ဟာသစုဗူး (၁၅)
#ငါတို့မဟုတ်ပါဘူး
ဂျော့ရှ် တို့ လင်မယားတွင် ကလေးနှစ်ယောက်ရှိ၏။ နှစ်ကောင်လုံးမှာ
ပြဿနာအလွန်ရှာသည်။ တစ်ကောင် က ၈ နှစ် နောက်တစ်ကောင်က ၁၀ နှစ်ဖြစ်သည်။
ရပ်ကွက်ထဲတွင် အသံမကြားလိုက်နဲ့ ကြားလိုက်တာနဲ့
သူ့သားနှစ်ယောက်ပင်ဖြစ်သည်။ ခဏခဏအတိုင်ခံကြရသည်။
သူတို့ ရပ်ကွက်ရှိ church မှ ဘုန်ကြီးတစ်ပါးသည် ကလေးများကိုသွန်သင်ရာတွင် အလွန်တော်သည်ဟု နာမည်ကြီးသဖြင့် ထိုကလေးနှစ်ယောက်ကို ပို့ရန် ပြင်လေသည်။ ပထမ အငယ်ကောင်ကို အရင် ပို့သည်။
church ရောက်တော့ အငယ်ကောင်ကို ဘုန်းကြီးက လေသံပျော့ပျော့ ဖြင့် ချော့ပြောသည် " ဘုရားသခင် ဘယ်မှာလဲ သိလား"
အငယ်ကောင်မှာ ပါးစပ်အဟောင်းသားဖြင့် ဘာမှပြန်မပြောပဲ ကြည့်နေသည်။
တစ်ခါ မေးမရ နှစ်ခါ မေးမရ ကြာတော့ စိတ်တိုလာပြီး ဘုန်ကြီးက အော်တော့သည်။
မင်းငါမေးနေတာ မကြားဘူးလားကွ ။ မင်းနားပင်းနေလား။ ဘုရားသခင် ဘယ်မှာလဲလို့..............
အငယ်ကောင်မှာ ငို ပြီး အိမ်သို့ တန်းပြေးလာကာ ဗီရိုထဲ ဝင်ပုန်းနေလေသည်။
အကြီးကောင်က " မင်းကို ဘုန်ကြိးက ဘာလုပ်လိုက်လို့လဲ"
" အခြေအနေ မကောင်းဘူ။ အခုသူတို့ ဘုရားပျောက်နေတယ် ။ အဲဒါ ငါတို့ လုပ်တယ်ထင်နေတယ်"
#မီးခွက်စောင့်
သင်္ဘောတစ်စင်း ပျက်သဖြင့် လူသုံးယောက်သည် ကျွန်လေးတစ်ကျွန်ပေါ်တွင် အသက်ရှင်ကျန်ရစ်လေ၏။ ရက်အတန်ကြာသော
အခါ ရေထဲမှ သေတ္တာတစ်လုံးမျော လာသဖြင့်ဖွင့်ကြည့်ရာ မီးခွက်တစ်ခု ထွက်လာသည်။ သိုနှင့် မီးခွက်ကိုဖွင့်ကြည့်လိုက်ရာ
အထဲမှ မီးခွက်စောင့် ဘီလူးထွက်လာလေသည်။
ကဲ မင်းတို့ကို တစ်ယောက် ဆုတစ်ခုစီ တောင်းခွင့်ပေးမယ်။
ထိုအခါ ပထမ တစ်ယောက်က
ကျွန်တော့်ကို ရတနာတွေအပြည့်ဖြည့်ထားတဲ့သေတ္တာ နဲ့အတူ အိမ်ကိုပြန်ပို့ပေးပါ။
နောက်တစ်ယောက်က
ကျွန်တော်ကိုလည်း မော်ဒယ်ကောင်မလေး၂ယောက်နဲ့အတူ အိမ်ကိုပြန်ပို့ပေးပါ။
နောက်ဆုံးတစ်ယောက်က
ကျွန်တော်က တစ်ကောင်ကြွက်ဗျ။ပြန်စရာအိမ်လည်းမရှိဘူး။ ခင်ဗျားမပေါ်လာခင်ကမှ ကျွန်တော်တို့သုံးယောက် ပျော်နေသေးတယ်။
အခုကျွန်တော်တစ်ယောက်တည်းဖြစ်သွားပြီ။
ခုနကနှစ်ယောက်ကိုပြန်ခေါ်ပေးဖို့ကျွန်တော်ဆုတောင်းတယ်။
#နင်ရက်စက်တယ်ဟာ...
နင့်ကြောင့် ခု ငါလူတောမတိုးရဲလောက်အောင်ပဲ
အင်းလေ...ဒါကလည်းနင့်တစ်ယောက်တည်းအပြစ်တော့မဟုတ်ပါဘူး။

ငါတို့နှစ်ယောက်လုံး သဘောတူခဲ့ကြတဲ့ကိစ္စပဲ
နင်ငါ့ကိုအရင်မေးခဲ့ပါသေးတယ်။
ငါကလည်း ပြီးစလွယ်ပဲ "အင်း" လို့ဖြေခဲ့မိတာကိုး
ဒါပေမယ့် ခုလောက်အထိဖြစ်သွားလိမ့်မယ်လို့မှ မထင်ခဲ့မိတာကိုး...။
အားလုံးပြီးဆုံးသွားတဲ့အချိန်ရောက်မှ အလန့်တကြားနဲ့ ငါသိလိုက်ရတယ်
မျက်လုံးလေးမှိတ်ပြီး ဇိမ်ယူနေခဲ့မိတဲ့ ငါ့အပြစ်လည်းပါတာပေါ့ဟာ...
