Tuesday, September 16, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၉)

သစ်ထူးလွင်


Posted: 16 Sep 2014 05:27 AM PDT
ထိုင်းနိုင်ငံထုတ် သင်္ချာသင်ရိုး စာအုပ်၏ မျက်နှာဖုံး တွင်ပါရှိသည့် ဆရာမတစ်ဦး၏ ပုံသည် အမှန်စင် စစ်အား ဖြင့် နာမည်ကြီး အပြာမယ်တစ်ဦး ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည့် အတွက် ပညာရေး ၀န်ကြီးဌာန အတွက် အရှက်ရဖွယ် ဖြစ်ခဲ့ကြောင်း သိရသည်။ သင်္ချာစာအုပ်၏ မျက်နှာဖုံးတွင် ပါရှိသူမှာ အမှန်စင်စစ် ဆရာမတစ်ဦးမဟုတ်ဘဲ XXX အဆင့်ရှိ ဂျပန် အပြာဇာတ်လမ်းသရုပ်ဆောင် နာမည်ကြီး အပြာမယ် Mana Aoki ဖြစ်နေသည်ကို မျက်စိလျင်သည့်ေ
Posted: 16 Sep 2014 04:36 AM PDT
စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA Peace Council)နှင့် ကလို့ထူးဘော ကရင်အစည်းအရုံး(KKO)တို့အနေဖြင့် ယူနီဖောင်း ၀တ်စုံနှင့်တကွ လက်နက်များ ကိုင်ဆောင် ကာ သွားလာခြင်း မပြုရန် မြ၀တီမြို့ အခြေစိုက် အစိုးရ စစ်တပ်က စက်တင်ဘာလ ၁၄ရက်နေ့တွင် တားမြစ်သတိ ပေးခဲ့သည်။ မြ၀တီမြို့ရှိ အစိုးရစစ်တပ် ရှေ့တန်းအမှတ်(၂၇၅)
Posted: 16 Sep 2014 04:39 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ည ၉ နာရီကျော် လောက်က မှုခင်းရေးသားတဲ့ သတင်းထောက်တဦး ရိုက်နှက်ခံ ခဲ့ရပါတယ်။ အရိုက်ခံရသူ ဟာ မြန်မာနယူးစ်ဝိခ် ဂျာနယ်မှာ မှုခင်း သတင်း ရေးသားနေ တဲ့ ဦးဘိုမြင့်ဆိုသူဖြစ်ပြီး၊ အဲဒီ့နေ့ညက သူ့ကို အင်ဖော်မာလား လို့ မေးတဲ့သူ က မေးပြီးပြီးချင်း ထွက်ခွာသွားတယ်လို့ ဦးဘိုမြင့်က ပြောပါတယ်။ အဲဒီနောက် ဗိုလ်အောင်ကျော်လမ်းနဲ့
Posted: 16 Sep 2014 03:33 AM PDT
စက်တင်ဘာ ၁၅ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်၊ မြို့နယ်တရားရုံး၊ တရားခွင်အတွင်း နာကျင်စေမှုတစ်ခု အားစစ်ဆေးစဉ် တရားခံမှ တရားလိုပြ သက်သေ အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့သည်။ တရားခွင် အတွင်း ဓားဖြင့် ထိုးခံရသော တရားလိုပြ သက်သေ အမျိုးသမီးသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး ဓားထိုးခံရ သောဒဏ်ရာကြောင့် ကျောက်ဆည် ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျှက်ရှိပြီး အသက်အန္တရယ် မစိုးရိမ်ရကြောင်း သိရသည်။
Posted: 16 Sep 2014 03:33 AM PDT
ထိုင်းငါးဖမ်း သင်္ဘောများ ပေါ်တွင် အဓမ္မ ခိုင်းစေခြင်း ခံနေရသူ များပြား လာခြင်းက တစ်ကမ္ဘာလုံး ပင်လယ်စာ ဈေးကွက် တောင်းဆိုမှု များပြား လာခြင်းနှင့် ငါးရှားပါး လာခြင်းကြောင့် ဟု ပတ်ဝန်းကျင် တရားမျှတမှု ဖောင်ဒေးရှင်း EJF က ဖော်ပြ ခဲ့သည်။ ငါးဖမ်း သင်္ဘောများ ငါးများများ ရရန်အတွက် ခရီးရှည်ကြီး ထွက်ပြီး ငါးရှာရသည်။ ပင်ပန်းသည့် အလုပ်မျိုး ဖြစ်သည်။ ပြည်တွင်းရှိ ထိုင်းလူမျိုး များသည် ၄င်း ငါးဖမ်းသည့် အလုပ်ကို
Posted: 16 Sep 2014 03:26 AM PDT
