Monday, September 1, 2014

မန်းနီး


တစ်ချို့က ငွေကို မီးရှို့ဖွာရှိုက်နေကြတယ်.....
တစ်ချို့က ငွေကို ဝါးထွေးနေကြတယ်.....
တစ်ချို့က ငွေကိုသောက်ကာ မူးနေကြတယ်.....
တစ်ချို့က ငွေနဲ့ ရောဂါဝယ်ကြတယ်.....
တစ်ချို့က ငွေနဲ့ ရောဂါကုကြတယ်.....

ငွေဟာ
တရားမသိသူတွေရဲ့ လက်ထဲကို
ရောက်သွားတဲ့အခါ
တန်ဖိုးမဲ့သွားရသလို.....
ငွေဟာ
တရားသိသူတွေရဲ့ လက်ထဲကို
ရောက်သွားတဲ့အခါ
တန်ဖိုးရှိသွားပြန်တယ်......
ငွေဟာ
တရားမရှိသူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
အကုသိုလ်မြင်ကွင်းတွေကို မြင်ကြရသလို......
ငွေဟာ
တရားရှိသူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
ကုသိုလ်မြင်ကွင်းတွေ မြင်ခွင့်ရကြပြန်တယ်......
ငွေဟာ
တရားမကျင့်သူတွေ လက်ထဲ
ရောက်သွားတဲ့အခါ
ဆင်းရဲနွမ်းပါးသူတွေရဲ့ပါးကို
မောက်မာရိုင်းပြစွာရိုက်နိုင်သလို.......
ငွေဟာ
တရားကျင့်သူတွေရဲ့ လက်ထဲ
ရောက်သွားတဲ့အခါ
ဆင်းရဲနွမ်းပါးသူတွေရဲ့ အိတ်ကပ်ထဲကို
ရိုသေစွာ ထည့်လှူနိုင်ကြပြန်တယ်.....
အချို့က ငွေပင်ကို အကုသိုလ်မြေပေါ်မှာ
စိုက်တယ်.....
ထိုငွေပင်မှ သီးလာတဲ့ ငွေသီးဟာ
စိုက်ပျိုးသူကိုရော၊စားသုံးသူကိုပါ
ခါးသက်ပူလောင်စေတဲ့ အရသာကိုပေးတယ်.....
တစ်ချို့က ငွေပင်ကို ကုသိုလ်မြေပေါ်မှာ
စိုက်တယ်......
ထိုငွေပင်မှ သီးလာတဲ့ ငွေသီးဟာ
စိုက်ပျိုးသူကိုရော၊စားသုံးသူကိုပါ
ချိုမြိန်အေးမြတဲ့ အရသာကိုပေးတယ်.....
အချို့က ငွေကို ပျော်ပါးဖို့အတွက် သုံးတယ်.....
အချို့က ငွေကို မော်ကြွားဖို့အတွက် သုံးတယ်.....
အချို့က ငွေကို စော်များဖို့အတွက် သုံးတယ်.....
အချို့က ငွေကို ကျော်ကြားဖို့အတွက် သုံးတယ်.....
အချို့က ငွေကို ဉာဏ်များဖို့အတွက် သုံးတယ်.....
တစ်ချို့က ငွေနဲ့ အပါယ်လမ်း ဆင်းတယ်.....
တစ်ချို့က ငွေနဲ့ နိဗ္ဗာန်လမ်း ခင်းတယ်.....
အမှန်တကယ်တော့ ငွေဟာ
" အယောနိသောမနသိကာရ "ရှိသူအတွက်
လောဘ၊ဒေါသ၊မောဟ ကိလေသာတရားတွေ
တိုးပွားစေတဲ့ မာရ်နတ်တစ်ပါးဖြစ်သလို
" ယောနိသောမနသိကာရ "ရှိသူအဖို့တော့
စားဝတ်နေရေး၊ကုသိုလ်ရေး ပြေလည်စေတဲ့
စက္ကူတစ်ရွက်မျှသာ.......။

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...