Thursday, May 1, 2014

You All Are Tourists

You All Are Tourists

A: ကျနော်ဟာ ခရီးသွား (Tourist) တစ်ယောက်ပါ။ ခင်ဗျား ရှိတဲ့ ဒီနေရာမှာ ဒီနေ့တစ်ရက်ပဲ နေနိုင်မှာပါ အိုရှိုး။ ဒါ့ကြောင့် ဒီတစ်ရက်အတွင်းမှာ ခင်ဗျားရဲ့ ဓမ္မကို ကျနော် သိလို့ ရနိုင်မလား။

Osho: ခရီးသွား (Tourist)  ဆိုတာ သာမာန်လူသား မျိုးနွယ်တွေနဲ့ မတူဘူးဗျ။ ထူးပဲ ထူးခြားတာလား ရူးပဲ ရူးကြတာလား၊ တိုးတက်တဲ့ မျိုးနွယ်တစ်စုလို့တော့ ကျုပ် ပြောရမှာ။ ဘာလို့ဆို သူတို့တွေဟာ ဘယ်မှန်း မသိတဲ့ တစ်နေရာကို အလျင်စလို ဦးတည်နေကြတယ်၊ ဘာဖြစ်လို့ သွားတာလဲ၊ ဘာဖြစ်လို့ အလျင်လို နေကြတာလဲ သူတို့ကိုယ်တိုင် သိချင်မှ သိမယ်။ ကနေ့ ကဗူးမှာ ရှိနေပေမယ့် ပူနာ အကြောင်း တွေးချင် တွေးမယ်။ ပူနာ မှာ ရှိနေပေမယ့် ဂိုရာ အကြောင်း စဉ်းစားချင် စဉ်းစားမယ်။ ဂိုရာကို ရောက်တော့လည်း ကသ်မန်ဒူ အကြောင်း စိတ်ကူးပြန်ဦးမယ်။ (ကဗူး၊ ပူနာ၊ ဂိုရာ၊ ကသ်မန်ဒူ တို့သည် အိန္ဒယ ပြည်တွင်းမှ ပြည်နယ်အမည်များ ဖြစ်ကြသည်။ ။စကားချပ်) 

တကယ်တော့ ခရီးသွား တိုးရစ်တစ်ယောက်ဟာ သူ ခြေစုံရပ်နေတဲ့ နေရာမှာ ဘယ်တော့မှ မရှိတဲ့ သူမျိုး။ အခြားတစ်နေရာ ဆီသာ ရောက်နေတဲ့သူမျိုး။ သူ ခြေစုံရပ်ရာ နေရာကလွဲရင် ကျန်တဲ့နေရာ အကုန်လုံးမှာ သူ ရှိတယ်။ သူ့ကိုယ်ပိုင်အိမ်မှာ ခင်ဗျား သူ့ကို ရှာတွေ့မှာမဟုတ်ဘူး။ အခြားနေရာတွေ ဆီသာ သူရောက်နေပြီး၊ အခြား အခြားဆီကိုသာ အိပ်မက် မက်နေမယ့် သူ။

ဒါ့ကြောင့် ခရီးသွား တိုးရစ်တွေမှာ အရာအားလုံး လစ်ဟာနေတာ တွေ့ရလိမ့်မယ်။ အလျင်စလို ဖြစ်လွန်းလို့ ဘယ်အရာမှ ကောင်းကောင်း မရှုမြင်နိုင်ဖြစ်ကြရတယ်။ အရာတစ်ခု၊ ကိစ္စ တစ်ခုကို ရှုမြင်ဖို့ ဆိုရင် ခင်ဗျားမှာ အရင်ဆုံး ဘာရှိရမလဲ။ အရင်ဆုံး စိတ်ဖြေလျော့ထားဦးမှ ဖြစ်ပါတယ်။ ခဏလောက်တော့ နားနေဦးမှ၊ ရှုမြင်သုံးသပ်ချိန် ရဦးမှ ဖြစ်လိမ့်မယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် တိုးရစ်တစ်ယောက်ကတော့ ရှုမြင်ဖို့ အချိန် မရှိဘူး။ သွားဖို့သာ အမြဲခေါင်းစိုက် ထားတာရယ်။ နယူးယောက်မှာ မနက်စာ စားမယ်။ လန်ဒန်မှာ နေ့လည်စာ သုံးဆောင်မယ်။ အိန္ဒိယ၊ ပူနာလို နေရာမှာ သူ အစာမကြေ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။