ဒါပေမယ့် နင်က အဲဒီအချိန်မှာ သုတ်သင်ရှုင်းလင်းရေးတောင်လုပ်နေပြီလေ...
ငါအပြစ်တင်ရင်လည်း နင်စိတ်ရှုတ်သွားတာပဲရှိမယ်...
အရာရာအားလုံးက လွန်ခဲ့ပြီပဲ....
နှုတ်ဆက်ခဲ့ပါတယ်ဟာ....
ဒီနေ့ဟာနင်နဲ့ငါရဲ့ နောက်ဆုံးနေ့လေးဖြစ်မယ်ထင်ပါရဲ့...
တစ်လတစ်ကြိမ်လောက် ပုံမှန်ဆုံဖြစ်တဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို
ဒီလိုမျိုးအဆုံးသတ်သွားလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးထားမိခဲ့ဖူး။
ဘာလို့ဆိုတော့ ငါတစ်ခါမှ ဒီလိုမျိုးအဖြစ်မျိုးနဲ့ မကြုံခဲ့ရဖူးဘူး။
ခုတော့ နင့်ကြောင့်... !_!
ဟူးးးးးးးးး ဘယ်တတ်နိုင်တော့မှာလဲ...
ဒီဆံပင် ပြန်ရှည်လာတဲ့အချိန်ထိပဲစောင့်ရတော့မှာပေါ့...
(ဆံပင်ညှပ်ဆိုင်မှ ကောင်မလေး...သို့ )
#ဒါကြောင့်မို့လို.
ချီကာဂိုမြို.မှ ဆာရာဂိုးစတိန်း ဆိုသူ အမျိုးသမီးကြီးသည် မိမိ မရောက်ဘူးတဲ့ ဖလော်ရီဒါပြည်နယ်သို. ခရီးထွက်ရန်ဆုံးဖြတ်လိုက်သည်။
ေ၇ာက်သောအခါ ဟိုတယ်တစ်ခုသို.၀င်တယ်။ဒီဟိုတယ်မှာ အချို.လူမျိုးကို လက်မခံသော ဟိုတယ်ဖြစ်တယ်။
ဟိုတယ်မန်နေဂျာကိုမစ် ဂိုးလ်စတိန်းက ပြောတယ်။ " နှစ်ပတ်ကြာနေဖို့ ကျွန်မ အခန်းတစ်ခန်းလိုချင်တယ်။ "
မန်နေဂျာ က ပြန်ပြောတယ်။ '' ၀မ်းနည်းပါတယ်... ကျွန်တော်တို့ဆီမှာ အခန်းလွတ်မရှိပါဘူး။
ထိုအချိန်တွင် ဧည့်သည်တယောက် အခန်းလာအပ်တာကိုတွေ.ရတော့ ၀မ်းသာအားရ ပြောတယ်။
" ကြည့်စမ်း.. အဆင်ပြေလိုက်တာ။ အခန်းတခန်း လွတ်သွားပြီလေ။ အဲဒီအခန်းကျွန်မကိုပေးလို.ရပြီပေါ.။ "
"ဒီလိုလွယ်လွယ် တွက်လို.မရဘူး။.. ကျွင်္နတော်တို.ဆီမှာ ဂျူးလူမျိုးတွေကို လက်မခံပါဘူး။ "
" ဘယ်သူလဲ ဂျူးလူမျိုး.. ကျွန်မလား..ကျွန်မ ကတ်သိုလစ် ဘာသာဝင်ရှင့် "
" ဒါကို ယုံကြည်ဖို. ခက်ပါတယ်။ မေးခွင်.ပြုပါ။ ဘုရားသခင်ရဲ့ သားတော်ဟာဘယ်သူပါလဲ။ "
" မယ်တော် မေရီ ကမွေးတဲ့ ယေရှု သခင်ပေါ့ရှင်. ..."
" သူ. ကိုဘယ်မှာမွေးတာလဲ။ "
" နွားတင်းကုတ်မှာ "
" ဘာဖြစ်လို. နွားတင်းကုတ်မှာမွေးရတာလဲ ...။"
" နင်တို.လို အကောင်မျိုးတွေကြောင့် မယ်တော် မေရီ အခန်းငှားမရလို.တဲ့ဟေ့..။"
#ဂျော့ ဆီကိုသူ၏ ရှေ့နေမှဖုန်းဆက်၏။ အခုတွေ့မှဖြစ်မယ်ဗျ အရေးကြီးတယ်
ထို့နောက် ဂျော့တစ်ယောက် သူ့ရှေ့နေအလုပ်ခန်းကိုရောက်သွားလေသည်။
ကဲခင်ဗျား ဆိုးတဲ့သတင်းအရင်နားထောင်မလား၊ အဆိုးဆုံးသတင်း ကိုအရင်နားထောင်မလား။
ဗျာအဲလောက်တောင်ပဲလားဗျာ။ ကဲဒါဆိုလည်း ဆိုးတဲ့သတင်းပဲအရင်နားထောင်တော့မယ်။
ဒီလိုဗျ ခင်ဗျားမိန်းမလေ သူ ဒေါ်လာ မီလီယျံဝက်လောက်တန်တဲ့ ပုံတစ်ပုံကိုတွေ့ထားတယ်ဗျ။
ဗျာ ဒါဆိုးတဲ့သတင်းလားဗျာ ဒါဆိုရင်တော့အဆိုးဆုံးသတင်ကို ကျွန်တော်နားထောင်ရဲသွားပြီဗျ
အင်း အဆိုးဆုံးက အဲဒီပုံက ခင်ဗျားနဲ့ ခင်ဗျားအတွင်းရေးမှုးမလေးရဲ့ပုံ ဖြစ်နေတယ်ဗျ။

0 comments:
Post a Comment