ဟိုသင်း စီးလာ.....
ကွန်ဆူး မား
တစ်ခါက ရွာ တစ်ရွာမှာ ဘုရားကိုးဆူတင်တဲ့ ဆရာတစ်ယောက်ရှိသတဲ့။
ဒီဆရာက ဥပတိရုပ်၊ အသံ၊ ဟန်၊ သိပ်ကောင်းတဲ့အပြင် သူရွတ်ဖတ်ရမယ့်
ပါဠိစကားလုံးတွေ၊ ပင့်ခြင်း မြှောက်ခြင်းတွေကိုလည်း အသံနေ အသံထား၊ ဟန်၊
မာန်၊ ထန်တွေနဲ့ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရွတ်ဖတ်နိုင်တဲ့အပြင်
အလှူ့ ဒါယိကာ ဒါယိကာမတွေအတွက်လည်း စိတ်ကျေနပ်လောက်ဖွယ်ရာ
ဆုတောင်းမေတ္တာတွေကိုလည်း ကျွမ်းကျင်ပါသတဲ့...။
ဒီအရည်အချင်းတွေကြောင့် သတင်းကြီးပြီး ကျော်စောထင်ရှားတယ်လို့ ဆိုပါတယ်။
ဒီဆရာဆီမှာလည်း ဆရာ့လုပ်ငန်းအားလုံးကို ဆရာ့နီးပါး နားလည်တတ်ကျွမ်းတဲ့
လက်စွဲတော် ငယ်မွေးခြံပေါက် တစ်ပြည့်တစ်ယောက်လည်း ရှိပါတယ်တဲ့ကွယ်။
ဒီလိုနဲ့ တစ်နေ့တော့ ရွာကြီးတစ်ရွာမှာရှိတဲ့ ဆွေကြီးမျိုးကြီး သူဌေးကြီး
မိသားစုတစ်စုက ဆွေမျိုးစုံညီစွာနဲ့ ဘုရားကိုးဆူ ပူဇော်ဖို့
အစီအစဉ်တွေဆွဲပြီး ဆရာ့ကိုလည်း ဥာဏ်ပူဇော် များစွာပေးပြီး သတ်မှတ်ရက်မှာ
လာရောက်ပူဇော်ပေးဖို့ ဖိတ်ကြားထားပါသတဲ့။
သို့သော်လည်း အဲဒီ
သူဌေးကြီး မိသားစုမှာ အမြဲလိုလိုမူးပြီး ဘုကလန့်တိုက်တတ်တဲ့
အကြီးဆုံးသားတစ်ယောက်လည်း ရှိပြီးတော့ ပူဇော်ပွဲပျက်မှာ ကြောက်တဲ့အတွက်
ပွဲကျင်းပတဲ့ ရက်မှာ အိမ်ပေါ်မတက်ရ အိမ်အောက်မှာသာ နရမယ်ဆိုတဲ့ အမိန့်ကို
ဖခင်ဖြစ်သူက ထုတ်ပြန်ထားခဲ့ပါတယ်။
သားဖြစ်သူကလည်း ပေါက်ကရမပြောသမျှ အိမ်ပေါ်မတက်ပါလို့ ကတိခံ သဘောတူထားခဲ့ကြတယ်တဲ့လေ...။
ဒီလိုနဲ့ သတ်မှတ်ရက် မတိုင်မီမှာ ဆရာဖြစ်သူရဲ့ မိခင်ဟာ တစ်နယ်တစ်ကျေးမှာ ဆုံးပါးသွားခဲ့တယ်။
မိခင်အသုဘကိစ္စဖြစ်လေတော့ နေရပ်ကို ပြန်ရမှာဖြစ်တဲ့အတွက် နောက်နေ့မှာ
