Sunday, September 7, 2014

ကိုယ်ပါရူးမယ်

တခါက...
ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ လူတစ်ယောက်ဟာ ဘတ်စ်ကားတက်စီးတယ်။
ကားပေါ်ရောက်တော့ သူ့ဘေးကထိုင်လာတဲ့လူကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။
ခဏနေတော့ မေးပါလေရော... ...
"ခင်ဗျားက ကုလား လား"
ဟိုလူကဒေါသထွက်သွားပြီး ဖြေတယ်...
"မဟုတ်ပါဘူးဗျ"


ခဏနေ ကွက်ကြည့်ကွက်ကြည့် လုပ်ပြန်ရော
ပြီးတော့ မေးပြန်ရော... ...
"ခင်ဗျား ကုလားဟုတ်တယ် မလား"
"အာ... မဟုတ်ပါဘူးဆိုဗျာ"
ဒီလိုနဲ့ နေပြန်ရော။
ကြည့်တာတော့ ကြည့်နေတုန်း
မကြာပါဘူး မေးပြန်တယ်... ...
"မှန်မှန်ပြောပါဗျ၊ ခင်ဗျား ကုလားလား"
ဟိုလူလည်း တော်တော်လေး သည်းမခံနိုင်ဖြစ်သွားပြီး ရွဲ့ ဖြေတယ်...
"အေးဟ... ငါက ကုလားဟေ့ ကုလား သိပလား"
ဆိုတော့...
ဆရာသမားက အံ့သြသွားတဲ့မျက်နှာနဲ့ ပြောတယ်...
"မဖြစ်နိုင်တာဗျာ၊ ခင်ဗျားရုပ်က ကုလားနဲ့လည်း မတူဘဲနဲ့"
"ငင်..."
သန်၎ကို - ရမ်းချသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...