက ရေနှစ်သတ်ထားလို့သေနေတဲ့ပုံရယ်။ဒီနေ့တွေ့ရတဲ့ မြေနီကုန်းကကားတိုက်လို့ သေဆုံးနေတဲ့အမျိုးသမီးရဲ့ဓါတ်ပုံကိုပဲဥပမာ
ပေးပြီးပြောချင်ပါတယ်။ကျွန်တော့်အတွက်တော့အဲ့ဒီသတင်းနှစ်ခုလုံးမှာပါတဲ့ပုံတွေ
ကိုမြင်ရတာတော်တော်စိတ်ပျက်စရာဖြစ်ပါတယ်။ပထမရက်ကသေတဲ့ကျောင်းသူလေးရဲ့ပုံမှာအပေါ်ပိုင်းအင်္ကျီကလန်နေတယ်။သူဝတ်ထားတဲ့ကျောင်းစိမ်း
ထမိန်လေးကျွတ်နေပြီး အောက်ကအတွင်းခံနဲ့ပက်လက်လဲနေပုံကိုဒီအတိုင်းတင်ထားပါတယ်။နောက်ဒီနေ့ မြေနီကုန်းမှာကားတိုက်ခံရလို့သေဆုံးသွားတဲ့အမျိုးသမီးကို အတွင်းခံဘောင်းဘီနဲ့ မှောက်ရက်လဲပြီးဦးနှောက်ထွက်နေတဲ့ပုံအတိုင်း
ဘာမှမပြင်မဆင်ပဲဒီတိုင်းကြီးတင်ထားပါတယ်။
သတင်းတင်တဲ့လူတွေက လူတွေကိုသိစေချင်တာကြောင့်(သို့မဟုတ် ) လူတော်တော်များများသူ့ပို့စ်ကို ရှဲစေချင်တဲ့ရည်ရွယ်ချက်နဲ့တင်တာ လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုတင်တဲ့အခါမှာ သတင်းကျင့်ဝတ်တွေသိက္ခာတွေခဏဘေးချဦး။သာမန်စောင့်ထိန်းသင့်တဲ့အချက်တွေကိုတော့တင်တဲ့လူတွေ
အနည်းဆုံးသိထားသင့်ပါတယ်။
တင်တဲ့လူတွေက သေသွားတဲ့လူတွေနဲ့သူ့ကျန်ခဲ့တဲ့မိသားစုမျက်နှာတွေထောက်ဖို့လိုပါတယ်။
ကိုယ်နဲ့သိသိမသိသိပေါ့။

၁)
အကယ်၍
ခင်ဗျားမိသားစုတစ်ယောက်လမ်းပေါ်မှာ
ပိုးစိုးပက်စက်သေဆုံးနေတဲ့ပုံကို ခင်ဗျားတို့ကိုယ်တိုင်ဆိုရင်ရော ခဏခဏမြင်ချင်မလား?

၂) ဒါ့အပြင် ခင်ဗျားတို့မိသားစုဝင်တစ်ယောက်ရဲ့အဲ့လိုပုံကို ဘာမှအကာအကွယ် အဖုံးအဖိ မလုပ်ပေးပဲ တစ်ကမ္ဘာလုံးကလူတွေပြရင်ရော ခင်ဗျားတို့လက်ခံနိုင်ပါ့မလား။
သေသွားတဲ့လူက လမ်းပေါ်မှာ ၀စ်လစ်စလစ်ဖြစ်နေမယ်။
သူ့ရဲ့အတွင်းခံတွေပေါ်နေမယ်။ အပေါ်ပိုင်းဗလာကျင်းနေမယ်။
နှိပ်စက်ခံရတဲ့လူဆိုရင် သူ့ဒဏ်ရာတွေက လူတွေမမြင်သင့်တဲ့ ရင်သား၊ တင်ပါးလိုနေရာမျိုးတွေမှာဖြစ်နေမယ်ဆိုရင် ဒါတွေကို လူသိရင်ပြီးရော
တင်ချလိုက်လို့မရပါဘူး။ တတ်နိုင်သလောက်ပုံတွေကို အဖုံးအဖိတွေလုပ်ကို လုပ်ပေးရပါတယ်။
သေတဲ့လူတွေမှာလည်း သူ့ဂုဏ်သိက္ခာရှိပါတယ်။ လမ်းပေါ်က သူတောင်းစားဖြစ်ပါစေ
ခိုကိုးရာမဲ့လူဖြစ်ပါစေ သတင်းတင်မယ့်လူ က သူ့ရဲ့အသက်မဲ့နေတဲ့ ခန္ဓာကို သိက္ခာလေးတော့ပေးရပါမယ် ။ အများအကျိုးပြုနိုင်တဲ့ Citizen Journalists တွေဖြစ်ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...