ရောက်ရှိလာမယ့် ပူဇော်ပွဲကြီးကို မသွားနိုင်တော့တာကြောင့် တပြည့်ဖြစ်သူကို
ကိုယ်စား သွားရောက်ဆောင်ရွက်ပေးဖို့ သေသေချာချာမှာကြားပြီး
ခရီးထွက်ရပါလေရောကွယ်။
ဒီလိုနဲ့ သတ်မှတ်ရက်မှာ တပြည့်ဖြစ်သူဟာ
ဆရာဝတ်နေကျ ရင်ဖုံးအင်္ကျီ၊ တောင်ရှည်၊ ခေါင်းပေါင်း စသဖြင့်ဝတ်ဆင်ကာ
ဆရာ့ကဲ့သို့ ဟန်ပါပါ ကြွချီပါသတဲ့။
အိမ်ရောက်တော့ ပြုဘွယ် ပြင်ဘွယ်
ကိစ္စများကိုလည်း ဆရာရှိစဉ်ကလိုပဲ ဆောင်ရွက်ပြီး ပီယ၀ါစာများ၊ ပဋိသန္ဓာရများ
ပြောကြားပြီး အခမ်းအနားကို စတင်ပါတယ်။
အခမ်းအနားမှာ တပြည့်ကျော်ဟာလည်း အခါအခွင့်သင့်ခိုက် လုံ့လပြုလို့ အသံဝါကြီးနဲ့ ကြိုးပမ်းပူဇော်ပါနေပါတယ်။
အခမ်းအနား စတင်တဲ့ အခါမှာတော့ ရှိရှိ ဆွေမျိုးတို့လည်း ရွှေရောင်တ၀င်းဝင်း
စိန်သံတချွင်ချွင်နဲ့ ကြီးကျယ်ခမ်းနားလှစွာ လက်အုပ်ကလေးများ ချီကာ မှတ်သား
ကုသိုလ်ပွါးနေကြပါသတဲ့။
အဲဒီအချိန်အထိ သူဌေးကြီးရဲ့ သား ငမူးဟာ
ဘာတစ်ခွန်းမှ မပြောပဲ အိမ်အောက်မှာ ငုတ်တုတ်ထိုင်ရင်း မျက်စိစုံမှိတ်ကာ
တစ်ပိုဒ်ဆုံးတိုင်း ခေါင်းတညိမ်ညိမ့် လုပ်နေပါတယ်။
ဒီလိုနဲ့ ရွတ်ဖတ်ပူဇော်ရင်း ဂြိုဟ်မင်းများကို ပင့်ဖိတ်ခြင်းအဖြစ် ရောက်ရှိလာပါတယ်။
ဒီအချိန်မှာ ရွတ်ဖတ်ပူဇော်နေတဲ့ တပြည့်ဖြစ်သူဟာ ချောင်းဟန့်ရင်း လက်အုပ်ချီကာ အသံနေအသံထားဖြင့်
`` တနင်္ဂနွေဂြိုဟ်မင်း....... ဂဠုန်မင်းစီးလာ´´ လို့ ရွတ်ဖတ်လိုက်ပါတယ်။
ပူဇော်ပွဲတက်ရောက်လာကြတဲ့ ပရိသတ်ကြီးဟာလည်း စိတ်ထဲမှာ
တနင်္ဂနွေဂြိုဟ်မင်းကြီးက ဂဠုန်မင်းကြီးကို စီးပြီးအခမ်းအနားထဲ
ဝင်ရောက်လာသလို စိတ်မှာ ခံစားလိုက်ကြရပါတယ်။
တစ်ခါဆက်ပြီး `` တနင်္လာဂြိုဟ်မင်း....... ကျားမင်းစီးလာ´´ လို့ ရွတ်ဖတ်လိုက်ပြန်သတဲ့...
