Thursday, September 11, 2014

" ကျမ က အဖွားကြီးပါ မောင် "

((ကဗျာလေးကို သဘောကျမိတယ်))

" ကျမ က အဖွားကြီးပါ မောင် "

ကျမ က အဖွားကြီးပါ မောင်၊
မောင်လိုချင်တဲ့ .. နုပျိုတဲ့အလှတွေ
မရှိတော့ပေမယ့်...နုပျိုလတ်ဆတ်တဲ့အချစ်တွေနဲ့ ..
ချစ်နေဆဲပါ မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မောင်နှစ်သက်တဲ့ .. ခလေးအမူအယာတွေ
မရှိတော့ပေမယ့် .. တည်ငြိမ်ရင့်ကျက်တဲ့
*နှလုံးသားတစ်စုံဟာ...
မောင့် အတွက်ပါ မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မောင်လိုချင်တဲ့ ကိလေသာချမ်းသာမှုတွေ
မပေးနိုင်ပေမယ့်.... သံသရာချမ်းသာမှုအတွက်
ပါရမီကောင်းကောင်း ဖြည့်နိုင်ပါတယ် မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
ညဥ့်နက်သန်းခေါင်မှာ ..
မောင်အပြင်မှာ အမှားမှားအယွင်းယွင်းနဲ့ 
အိမ်ပြန်နောက်ကျတောင် .. မိုးလင်းတဲ့အထိစောင့်နေမယ့်သူပါ မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မောင်ကအချစ်လိုအပ်ချိန်မှာ .. အချစ်ကိုပေးပြီး
မေတ္တာလိုအပ်နေချိန်မှာ .. မေတ္တာပေးဖို့ အသင့်ပါ မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မောင်တို့ ယောင်္ကျားလေးသဘာဝ
စိတ်ဝင်တစားကြည့် နေတဲ့အရာတွေ...
ပင်ကိုယ်မျက်လုံးနဲ့ ... မမြင်န်ုင်ပေမယ့်
ပျော်ရွှင်နေတဲ့ .. မောင့်နှစ်လုံးသားတစ်စုံကို
မျက်လုံးမှိတ်ထားလည်း ..
မြင်နေရပါတယ် မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မလိုအပ်တော့တဲ့ ... အမှိုက်သရိုက်လို
တာဝန်မယူချင်တော့လို့ .. ဘိုးဘွားရိပ်သာကို
ပို့ မယ်ဆိုရင်တောင် ..
တရားဘာဝနာပွားများရင်း...
နေ့ စဉ်မေတ္တာပို့ နေမှာပါ မောင် ....။ ။
* Credit to>>Cho Lay>>မဟူရာ နတ်သမီး
Photo : Cindy Joseph

ကျမ က အဖွားကြီးပါ မောင်၊
မောင်လိုချင်တဲ့ .. နုပျိုတဲ့အလှတွေ
မရှိတော့ပေမယ့်...နုပျိုလတ်ဆတ်တဲ့အချစ်တွေနဲ့ ..
ချစ်နေဆဲပါ မောင်...။


ကျမ က အဖွားကြီးပါ မောင်၊
မောင်နှစ်သက်တဲ့ .. ခလေးအမူအယာတွေ
မရှိတော့ပေမယ့် .. တည်ငြိမ်ရင့်ကျက်တဲ့
*နှလုံးသားတစ်စုံဟာ...
မောင့် အတွက်ပါ မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မောင်လိုချင်တဲ့ ကိလေသာချမ်းသာမှုတွေ
မပေးနိုင်ပေမယ့်.... သံသရာချမ်းသာမှုအတွက်
ပါရမီကောင်းကောင်း ဖြည့်နိုင်ပါတယ် မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
ညဥ့်နက်သန်းခေါင်မှာ ..
မောင်အပြင်မှာ အမှားမှားအယွင်းယွင်းနဲ့ 
အိမ်ပြန်နောက်ကျတောင် .. မိုးလင်းတဲ့အထိစောင့်နေမယ့်သူပါ မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မောင်ကအချစ်လိုအပ်ချိန်မှာ .. အချစ်ကိုပေးပြီး
မေတ္တာလိုအပ်နေချိန်မှာ .. မေတ္တာပေးဖို့ အသင့်ပါ မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မောင်တို့ ယောင်္ကျားလေးသဘာဝ
စိတ်ဝင်တစားကြည့် နေတဲ့အရာတွေ...
ပင်ကိုယ်မျက်လုံးနဲ့ ... မမြင်န်ုင်ပေမယ့်
ပျော်ရွှင်နေတဲ့ .. မောင့်နှစ်လုံးသားတစ်စုံကို
မျက်လုံးမှိတ်ထားလည်း ..
မြင်နေရပါတယ် မောင်...။
ကျမ က အဖွားကြီးပါ မောင်၊
မလိုအပ်တော့တဲ့ ... အမှိုက်သရိုက်လို
တာဝန်မယူချင်တော့လို့ .. ဘိုးဘွားရိပ်သာကို
ပို့ မယ်ဆိုရင်တောင် ..
တရားဘာဝနာပွားများရင်း...
နေ့ စဉ်မေတ္တာပို့ နေမှာပါ မောင် ....။ ။

* Credit to>>Cho Lay>>မဟူရာ နတ်သမီး
Photo : Cindy Joseph

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...