ပညာရေး အရေးအကြီးဆုံး - ( ၂ )
အလားတူပါပဲ။ ၁၉၈၈ ခုနှစ်ကနေ ဒီကနေ့အထိ တိုင်းပြည်မှာဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ပြန်သုံး သပ်တဲ့အခါတိုင်းမှာလည်း ပညာရေးကိစ္စကို ကျွန်တော် အမြဲ ဦးတည်စဉ်းစားလေ့ရှိပါတယ်။ စစ်အာဏာ ရှင်တွေရဲ့လက်အောက်မှာ တိုင်းပြည်ဟာအဘက်ဘက်က ချွတ်ခြုံကျခဲ့ပါတယ်။ အထူးသဖြင့် ပြည်သူ လူထုရဲ့ ဘ၀ပါ။
ပညာရေး၊ စီးပွားရေးနဲ့ တခြားလူမှုရေးကိစ္စ အထွေထွေပါ။ ပြည်သူတွေရဲ့ဘ၀ကို ပြောရရင် အင်အားချည့်နဲ့တဲ့ ပြည်သူတွေအဖြစ် ရောက်ခဲ့တာပါ။
ဒီလိုဖြစ် ရတာနဲ့ ပတ်သက်ပြီး အများစုကြီးကတော့ စစ်အစိုးရ၊ စစ်အာဏာ ရှင်တွေကိုပဲ အပြစ်ပုံချလေ့ ရှိကြပါတယ်။ ကျွန်တော်တစ်ဦး တစ်ယောက် အနေနဲ့ ကတော့ အဲဒါကိုအပြည့်အ ၀လက်မခံနိုင်ပါဘူး။ဟုတ်ပါတယ်။ တိုင်းပြည်မှာ ပြည်သူတွေဘ၀ အဘက်ဘက်ကအားနည်းကျဆင်းသွားရတာနဲ့ ပတ်သက် ရင်စစ် အာဏာရှင်တွေမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့သူတို့ချည်း ပဲလားဆိုတော့ မဟုတ်ပါဘူး။ အဲဒီအချိန် မြန်မာနိုင်ငံကို ဒီမိုကရေစီ ထွန်းကားအောင် တိုက်ပွဲဝင်မယ် ဆိုတဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နဲ့ အတိုက်အခံအင်အားစုကြီး ရှိနေပါ ပြီ။ သူတို့ကိုယ် သူတို့လည်း ပြည်သူတွေကို ဦးဆောင်နေရသူ တွေ လို့ မှတ်ယူကြပါတယ်။ အဲဒီ အင်န်အယ်လ်ဒီနဲ့ အတိုက်အခံ တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေရဲ့ဘ၀လွတ်မြောက်အောင် လုပ်ပေးဖို့၊ တိုက်ပွဲဝင်ပေးဖို့ပါ။ ဒီမိုကရေ စီရ အောင်တိုက်ပွဲဝင်ပေးဖို့ပါ။ ဒီမိုကရေစီ ဘာကြောင့်ရချင် တာလဲဆို ပြည်သူတွေ လွတ်လပ်အောင်နဲ့ ဘ၀ကို အဘက်ဘက်က မြှင့်တင်ပေးဖို့ပါ။
ဒါပေမဲ့ အဲဒီအချိန်ကတည်းက အင်န်အယ်လ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေမှာ ဒိမိုကရေစီ ရရှိရေး “နိုင်ငံရေးသက်သက်”တိုက်ပွဲဝင်တဲ့ပေါ်လစီ ပဲရှိခဲ့ပြီး ရှိရင်းစွဲအခြေအနေကနေ ပြည်သူတွေအ ဘက်ဘက်က တိုးတက်အောင်လုပ် ပေးဖို့ဆိုတဲ့ ပေါ်လစီရှိခဲ့ပုံမရပါဘူး။ ဒီမိုကရေစီ အခွင့်အရေးရရင် ပြည် သူတွေဘ၀ ဘက်ပေါင်းစုံက တိုးတက်အောင်လုပ်ပေး နိုင်လိမ့်မယ်လို့ တွေးခဲ့ကြပေမယ့် ဘယ်အ ချိန်မှာ ဒီမိုကရေစီရမယ် မမှန်းဆနိုင်တဲ့အခြေအနေအောက် မှာ ပြည်သူတွေကိုအဘက်ဘက်က အကာ အကွယ်ပေးဖို့မေ့လျှော့ခဲ့ကြပါတယ်။ အဲဒီအခြေအနေအောက်မှာ ပြည်သူတွေဟာ စစ်အာဏာရှင်တွေ လုပ်သမျှခါး စည်းခံကြရပါတော့တယ်။
ဒါနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီဘက်က ဆင်ခြေပေးနိုင်တာက တို့ကိုယ်တိုင်လည်းဖိနှိပ်ခံနေရတယ်။ ဒါကြောင့် ပြည်သူတွေကို မကာကွယ်နိုင်ခဲ့ဘူးဆိုတဲ့ စကားမျိုးဖြစ်ပါတယ်။ တကယ်တော့ ပြည်သူလူထုကို ကာကွယ်တယ်၊ ပြည်သူလူထုကို အဘက်ဘက်က မြင့်တက်အောင်လုပ်ပေးတယ်ဆို တာ အာဏာရှိမှ၊ လုပ်ပိုင်ခွင့်ရှိမှ၊ ကိုယ်တိုင်ကိုယ်ကျ သွားကူမှလုပ်ပေးလို့ရတာမျိုး မဟုတ်ပါဘူး။ ပထမတစ်ချက် ဒီလိုကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ၊ အတိုက် အခံတွေ အရင်ဦးဆုံးလေးနက်ဖို့ လိုပါတယ်။
ဒီမိုကရေစီတိုက်ပွဲ ရှည်ကြာနိုင်တယ်၊ ဒီအတော အတွင်း ပြည်သူတွေ အဘက်ဘက် ကနိမ့်ပါးလာရင် ဒီမို ကရေစီ တိုက်ပွဲကို အကျိုးမဖြစ် ထွန်းစေ ဘူး၊ဆိုး ကျိုးတောင် ဖြစ်စေနိုင်တယ်လို့ နားလည်လက်ခံဖို့ လိုပါ တယ်။ အဲလို နားလည်လက်ခံပြီ ဆိုရင် ပြည်သူတွေကို နိုင်ငံရေးကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်ကြဖို့ လှုံ့ဆော်သ လို၊ ပညာတတ် အောင် လုပ်ကြဖို့၊ တစ်ဦးချင်း၊ တစ်မိသားစု ချင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြဖို့ လှုံ့ဆော်ဖို့ လိုပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ မူဝါဒ တစ်ရပ် ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ပြော ရရင် ဒေါ်အောင်ဆန်းစုကြည်၊ အင်န် အယ်လ်ဒီနဲ့ အတိုက်အခံ ဘက်မှာ အဲဒီလိုစဉ်းစား မှုမျိုး မရှိခဲ့ပါဘူး။
တကယ်တော့ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော် ကာလ ဒေါ်အောင်ဆန်းစုကြည်၊ အင်န် အယ်လ်ဒီနဲ့ အတိုက်အခံ တွေဘက်က ပျက်ကွက်မှု၊ ချို့ယွင်းမှုတွေဟာ ဒီလောက် တောင် မကပါဘူး။ ပြည်သူတွေရဲ့နိစ်္စဓူဝ ဘ၀ကိုတောင် စိတ်ဝင်စားမှုမရှိတဲ့ အချိန် ကာလတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန် အင်န်အယ်လ်ဒီရဲ့ လုပ်ဆောင်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နေ ရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု အောက်မှာ နိုင်ငံရေးလုပ်မယ်၊ ဒေါ်အောင် ဆန်းစုကြည်ကို ဖမ်းဆီးအကျယ်ချုပ်ချထား ရင် ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုမယ်၊ ဒီလောက်ပဲ လုပ်ခဲ့တာပါ။ ဒါကြောင့်လည်း ပြည်သူလူထုဘ၀ ခုလိုအဘက်ဘက်က ကျဆင်းသွားရတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်စာရင်းချုပ် ကြည့်တဲ့အခါ စစ်အာဏာရှင်တွေ၊ သူတို့နဲ့ နီးစပ်သူတွေ အများကြီး ချမ်းသာလာကြပါတယ်။ ချမ်းသာရုံမက သူတို့သား သမီးတွေကိုလည်း မိဘနာမည်အမျိုးမျိုး ပြောင်းလဲပြီး အနောက်နိုင်ငံတွေက အကောင်းဆုံးတက္ကသိုလ်တွေမှာ ပညာသင်ကြားစေပါတယ်။ အခုဆိုရင် အရင် စစ်အာဏာရှင်ခေတ်က အာဏာရှိခဲ့သူ စစ်ဗိုလ်ချုပ်သားသမီးတွေထဲမှာ အနောက်နိုင်ငံကပညာ တတ်ဘွဲ့ ရတွေအတော်ရှိနေပါပြီ။
အလားတူပါပဲ။ ပြည်တွင်းမှာ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံခဲ့ပါတယ်ဆိုတဲ့ အ တိုက်အခံ အင်အားစုကတချို့ ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေရဲ့ သားသ မီးတွေဟာလည်း နိုင်ငံတ ကာအကူအညီပေးရေးအဖွဲ့တွေ ရဲ့ ကူညီထောက်ပံ့မှုနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ပညာသင်၊ ဘွဲ့ရ ပညာတတ်သူတွေ အေ တ်ာလေးရှိနေပါပြီ။ ဒီ အခွင့်အရေးကို အဲလိုလူတွေရဲ့ သားသမီးတွေကိုပဲ ပေး လေ့ရှိလို့ပါ။ ဒီအထဲ မြန်မာပြည်ရဲ့ဆိုးရွားနိမ့်ကျတဲ့ ပညာရေးစနစ်ကို အန်တုပြီး သားသမီး နိုင်ငံခြားပို့ ကျောင်းတက်စေနိုင်တာ အနည်းစုသော စီးပွားရေးသမားလူချမ်းသာတွေနဲ့ ကိုယ်တိုင်ပညာ တတ်သူေ တွပါ။
ကျန်တိုင်းရင်းသားနဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ သားသမီး တွေဘ၀ကတော့ အတော်လေးကို ကြေကွဲဖို့ ကောင်းလောက်အောင် ပညာမဲ့တွေ ဖြစ်ခဲ့ကြရ ပါတယ်။
စစ်အစိုးရက ဖျက်ဆီးခဲ့လို့ ပျက်စီးနေတဲ့ ပညာရေးစနစ်အောက်မှာ၊ အတိုက်အခံတွေက လမ်းမပြလို့ လမ်းပျောက်နေတဲ့ အခြေအနေအောက်မှာ ပြည်သူလူထု ကြီး တစ်ရပ်လုံးဟာ အ၀တ်အစား ၀တ်ထားကြ ပေမယ့်၊ ဘာသာစကား တစ်ခုခု ပြောဆိုနေ ကြပေမယ့် ပညာမတတ်ကြတဲ့အတွက် လူရယ်လို့တောင် မခေါ်နို င်တဲ့ဘ၀ကို ဖြတ်သန်းနေကြရတာ ဒီနေ့ထက်ထိပါပဲ။ အခု ဆိုရင် ပညာမဲ့နေတဲ့ ကျွန်တော်တို့ ရဲ့နောက် မျိုးဆက်တွေဟာ ပစ္စည်းဥစ္စာ ပြည့်စုံရုံမက ပညာပါ တတ်နေပြီဖြစ်တဲ့ စစ်အာဏာရှင်တွေရဲ့ နောက်မျိုးဆက်တွေထံမှာ၊ တချို့သော အတိုက်အခံခေါင်းဆောင်တွေရဲ့ နောက်မျိုးဆက်တွေထံမှာ အစေ ခံ၊ အခိုင်း ခံတွေ ဘ၀နဲ့ ဖြတ်သန်းကြရပါလိမ့်ဦးမယ်။ ဒါဟာ ခါးသည်းပေမယ့် ငြင်းလို့မရတဲ့၊ လက်ခံရမယ့် အမှန်တရားပဲဖြစ်နေပါတယ်။အခုဆို ကျွန်တော်တို့ စဉ်းစားရ မှာက ကျွန်တော်တို့ မြေးတွေလက်ထက်ကို မျှော်ကြည့်ဖို့ ဖြစ်ပါတယ်။
စည်သူအောင်မြင့် ( မဇ္ဈိမ )
0 comments:
Post a Comment