ပူဇော်ပွဲတက်ရောက်လာကြတဲ့ ပရိသတ်ကြီးဟာလည်း ရှေါ်နည်းအတိုင်း စိတ်ထဲမှာ
တနင်္လာဂြိုဟ်မင်းကြီးက ကျားမင်းကြီးကို စီးပြီးအခမ်းအနားထဲ ၀င်ရောက်လာသလို
စိတ်မှာ ခံစားလိုက်ကြရပြန်ပါသတဲ့...။
ဒီလိုတစ်ခါရွတ်တိုင်း အိမ်အောက်က ငမူးကလည်း ခေါင်းတစ်ခါ ညိမ့်နေပါရောတဲ့။
ဒီလိုနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး စသည့်ဖြင့် တစ်ကောင်ပြီး
တစ်ကောင်ကြွလာပြီးနောက်မှာတော့... ကြာသပတေးဂြိုဟ်မင်းအလှည့်မှာ
တပြည့်ဖြစ်သူဟာ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ အခြေအနေကြောင့် စိတ်ဖိစီးနေသည်က
တစ်ကြောင်း၊ ဆရာ့ကိုယ်စား ပွဲထွက်ချင်လွန်းသည်က တစ်ကြောင်း၊ သတိအထားလွန်
စိုးရိမ်နေမိသည်က တစ်ကြောင်းတို့ကြောင့် ကြာသပတေး ဂြိုဟ်မင်းရဲ့
ကိုယ်စားပြု အကောင်ကို မေ့သွားခဲ့ရတယ်။
သို့သော်လည်း ဟန်ကိုယ့်ဖို့ ဆိုတဲ့ စကားအတိုင်း ချောင်းတချက်ဟန့်ကာ အသံဝါကြီးဖြင့်ပင်
`` ကြာသပတေးဂြိုဟ်မင်း...´´ လို့ အစချီပြီး ဘေးဘီဝဲယာကို အကဲခတ်လိုက်ပါသတဲ့...။
လူထု ပရိသတ်ကလည်း ကြာသပတေးဂြိုလ်မင်းက ဘာအကောင်ကြီးများ စီးလာလေမလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတာကို မြင်ရတော့...
နောက်တစ်ကြိမ် ချောင်းတစ်ချက်ဟန့်ရင်း ခပ်တည်တည်နဲ့ `` ကြာသပတေးဂြိုဟ်မင်း ဟိုသင်း စီးလာ´´ လို့ အသံကို လျှော့ချလိုက်ပါလေရော......။
ဒီအခါမှာတော့ အိမ်အောက်မှာ မူးမူးနဲ့ ရွတ်ဖတ်မှု တစ်ပိုဒ်ဆုံးတိုင်း
ခေါင်းတစ်ခါညိမ့်နေတဲ့ သူဌေးသားဟာ ၀ုန်းကနဲ အိမ်ပေါ်ခုန်တက်ပြီး
ဝါးလုံးပိုင်းကြီးကိုင်ကာ ...
`` ဟေ့လူ ခုချက်ချင်း တိတ်စမ်း.... ကျုပ်မပြောချင်လို့ ကြည့်နေတာ....
ဘုရားကိုလည်း ဟိုမှာ သီတင်းသုံးပါ... ဒီမှာ သီတင်းသုံးပါ၊
ရဟန္တာတွေကိုလည်း ဟိုကိုကြွပါ သည်ကို ကြွပါနဲ့.....
အခုတစ်ခါ ကြာသပတေးဂြိုဟ်မင်းကိုလည်း ခင်ဗျားမို့ ဟိုသင်း
စီးခိုင်းရက်တယ်... ငါလုပ်လိုက်ရသေတော့မယ် ´´ လို့ ၀င်ရိုက်မယ် တကဲကဲ
ဖြစ်သွားတဲ့ အတွက်ကြောင့် ဆရာလည်း အိမ်ပေါ်က ခုန်ဆင်း သုတ်ခြေတင်ရင်း
ထိုပွဲလေးလည်း ပျက်သွားခဲ့ရတယ် တဲ့ကွယ်....
