လူသားနဲ့ချက်ပြုတ်ထားတဲ့ အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်
လူသားနဲ့ချက်ပြုတ်ထားတဲ့ အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်ကို ရဲတွေဝင်ရောက်ဖမ်းဆီးနိုင်ခဲ့
စားသုံးသူတွေကို လူသားနဲ့ တည့်ခင်းဧည့်မှုပြုနေခဲ့တဲ့ နိုင်ဂျီးရီးယားစားသောက်ဆိုင်တစ်ဆိုင်ကို ရဲတွေ ဝင်ရောက်ဖမ်းဆီးနိုင်းခဲ့ပြီးနောက်မှာတော့ အဲ့ဒီဆိုင်ဟာ အပိတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် အဲ့ဒီဆိုင်က စားသောက်ဆိုင်ပိုင်ရှင် အပါအဝင် အနည်းဆုံး လူ (၁၁) ယောက် ဖမ်းဆီးပစ်ခဲ့ ပါတယ်။
Anambra ပြည်နယ်မှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ ဈေးတန်းတစ်နေရာမှာရှိတဲ့
အဲ့ဒီစားသာက်ဆိုင်က တည့်ခင်းတဲ့အသားတွေဟာ နူးညံ့လွန်တာကြောင့်
ဖြစ်နိုင်ချေ အခြေအနေကိုစုံစမ်းဖို့ ဒေသခံတွေက ရဲအရာရှိတွေကို
အသိပေးခဲ့တာပါ။
ဒီဆိုင်ကို ၀င်ရောက်ဖမ်းဆီး စစ်ဆေးမှုအတောအတွင်း အာဏာပိုင်တွေက သွေးပေကျန်နေတဲ့ လူရဲ့ဦးခေါင်းနှစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်သားဦးထုပ်နှစ်လုံး၊ လက်နက်ခဲယမ်းမီးကျောက်တွေ၊ ဆဲလ်ဖုန်းတွေနဲ့ AK-47 နှစ်လက်တို့ကိုလည်း တွေ့ရှိခဲ့ပါတယ်လို့ Nigeria Tribune က သတင်းထုတ်ပြန်ထားပါတယ်။
ဟိုတယ်နဲ့တွဲရက် ဖွင့်ထားတဲ့ စားသောက်ဆိုင်ဟာ ဈေးနဲ့ အရမ်းနည်းကပ်တာကြောင့် ဈေးလာဝယ်တိုင်း ဟိုတယ်မှာ ရှုပ်ရှုပ်ရှပ်ရှပ် အဝင်၊ အထွက်၊ ကလန်ကဆန် အမူအကျင့်တွေနဲ့ ညစ်ပစ်ပေရေနေတဲ့ လူတွေ ဟိုတယ်ထဲ အမြဲဝင်၊ထွက်သွားလာနေကြတာကို အနီးအနားက လူတွေ သတိထားမိခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ရဲတွေ ဒီကြောင်းကို ရိပ်မိတဲ့အခါ အံ့သြမှု မဖြစ်ခဲ့ပါဘူးလို့ အဲဒီမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်တစ်ယောက်က Osun Defender ကို ပြောပြခဲ့တယ်။
စားသောက်ဆိုင်မှာ လာစားတဲ့သူတွေကတော့ သူတို့စားတဲ့အသားတွေဟာ လူသားဖြစ်ကြောင်း အမှန်တကယ် မသိခဲ့ကြပါဘူး။ အဲ့ဒီအသားကို စားသုံးခဲ့တဲ့ သူတွေထဲမှာ ခရစ်ယာန်တရားဟော ဆရာတစ်ဦးလည်း ပါဝင်ခဲ့တယ်။ "ဒီဟိုတယ်ကို ဒီနှစ်အစောပိုင်းမှာ သွားရောက်ခဲ့တာဖြစ်ပြီး အသားတစ်တုံးကိုနိုင်ဂျီးရီးယား ငွေ ၇၀၀ နဲ့ ရောင်းတယ်လို့ ပြောတော့ အတော်လေး အံ့အားသင့်သွားတယ်။ ဒါ့ကြောင့် အဲဒီလောက်ဈေးကြီးပေးပြီး စားခဲ့တဲ့အသားက လူသားဖြစ်မှန်း မသိခဲ့ဘူး"လို့ သူက ပြောဆိုခဲ့ပါတယ်။
မကြာသေးမှီ အချိန်ကမှစပြီး အဖြစ်များလှတဲ့ ဇာတ်တူသားစားတဲ့ အဖြစ်အပျက်ကိစ္စတွေကြောင့် ပြည်သူတွေကြား ဒေါသမီး ဟုန်းဟုန်းတောက်လောင်ခဲ့ပါတယ်။ သို့ပေမဲ့ ဒီအဖြစ်အပျက်ဟာ နိုင်ငံထဲ သတင်းထုတ်ခြင်းခံရတဲ့ ပထမဦး ဆုံးအဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။
Source: cogentfacts
Treand Myanmar

0 comments:
Post a Comment