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းတချို့မှာ အခုလအတွင်း လုံခြုံရေးဆိုင်ရာ ပြဿနာတချို့ ပေါ်ပေါက်ခဲ့ တယ်လို့ ခရိုင်ရဲ တပ်ဖွဲ့က RFA ကို ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်အတွင်းက အလယ်တန်း ကျောင်း တချို့မှာ ဖြစ်စဉ်သုံးခု ဖြစ်ပွားခဲ့ကြောင်း ခရိုင်ဒုတိယ ရဲမှူးကြီး ဦးရွှေသန်းက ပြောပါတယ်။ ပထမဖြစ်ရပ်မှာ ဘင်္ဂါလီကျောင်းသား တစ်ဦးက နိုင်ငံတော်သီချင်းစာသားထဲက မြန်မာဆိုတဲ့နေရာမှာ
Posted: 16 Sep 2014 03:19 AM PDT
အမရပူရ စက်တင်ဘာ ၁၅ မန္တလေးတိုင်း ဒေသကြီး အမရ ပူရမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးရှိ ရှေးဟောင်း သမိုင်းဝင် ရွှေကြက်ကျ စေတီတော်ကြီး၏ စနေထောင့် ခေါင်းလောင်းပုံ နေရာကို စက်တင် ဘာ ၁၄ ရက် နံနက် ၄နာရီခွဲခန့်က မိုးကြိုးထိမှန်၍ အင်္ဂတေများ မြေသို့ ခခဲ့သည်။  အဆိုပါ စေတီတော် မြတ်ကြီးသည် သမိုင်းဝင်တန်ခိုးကြီး ဘုရား ဖြစ်ပြီး မူလဒါယကာမှာ သီရိဓမ္မာသောကမင်းကြီးဖြစ်ပြီး ပုဂံမင်းအနော်ရထာ၊ နရပတိစည်သူ၊
Posted: 16 Sep 2014 03:02 AM PDT
ရန်ကုန် စက်တင်ဘာ ၁၅ ရခိုင် ပြည်နယ်အတွင်း ဘင်္ဂါလီ လူဦးရေတိုးပွားလာမှု ထိန်းချုပ် နိုင်ရန် ပင်လယ်ပြင်ကို ဦးစွာ ထိန်းချုပ်ရန် လိုအပ်ကြောင်း စစ်တွေ မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ် စားလှယ် ဦးအောင်မြကျော်က ပြောသည်။ ယခုလ ၁၁ ရက်တွင် စစ်တွေ မြို့ရှိ လူမှုအဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့များက ဘင်္ဂါလီ လူမျိုးများ နေရာချထားရေးနှင့် ပတ်သက်ပြီး ဒေသခံများ၏ သဘော ထားကို
Posted: 16 Sep 2014 02:58 AM PDT
ရန်ကုန် စက်တင်ဘာ ၁၅ ပျောက်ဆုံး တောင်တက်သမား နှစ်ဦးကို ကူညီ ကယ်ဆယ်ရန် တရုတ် တောင်တက်အဖွဲ့က ရဟတ် ယာဉ်ဖြင့် တောင်ပေါ်တက်ပြီး မြေ ပြင်ဆင် ရှာဖွေရန် စီစဉ်ထားကြောင်း သိရသည်။ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေသည့် မြန်မာနိုင်ငံ သားတောင်တက်သမားနှစ်ဦးကို ကူညီရှာဖွေရန် ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ Blue Sky တောင် တက်အဖွဲ့သည် ၄င်းတို့အဖွဲ့အနေ ဖြင့် ရေခဲတောင်သို့တက်ရောက်
Posted: 16 Sep 2014 02:32 AM PDT
မနေ့ညပိုင်းကစပြီး တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို စတင်ဖြတ်သန်းနေတဲ့ တိုင်ဖုန်းမုန်တိုင်း မြန်မာပြည် မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး မြေပြို မူတွေကို သတိမူ သင့်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ “အမေရိကန်မိုးလေ၀သက မှန်းထားတာတော့ ဒီမုန်တိုင်းက မြန် မာနိုင်ငံ မြောက် ဖျားလောက် ရောက် လာနိုင် တယ်ပေါ့။ ဒါပေမယ့် စောင့်ကြည့်ရ မှာပေါ့။ အနောက်ဘက် လာရင်ေ
Posted: 16 Sep 2014 02:25 AM PDT
မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ပယ်မာတန်တင်ဂီမြို့လေးက ဂျာလန် ကမ်ပန် မန်ဂီစ် နယ်မြေရှိ ဆီအုန်း စိုက်ခင်းထဲမှာ မြန်မာနိုင်ငံသား ၂ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ မလေးရှားက The Star Online သတင်းမှာ ဖော်ပြထားပါတယ်။ ရွာသားတယောက်က စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီမှာ တွေ့ရှိခဲ့ တာ ဖြစ်ပြီး ချက်ချင်းပဲ ရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ၂ ယောက်လုံးဟာ အသက် ၃၀ အရွယ်တွေ ဖြစ်ပြီးတော့
Posted: 16 Sep 2014 02:19 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၆ ၁၅.၉.၂၀၁၄ရက်နေ့ ၁၆၂၀အချိန် စမ်းချောင်း မြို့နယ်၊ ပြည်လမ်း အတိုင်း မြောက်မှ တောင်သို့ မြောက် ဥက္ကလာပ မြို့နယ်နေ ယာဉ်မောင်း ဦးကြည်လွင်ဦး (၅၂)နှစ် မောင်းနှင်လာသော 8G---စူပါ ကာစတန် ယာဉ်သည် မဟာမြိုင် မှတ်တိုင် အလွန် လူကူးမျဉ်းကျား အရောက် လမ်းဖြတ်ကူးသူ ဒေါ်ခွန်ဂျာ(၆၀)နှစ်အား တိုက်မိခဲ့ပါသည်။ ထိုသို့တိုက်မိမှုကြောင့် ဒေါ်ခွန်ဂျာမှာ ဦးခေါင်း ကြေမွဒဏ်ရာ ရရှိကာ အခင်းဖြစ် နေရာတွင်ေ
Posted: 16 Sep 2014 02:20 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၆ ၁၅.၉.၂၀၁၄ရက်နေ့ ၂၂၃၀အချိန် ဂုံမြို့နယ်၊ ပြည်လမ်း အတိုင်း တောင်မှ မြောက်သို့ ဒဂုံမြို့နယ်နေ ယာဉ် မောင်း ကိုလင်းသီဟကျော် (၂၂)နှစ် မောင်းနှင်လာသော1G---Nissan AD ဗင် ကိုယ်ပိုင်ယာဉ်သည် ပြည်လမ်းနှင့် ပြည်ထောင်စု ရိပ်သာ လမ်းဆုံ မီးပွိုင့် အရောက် မီးနီအား ဖြတ်သန်း မောင်းနှင်ခဲ့ သဖြင့် ပြည်ထောင်စု ရိပ်သာလမ်း အတိုင်း အရှေ့မှအနောက်သို့ အလုံမြို့နယ်နေ ယာဉ်မောင်း ဦးစန်းလွင် မောင်းနှင်လာ
Posted: 16 Sep 2014 02:08 AM PDT
နှာခေါင်းနဲ့ပါးစပ်ကို ဖုံးအုပ်တဲ့ မျက်နှာဖုံးစွပ်နဲ့ သင်္ချိုင်း ရှင်းလင်းရေး သမားဟာ လက်ကိုင်ရှည်တူမကြီး တလက်ကိုင်ပြီး သူ့ရဲ့ အလုပ်ကို စလုပ်တယ်။ သင်္ချိုင်းထဲက အုပ်ဂူတွေကို သူ့လက်ထဲက တူမကြီးနဲ့ ထုခွဲပြီး ဂူအတွင်းမှာ ရှိတာမှန်သမျှကို ရှင်းထုတ်ပစ်လိုက်တယ်။ အလင်းရောင်ကောင်းကောင်းမရတဲ့ ဂူတခုထဲက ဆံပင်မွှေးထူထူထဲထဲ ကျန်နေသေးတဲ့ လူဦးခေါင်းခွံကို ဖယ်ထုတ်လိုက်ပါတယ်။ နောက်ဂူတခုထဲကတော့ အဖြူရောင်ပန်းကလေးနဲ့
Posted: 16 Sep 2014 02:00 AM PDT
စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း အခြေစိုက်သော အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံ တပ်မဟာ(၅)၊ မူတတြော်(ဖာပွန်)ခရိုင် အခြေစိုက် တပ်အချို့ စက်တင်ဘာ လ ၉ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဖာပွန်မြို့နယ်ရှိ အူးသူးထာ့စခန်း အမှတ်(၁) အခြေချစစ်ဗျူဟာ (ဖာပွန်) လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၁၉)မှ အစိုးရ တပ်ဖွဲ့ဝင်အချို့သည် ကေအဲန်ယူ သတ်မှတ်နယ်မြေအတွင်းြ
Posted: 16 Sep 2014 01:53 AM PDT