အားလုံးပြုံးနိုင်ကြပါစေ....။
(ကွန်ဆူးမား)(၁၄-၉-၂၀၁၄)
တစ်ခါတစ်လေ အပျော်ရေးသည်...။
တစ်ခါက ရွာ တစ်ရွာမှာ ဘုရားကိုးဆူတင်တဲ့ ဆရာတစ်ယောက်ရှိသတဲ့။
ဒီဆရာက ဥပတိရုပ်၊ အသံ၊ ဟန်၊ သိပ်ကောင်းတဲ့အပြင် သူရွတ်ဖတ်ရမယ့် ပါဠိစကားလုံးတွေ၊ ပင့်ခြင်း မြှောက်ခြင်းတွေကိုလည်း အသံနေ အသံထား၊ ဟန်၊ မာန်၊ ထန်တွေနဲ့ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရွတ်ဖတ်နိုင်တဲ့အပြင် အလှူ့ ဒါယိကာ ဒါယိကာမတွေအတွက်လည်း စိတ်ကျေနပ်လောက်ဖွယ်ရာ ဆုတောင်းမေတ္တာတွေကိုလည်း ကျွမ်းကျင်ပါသတဲ့...။
ဒီအရည်အချင်းတွေကြောင့် သတင်းကြီးပြီး ကျော်စောထင်ရှားတယ်လို့ ဆိုပါတယ်။ ဒီဆရာဆီမှာလည်း ဆရာ့လုပ်ငန်းအားလုံးကို ဆရာ့နီးပါး နားလည်တတ်ကျွမ်းတဲ့ လက်စွဲတော် ငယ်မွေးခြံပေါက် တစ်ပြည့်တစ်ယောက်လည်း ရှိပါတယ်တဲ့ကွယ်။
ဒီလိုနဲ့ တစ်နေ့တော့ ရွာကြီးတစ်ရွာမှာရှိတဲ့ ဆွေကြီးမျိုးကြီး သူဌေးကြီး မိသားစုတစ်စုက ဆွေမျိုးစုံညီစွာနဲ့ ဘုရားကိုးဆူ ပူဇော်ဖို့ အစီအစဉ်တွေဆွဲပြီး ဆရာ့ကိုလည်း ဥာဏ်ပူဇော် များစွာပေးပြီး သတ်မှတ်ရက်မှာ လာရောက်ပူဇော်ပေးဖို့ ဖိတ်ကြားထားပါသတဲ့။
သို့သော်လည်း အဲဒီ သူဌေးကြီး မိသားစုမှာ အမြဲလိုလိုမူးပြီး ဘုကလန့်တိုက်တတ်တဲ့ အကြီးဆုံးသားတစ်ယောက်လည်း ရှိပြီးတော့ ပူဇော်ပွဲပျက်မှာ ကြောက်တဲ့အတွက် ပွဲကျင်းပတဲ့ ရက်မှာ အိမ်ပေါ်မတက်ရ အိမ်အောက်မှာသာ နရမယ်ဆိုတဲ့ အမိန့်ကို ဖခင်ဖြစ်သူက ထုတ်ပြန်ထားခဲ့ပါတယ်။
သားဖြစ်သူကလည်း ပေါက်ကရမပြောသမျှ အိမ်ပေါ်မတက်ပါလို့ ကတိခံ သဘောတူထားခဲ့ကြတယ်တဲ့လေ...။
ဒီလိုနဲ့ သတ်မှတ်ရက် မတိုင်မီမှာ ဆရာဖြစ်သူရဲ့ မိခင်ဟာ တစ်နယ်တစ်ကျေးမှာ ဆုံးပါးသွားခဲ့တယ်။