ဒါ့ကြောင့် ခရီးသွား (Tourist) မှာ ဘာပါလာတာ မြင်ရလဲ။ အဓိကကတော့ ကင်မရာကို မဖြစ်မနေ ဆောင်ထားရတာ တွေ့ရပါလိမ့်မယ်။ ဘာလို့ဆို သူရောက်နေတဲ့ တစ်ခဏ နေရာရဲ့ သူ ရှေ့မှောက်က အရာအားလုံးကို သူ ကောင်းကောင်း မရှုကြည့်နိုင်ဘူး၊ မမြင်နိုင်ဘူးရယ်။ အဲ့ဒီအတွက် သူဟာ ဓာတ်ပုံတွေ အဖြစ် သိမ်းဆည်းထားရတယ်။ အယ်လ်ဘမ်တွေ ဖွဲ့ထားရတယ်။ ဒီ့နောက်မှသာ ဒါဟာ ဟိမဝန္တာတောင်ထွတ်ပဲ၊ ဒါတော့ဖြင့် ဂိုရာကမ်းခြေပဲ လို့ သူ ကြည့်နိုင်တယ်။ သူ ရှိနေတဲ့ အချိန်က ကောင်းကောင်းမှ မကြည့်နိုင် မခံစားနိုင်ခဲ့ပဲကိုး။ အဲ့အတွက် ကင်မရာက သူ့ကိုယ်စား အလုပ်လုပ်ပေးသွားတယ်။ 

ဒါဆို ခင်ဗျားက ပြန်မေးမယ်။ ဒီလို ဓာတ်ပုံများ ဝယ်လိုက်လည်း ရပါတယ် လို့။ ဟုတ်တယ်။ သူ ဝယ်နိုင်ပါတယ်။ သူ သွားနိုင်တဲ့ နေရာတွေထက် ပိုရောက်နိုင်ကြမယ့် သူတွေဆီက ဓာတ်ပုံတွေ သူ ဝယ်နိုင်တယ်၊ ကြည့်နိုင်တယ်။ သူ့မှာ ဓာတ်ပုံအယ်လ်ဘမ် လှလှတွေ အများကြီး သိမ်းထားနိုင်တယ်။ ဒါဆို အိမ်မှာ အေးဆေး ထိုင်ပြီး ကြည့်ပါလား၊ အိမ်မှာ နေရင်း ခံစားကြည့်လို့ကော မရနိုင်ဘူးလား။ 

ဒါဆို ခရီးသွား (Tourist) တစ်ယောက်ရဲ့ အဓိက ပြဿနာက ဘာဖြစ်လာမလဲ။ အဲ့ဒီလို အေးအေး မထိုင်နိုင်တာ၊ ငြိမ်ဆိတ်အောင် မနေနိုင်တာပဲ ဖြစ်ပါတယ်။

လူတွေထဲက တစ်ရာမှာ ကိုးယောက်၊ အများစုမှာ အဲ့ဒီ ပြဿနာ အနည်းနဲ့ အများ ရှိကြတယ်။ သူတို့တွေဟာ တစ်ခုခုကို လုပ်နေမှ၊ တစ်နေရာရာကို သွားနေမှ၊ တစ်နည်း အလျဉ်လိုနေရမှ။ အကြောင်းက အချိန်ကုန်မခံနိုင်လို့။ ဟုတ်တယ် မဟုတ်လား။ အဲ့ဒီလို အချိန်ကုန် မခံနိုင်တာကြောင့်နဲ့ သူတို့ရဲ့ လက်ရှိခဏ ဘဝတွေကိုပဲ အကုန်ခံလိုက်ကြတော့တယ်။ သူတို့ စိတ်ကူးထဲက တန်ဖိုးထားထားတဲ့ အပရိက အရာတွေကြောင့် သူတို့ ကြုံရတဲ့ လက်ရှိ အရာရာတိုင်း အပေါ် တန်ဖိုးထားလိုစိတ် လျော့ပါးသွားကြတော့တယ်။ 