ကိုလံဘီယာအမျိုးသမီး စက်ဘီးအသင်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဟာ အ၀တ် မ၀တ်ထားတဲ့ ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံတကာ စက်ဘီးအဖွဲ့ချုပ်က ပြောပါတယ်။ အီတလီမှာ ကျင်းပနေတဲ့ ပြိုင်ပွဲအတွက် ကိုလံဘီယာအမျိုးသမီး စက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့ အ၀ါရောင် ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို အသုံးပြုထားတဲ့အတွက် ကြည့်လိုက်ရင် ၀တ်လစ်စလစ် ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့
Posted: 16 Sep 2014 01:50 AM PDT
မြ၀တီမြို့ ၄ ရပ်ကွက်ရှိ မြို့နယ်တရားရုံးနဲ့ စီးပွားရေးဘဏ်အနီးမှာ အိတ်အမည်းရောင်နဲ့ ထုတ်ထားတဲ့ ဗုံးတလုံးကို ဒီနေ့မနက် တွေ့ရှိခဲ့ပါတယ်။ မနက်  ၈ နာရီ  ၄၅ မိနစ်လောက်  လက်ဖက် ရည် ရောင်းဖို့အတွက် သန့်ရှင်းရေးလုပ်တဲ့ ဆိုင်ရှင်က မသင်္ကာဖွယ် အိတ်အ မည်းရောင် တွေ့ခဲ့ တဲ့အတွက် မြ၀တီ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲက လာရောက် စစ်ဆေး ခဲ့ရာ ပေါက်ကွဲစေ တတ်တဲ့ဗုံး ဖြစ်တဲ့အတွက် အမှတ် ၉၀၄ စစ်မြေပြင်
Posted: 15 Sep 2014 07:57 PM PDT
ငွေကြေးမတတ်နိုင်သူ ကျောင်းသူ ကျောင်းသားများအား အခြား ပြည့်စုံသော ကျောင်းသူ ကျောင်းသားများ နည်းတူ ကျောင်းပြင်ပ စာသင်ကြားမှု (ကျူရှင်) များကို သင်ကြားပေးသည့် အမေ့အိမ် ပညာဒါန အခမဲ့ကျောင်းကို ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြီးခဲ့သော စက်တင်ဘာ(၇)ရက်နေ့ နာနတ်တော ပန်းသီရိဒေါ ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “ဆင်းရဲတဲ့ကလေးတွေ ပညာမသင်နိုင်တဲ့ ကလေးတွေကို စာသင်နိုင်အောင်
Posted: 15 Sep 2014 07:50 PM PDT
ဝါရှင်တန် ၊ ၁၆-၉-၂၀၁၄ တစ်လအတွင်း နိုင်ငံခြားသား သုံးဦးကို ရက်ရက် စက်စက် ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ယခုအခါ ၄င်းတို့ ဖမ်းဆီးရမိ ခဲ့သည့် အီရတ် အမျိုးသမီး ငယ်များကို ကျွဲ၊ နွား များကဲ့သို့ လေလံတင် ရောင်းချလျက် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ဖော်ပြချက် အရ သိရသည်။ အဆိုပါ စစ်သွေးကြွ အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ နယ်မြေ အများအပြားကို
Posted: 15 Sep 2014 07:39 PM PDT
ဘန်ကောက် ၊ ၁၆-၉-၂၀၁၄ ထိုင်းနိုင်ငံရှိ အပန်းဖြေစခန်း တစ်ခု ဖြစ်သည့် ခိုတောင်းကျွန်း ၌ ယမန်နေ့တွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံ ရကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာ ခဲ့သည်။ အသတ်ခံ ရသည့် ဗြိတိန်နိုင်ငံသား များမှာ အသက် ၂၃ နှစ်ရှိ အမျိုးသမီး တစ်ဦးနှင့် ၂၄ နှစ်ရှိ အမျိုးသား တစ်ဦး တို့ဖြစ်ပြီး ၄င်းတို့ ၏ ရုပ်အလောင်း များကို အဆိုပါ ကျွန်းပေါ်ရှိ ဆိုင်းရီး ကမ်းခြေပေါ်တွင် တွေ့ရှိခဲ့ခြင်း
Posted: 15 Sep 2014 07:39 PM PDT