မိခင်အသုဘကိစ္စဖြစ်လေတော့ နေရပ်ကို ပြန်ရမှာဖြစ်တဲ့အတွက် နောက်နေ့မှာ ရောက်ရှိလာမယ့် ပူဇော်ပွဲကြီးကို မသွားနိုင်တော့တာကြောင့် တပြည့်ဖြစ်သူကို ကိုယ်စား သွားရောက်ဆောင်ရွက်ပေးဖို့ သေသေချာချာမှာကြားပြီး ခရီးထွက်ရပါလေရောကွယ်။
ဒီလိုနဲ့ သတ်မှတ်ရက်မှာ တပြည့်ဖြစ်သူဟာ ဆရာဝတ်နေကျ ရင်ဖုံးအင်္ကျီ၊ တောင်ရှည်၊ ခေါင်းပေါင်း စသဖြင့်ဝတ်ဆင်ကာ ဆရာ့ကဲ့သို့ ဟန်ပါပါ ကြွချီပါသတဲ့။
အိမ်ရောက်တော့ ပြုဘွယ် ပြင်ဘွယ် ကိစ္စများကိုလည်း ဆရာရှိစဉ်ကလိုပဲ ဆောင်ရွက်ပြီး ပီယ၀ါစာများ၊ ပဋိသန္ဓာရများ ပြောကြားပြီး အခမ်းအနားကို စတင်ပါတယ်။
အခမ်းအနားမှာ တပြည့်ကျော်ဟာလည်း အခါအခွင့်သင့်ခိုက် လုံ့လပြုလို့ အသံဝါကြီးနဲ့ ကြိုးပမ်းပူဇော်ပါနေပါတယ်။
အခမ်းအနား စတင်တဲ့ အခါမှာတော့ ရှိရှိ ဆွေမျိုးတို့လည်း ရွှေရောင်တ၀င်းဝင်း စိန်သံတချွင်ချွင်နဲ့ ကြီးကျယ်ခမ်းနားလှစွာ လက်အုပ်ကလေးများ ချီကာ မှတ်သား ကုသိုလ်ပွါးနေကြပါသတဲ့။
အဲဒီအချိန်အထိ သူဌေးကြီးရဲ့ သား ငမူးဟာ ဘာတစ်ခွန်းမှ မပြောပဲ အိမ်အောက်မှာ ငုတ်တုတ်ထိုင်ရင်း မျက်စိစုံမှိတ်ကာ တစ်ပိုဒ်ဆုံးတိုင်း ခေါင်းတညိမ်ညိမ့် လုပ်နေပါတယ်။
ဒီလိုနဲ့ ရွတ်ဖတ်ပူဇော်ရင်း ဂြိုဟ်မင်းများကို ပင့်ဖိတ်ခြင်းအဖြစ် ရောက်ရှိလာပါတယ်။
ဒီအချိန်မှာ ရွတ်ဖတ်ပူဇော်နေတဲ့ တပြည့်ဖြစ်သူဟာ ချောင်းဟန့်ရင်း လက်အုပ်ချီကာ အသံနေအသံထားဖြင့်
`` တနင်္ဂနွေဂြိုဟ်မင်း....... ဂဠုန်မင်းစီးလာ´´ လို့ ရွတ်ဖတ်လိုက်ပါတယ်။ ပူဇော်ပွဲတက်ရောက်လာကြတဲ့ ပရိသတ်ကြီးဟာလည်း စိတ်ထဲမှာ တနင်္ဂနွေဂြိုဟ်မင်းကြီးက ဂဠုန်မင်းကြီးကို စီးပြီးအခမ်းအနားထဲ ၀င်ရောက်လာသလို စိတ်မှာ ခံစားလိုက်ကြရပါတယ်။
တစ်ခါဆက်ပြီး `` တနင်္လာဂြိုဟ်မင်း....... ကျားမင်းစီးလာ´´ လို့ ရွတ်ဖတ်လိုက်ပြန်သတဲ့...
