Wednesday, September 3, 2014

ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း နောက်ကွယ်က တရုတ်လူမျိုး ရှောင်စန်း

 


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အိုင်ဗင်ဟိုနှင့် ၀မ်ပေကွင် အလွဲအပြောင်း တွင် ပျောက်ဆုံးသွားသော ကြေးနီတန် ၃၀၀သည် ရှောင်စန်း၏ Yangon Crown ၀ါယာစက်ရုံ ဂိုဒေါင် အတွင်းမှ ပြန်မိသော်လည်း ရှောင်စန်းသည် တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိခဲ့ပေ။

တင်ဒါခေါ်မည်ဟု ကြေညာခဲ့သော်လည်း အေးရွာတွင် လယ်မြေဧက ထောင်ချီ ၀ယ်ယူပြီး ဖြစ်သော ရှောင်စန်းမှလွဲပြီး အခြားမည်သူမှ တင်ဒါအောင်မြင်လိမ့်မည်မဟုတ်။ ထိုအချိန်တွင် ရှောင်စန်း မျက်လှည့်ပြထားမည့် ကုမ္ပဏီတစ်ခုက မည်သို့မည်ပုံ ရယူသွားမည် ကို စောင့်ကြည့်ရပေဦးမည်ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရုတ်တရက် တင်လိုက်သော ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်အကြောင်း ပွက်လောရိုက် နေကြသည်။ ယင်း၏ အကျိုးဆက်အဖြစ် သြဂုတ်လ ၂၉ရက်နေ့တွင်မူ နိုင်ငံတော်ပိုင် သတင်းစာများတွင် တင်ဒါခေါ်ပြီးမှ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည် ကြေညာခဲ့ရသည်။ ထိုအေးရွာမြို့သစ် စီမံကိန်းကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းလိုက်သော မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီက အကောင်အထည်ဖော်ရန် မူလက လက်သိပ်ထိုး စီစဉ်ခဲ့ကြသည်။

ထိုကုမ္ပဏီ အပါအ၀င် Yangon Crown ကုမ္ပဏီ၊ Crown Advance ကုမ္ပဏီတို့၏ ပိုင်ရှင် အစစ်ကိုလည်း ပြည်သူများ သိလိုလာကြသည်။ ထိုကုမ္ပဏီများတွင် နာမည် ထည့်မထားသော်လည်း အမှန်ပိုင်ဆိုင်သူ နှစ်ဦးမှာ ရှောင်စန်းနှင့် ရှောင်စွတ်ဆိုသည့် တရုတ် ညီအစ်ကိုဖြစ်သည်။ ညီဖြစ်သူ ရှောင်စွတ်သည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာဘွဲ့ ရထားသူဖြစ်ပြီး မြန်မာစကားကို ကောင်းစွာ မပြောတတ်ပေ။ရှောက်စန်းသည် လွန်ခဲ့သည့် (၁၅)နှစ်က ယူနန်ပြည်နယ်မှ ၀င်ရောက်လာသည့် တရုတ်လူမျိုးဖြစ်ပြီး သူ၏ဇနီးမှာ ယူနန်ပြည်နယ် အစိုးရအဖွဲ့ဝင် တစ်ဦး၏ သမီးဖြစ်ပြီး ကူမင်မြို့တွင် နေထိုင်သည်။ ရှောက်စန်းသည် တရုတ်နယ်စပ်မှ ၀ါယာကြိုးများကို ပြည်တွင်းသို့ တရားမ၀င် ခိုးသွင်းရင်း ယခင်ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဘ၀က ရင်းနှီးခဲ့သည်။ ဗိုလ်ချုပ်ခင်မောင်မြင့်၏ အကူအညီဖြင့်ပင် ဆောက်လုပ်ရေး လောကထဲသို့ ရောက်လာခဲ့သည်။

ရှောင်စန်း လူမသိသူမသိ ရရှိခဲ့သော ဆောက်လုပ်ရေး လုပ်ငန်းများမှာ ပုသိမ်-သလပ်ခွာ ကားလမ်း (မော်တင်စွန်းကားလမ်း)၊ ပခုက္ကူတံတားတွင် ဘိုးပိုင်လုပ်ငန်း အားလုံး၊ ညောင်တုန်း တံတားတွင် ဘိုးပိုင်လုပ်ငန်း အားလုံး၊ ဘိုကလေး ကျွဲခြံရေကျော် တံတား ဆောက်လုပ်ရေး၊ တောင်ကြီးမြို့နယ်နှင့် မိုင်းပွန်မြို့နယ်တွင် လျှပ်စစ်ရုံးများ ဆောက်လုပ်ရေး၊ တောင်ကြီးမြို့ အစိုးရ ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရေး၊ ဟံသာဝတီကားဝင်းကို ရန်ကုန်စည်ပင်နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခွင့်၊ လင့်လမ်းဘဏ် ရိပ်သာကို ကျပ်၈ဘီလျံဖြင့် ၀ယ်ယူခွင့်၊ မကွေးကံပြားကားလမ်း ဖောက်လုပ်ရေး၊ ငမိုးရိပ်တံတား ဆောက်လုပ်ရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မြေတူးဖော်ရေး လုပ်ငန်းတို့ ဖြစ်သည်။

မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီကို တရားဝင် မဖွဲ့စည်းမီကပင် ထိုမြို့သစ်အတွက် အဆောက်အဦး ဒီဇိုင်းများမှာ ၂၀၁၃ခုနှစ် အောက်တိုဘာလတွင် ရေးဆွဲခဲ့ပြီး ဖြစ်သည်။ ရှောင်စန်းသည် Yangon Crown ကုမ္ပဏီအမည်ဖြင့် Standard ၀ါယာကြိုးများ ထုတ်နေသလို၊ မြောင်းတကာ စက်မှုဇုန်တွင်လည်း သံချောင်းလုံး စက်ရုံဟု အမည်တပ်ထားသော သံမဏိ စက်ရုံတစ်ရုံ ပိုင်ဆိုင်ထားသည်။

ရှောင်စန်းသည် သူ၏ ကုမ္ပဏီများတွင် သူ၏လူယုံ မြန်မာလူမျိုးများ အမည်ကိုသာ ထည့်သွင်းလေ့ရှိသည်။ ဗိုလ်ကြီး အုန်းကျော်မြင့်၏ နိုင်ငံတော် လုပ်ကြံမှုတွင် အစိုးရသက်သေ လုပ်သွားသူ ဗိုလ်ကြီးဝင်းသိန်း၏ သားမက် မျိုးသိန်းထွေး ခေါ် သားပု၊ အောင်ကမ္ဘာ အောင်စိန်တို့ နှင့်အတူ ရှောင်စန်းသည် ပြည်သူ့ရင်ပြင်ကိုလည်း Natutal World တို့ပြည်သား ကုမ္ပဏီ အမည်ဖြင့် နှစ်ရှည်ငှားရမ်းခွင့် ရထားသည်။ မည်သူမှ သတိမထား မိလိုက်သော်လည်း ရှောင်စန်းသည် ဦးသိန်းစိန် ၀န်ကြီးချုပ်ဘ၀ဖြင့် ပခုက္ကူတံတား တည်ဆောက်မှု စစ်ဆေးစဉ် ဦးသိန်းစိန်၏ ဘေးတွင် ကပ်လျက်ရပ်ပြီး ရှင်းပြနေပုံသည် နိုင်ငံပိုင် သတင်းစာများ မျက်နှာဖုံးတွင် ပါဝင်ခဲ့ဖူးသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အိုင်ဗင်ဟိုနှင့် ၀မ်ပေကွင် အလွဲအပြောင်းတွင် ပျောက်ဆုံးသွားသော ကြေးနီတန် ၃၀၀သည် ရှောင်စန်း၏ Yangon Crown ၀ါယာစက်ရုံ ဂိုဒေါင် အတွင်းမှ ပြန်မိသော်လည်း ရှောင်စန်းသည် တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိခဲ့ပေ။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏ သားမက် သြစတြေးလျ နိုင်ငံသား ခံယူထားသူ ဦးတာရာ မြင့်ဆွေသည် ရှောင်စန်း၏ Yangon Crown ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ယခင်ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်၏ သူငယ်ချင်းများ ဖြစ်သော ဗိုလ်သင်တန်း အပတ်စဉ်(၄၉)မှ ဗိုလ်မှူးကြီး ခင်မောင်မြင့်၊ ဗိုလ်မှူးကြီး ဌေးအောင်၊ ဗိုလ်မှူးကြီး လှတင့်နှင့် ယခင်ယာဉ်ထိန်း တပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်တို့သည် ရှောင်စန်းထံတွင် ရာထူးကြီးများ ရယူထားသည်။ ရန်ကုန် မြို့သစ်စီမံကိန်းမှာ အများပြည်သူ ယခုမှ သိရှိသော်လည်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီကပင် မည်သည့် ခွင့်ပြုချက်မှ မကျသေးမီ ဆောက်လုပ်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ပြီး အဆောက်အဦးများ စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။ ယခုမီဒီယာများနှင့် အများပြည်သူ ကန့်ကွက်မှ တင်ဒါခေါ်မည်ဟု ကြေညာခဲ့သော်လည်း အေးရွာတွင် လယ်မြေဧက ထောင်ချီဝယ်ယူပြီး ဖြစ်သော ရှောင်စန်းမှလွဲပြီး အခြားမည်သူမှ တင်ဒါအောင်မြင်လိမ့်မည်မဟုတ်။ ထိုအချိန်တွင် ရှောင်စန်း မျက်လှည့်ပြထားမည့် ကုမ္ပဏီတစ်ခုက မည်သို့မည်ပုံ ရယူသွားမည်ကို စောင့်ကြည့်ရပေဦးမည်ဖြစ်သည်။

Tomorrow news journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...