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) တွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုကို လှိုင်သာယာ နည်းပညာ တက္ကသိုလ်ကျောင်းရှေ့မှာ ဒီနေ့ နေ့လယ် ၁၁ နာရီခွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့ နိုင်ငံတ၀ှမ်းက တက္ကသိုလ်တွေ မှာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဆက်တိုက်ဆိုသလို ကန့်ကွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ
Posted: 15 Sep 2014 07:36 PM PDT
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက်သမားတွေ လှုပ်ရှားနေတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ အီရတ်သမ္မတက ပြင်သစ်နိုင်ငံ ပါရီမှာ  ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။ အစ္စ လာမ္မစ် ပြည်ထောင် စု အဖွဲ့ (အိုင် အက်စ်) ကြောင့် ပေါ်ပေါက်နေတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု ကိစ္စတွေနဲ့ပတ်သက်လို့ အီးယူနိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေ၊ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင်
Posted: 15 Sep 2014 07:20 PM PDT
ဆီးရီးယားနိုင်ငံတွင်းက IS စစ်သွေးကြွအဖွဲ့ရဲ့  ပစ်မှတ်တွေကို အမေရိကန်က လေကြောင်း တိုက်ခိုက်ရာမှာ ဆီးရီးယား အနေနဲ့ ၀င်ရောက်မနှောင့်ယှက်ဖို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။ ဆီးရီးယား လေကြောင်းကာကွယ်ရေးစနစ်တွေ ဘယ်မှာရှိလဲဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကောင်းကောင်း သိရှိထားတယ်လို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူက တနင်္လာနေ့က ပြောပါတယ်။ အမေရိကန် လေယဉ်တွေကို ဆီးရီးယားက နှော
Posted: 15 Sep 2014 07:14 PM PDT
ပြင်သစ်နိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​ညီလာခံအတွင်း ​ISIL ​အကြမ်းဖက်အဖွဲ့ကို ​တိုက်ခိုက်ချေမှုန်းဖို့ ​နိုင်ငံပေါင်း ​၃၀ ​က ​သဘောတူညီခဲ့ကြပါတယ်။ အနောက်တိုင်းနိုင်ငံနဲ့ ​အာရပ်နိုင်ငံတွေက ​ပူးပေါင်းပြီး ​အီရတ်နိုင်ငံအတွင်းက ​ISIL ​တပ်ဖွဲ့ဝင်တွေကို ​ချေမှုန်းသွားမယ်လို့ ​ပူးတွဲကြေညာချက်တစ်စောင် ​ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် ​အာရပ်ဒေသက ​နိုင်ငံ ​ဆယ် ​နိုင်ငံကလည်း ​သဘောတူညီပြီးသား ​ဖြစ်ပါတယ်။
Posted: 15 Sep 2014 07:10 PM PDT
အာဖရိကနဲ့ ​အရှေ့အလယ်ပိုင်းကနေ ​သင်္ဘောနဲ့ ​ဥရောပတိုက်ထဲ ​လာရောက်နိုင်ဖို့ ​ကြိုးစားတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​အယောက်ပေါင်း ​၅၀၀ ​လောက် ​မြေထဲပင်လယ်ဒေသက ​ပင်လယ်ပြင်မှာ ​သေဆုံးရနိုင်တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။ အီတလီနိုင်ငံနားက ​Malta ​ကျွန်းကို ​သွားနေတုန်း ​တမင်သက်သက် ​သင်္ဘောနစ်မြုပ် ​ခံ ​ခဲ့ ​ရ ​တာ ​ဖြစ် ​တယ် ​လို့ ​ပြောဆို ​နေကြ ​ပေမယ့် ​ဒေသခံ ​အာဏာ ​ပိုင်တွေ ​ကတော့ ​ဘာမှ ​တရားဝင်ြေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...