ပူဇော်ပွဲတက်ရောက်လာကြတဲ့ ပရိသတ်ကြီးဟာလည်း ရှေါ်နည်းအတိုင်း စိတ်ထဲမှာ တနင်္လာဂြိုဟ်မင်းကြီးက ကျားမင်းကြီးကို စီးပြီးအခမ်းအနားထဲ ၀င်ရောက်လာသလို စိတ်မှာ ခံစားလိုက်ကြရပြန်ပါသတဲ့...။
ဒီလိုတစ်ခါရွတ်တိုင်း အိမ်အောက်က ငမူးကလည်း ခေါင်းတစ်ခါ ညိမ့်နေပါရောတဲ့။
ဒီလိုနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး စသည့်ဖြင့် တစ်ကောင်ပြီး တစ်ကောင်ကြွလာပြီးနောက်မှာတော့... ကြာသပတေးဂြိုဟ်မင်းအလှည့်မှာ တပြည့်ဖြစ်သူဟာ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ အခြေအနေကြောင့် စိတ်ဖိစီးနေသည်က တစ်ကြောင်း၊ ဆရာ့ကိုယ်စား ပွဲထွက်ချင်လွန်းသည်က တစ်ကြောင်း၊ သတိအထားလွန် စိုးရိမ်နေမိသည်က တစ်ကြောင်းတို့ကြောင့် ကြာသပတေး ဂြိုဟ်မင်းရဲ့ ကိုယ်စားပြု အကောင်ကို မေ့သွားခဲ့ရတယ်။
သို့သော်လည်း ဟန်ကိုယ့်ဖို့ ဆိုတဲ့ စကားအတိုင်း ချောင်းတချက်ဟန့်ကာ အသံဝါကြီးဖြင့်ပင်
`` ကြာသပတေးဂြိုဟ်မင်း...´´ လို့ အစချီပြီး ဘေးဘီဝဲယာကို အကဲခတ်လိုက်ပါသတဲ့...။
လူထု ပရိသတ်ကလည်း ကြာသပတေးဂြိုလ်မင်းက ဘာအကောင်ကြီးများ စီးလာလေမလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတာကို မြင်ရတော့...
နောက်တစ်ကြိမ် ချောင်းတစ်ချက်ဟန့်ရင်း ခပ်တည်တည်နဲ့ `` ကြာသပတေးဂြိုဟ်မင်း ဟိုသင်း စီးလာ´´ လို့ အသံကို လျှော့ချလိုက်ပါလေရော......။
ဒီအခါမှာတော့ အိမ်အောက်မှာ မူးမူးနဲ့ ရွတ်ဖတ်မှု တစ်ပိုဒ်ဆုံးတိုင်း ခေါင်းတစ်ခါညိမ့်နေတဲ့ သူဌေးသားဟာ ၀ုန်းကနဲ အိမ်ပေါ်ခုန်တက်ပြီး ၀ါးလုံးပိုင်းကြီးကိုင်ကာ ...
`` ဟေ့လူ ခုချက်ချင်း တိတ်စမ်း.... ကျုပ်မပြောချင်လို့ ကြည့်နေတာ....
ဘုရားကိုလည်း ဟိုမှာ သီတင်းသုံးပါ... ဒီမှာ သီတင်းသုံးပါ၊
ရဟန္တာတွေကိုလည်း ဟိုကိုကြွပါ သည်ကို ကြွပါနဲ့.....
အခုတစ်ခါ ကြာသပတေးဂြိုဟ်မင်းကိုလည်း ခင်ဗျားမို့ ဟိုသင်း စီးခိုင်းရက်တယ်... ငါလုပ်လိုက်ရသေတော့မယ် ´´ လို့ ၀င်ရိုက်မယ် တကဲကဲ ဖြစ်သွားတဲ့ အတွက်ကြောင့် ဆရာလည်း အိမ်ပေါ်က ခုန်ဆင်း သုတ်ခြေတင်ရင်း ထိုပွဲလေးလည်း ပျက်သွားခဲ့ရတယ် တဲ့ကွယ်....
အားလုံးပြုံးနိုင်ကြပါစေ....။
(ကွန်ဆူးမား)(၁၄-၉-၂၀၁၄)
တစ်ခါတစ်လေ အပျော်ရေးသည်...။
0 comments:
Post a Comment