ခင်ဗျား ပန်းလေး တစ်ပွင့်ကို တန်ဖိုးထားချင်တယ် ဆိုပါစို့။ ဘာလုပ်ဖို့ လိုလဲ ခင်ဗျား စဉ်းစားမိရဲ့လား။ တကယ်တော့ အဲ့ဒီ ပန်းလေး ဘေးမှာ ခင်ဗျား အတူထိုင်ကြည့်နိုင်ဖို့ လိုပါတယ်။ အဲ့ဒီ ပန်းလေးအပေါ် အလေးအနက် အချိန်ပေးနိုင်ဖို့ လိုတယ်။ ဒီပန်းကလေး ကို စကားပြောခွင့် ခင်ဗျားပေးနိုင်ရလိမ့်မယ်။ နေခြည်ကြား၊ လေပြည်ကြား၊ မိုးသက်တွေ ကြားမှာ ဒီပန်းကလေး ကခုန် မြူးထူးနေတာ ခင်ဗျား ခံယူနိုင်ရလိမ့်မယ်။ မိုးသောက်၊ နေ့လည်၊ နေဝင် ဒီပန်းကလေး ပြုမူသမျှ ခင်ဗျား ကြည့်ရှုတတ်ရလိမ့်မယ်။ ဆိုလိုတာက ဒီပန်းကလေးနဲ့ ခင်ဗျား အကျွမ်းတဝင် ဖြစ်ရလိမ့်မယ်၊ အဆွေခင်ပွန်း ဖြစ်ရပါလိမ့်မယ်။ ဒီပန်းလေးကို ခင်ဗျား နှုတ်ဆက်တတ်ရမယ်။ နှုတ်က လာတဲ့ စကားလုံးမဟုတ်ဘဲ၊ ရင်ထဲက လာတဲ့ စကားတွေနဲ့ ဒီပန်းလေးနဲ့ ခင်ဗျားကြား အပြန်အလှန် စကားပြောနိုင်ရလိမ့်မယ်။ ဒီလိုမှသာ ဒီပန်းငယ်လေးရဲ့ အလှအပ လျို့ဝှက်ချက်ကို ခင်ဗျား သိနိုင် မြင်နိုင်တယ်။ 

ဒါပေမယ့် ခရီးသွား (Tourist) တစ်ယောက်က အဲ့လို မဟုတ်ဘူး။ အဲ့လောက် အချိန်မပေးနိုင်ဘူး။ သူတို့ ဘာကြောင့်များ အဲ့လောက် အလျဉ်လိုနေကြရတာလဲ။ တစ်နေရာမှာ တစ်ခဏလေး တိတ်တိတ်ဆိတ်ဆိတ် ထိုင်ကြည့်ဖို့၊ အထီးတည်း တစ်ခဏ ငြိမ်ဝပ်သွားကြည့်ဖို့၊ တစ်ခဏ အချိန်ပေးလိုက်ဖို့ သူတို့ ဘာလို့ အသင့်မရှိကြရတာလဲ။ 

ခင်ဗျား အခု ပြောတယ်။ "ကျွန်တော်ဟာ ခရီးသွား (Tourist) တစ်ယောက်ပါ။ ခင်ဗျား ရှိတဲ့ ဒီနေရာမှာ ဒီနေ့တစ်ရက်ပဲ နေနိုင်မှာပါ။" တဲ့။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဘာလို့ဆို ခရီးသွား (Tourist) တွေထဲမှာ တစ်ရက်ပြည့်အောင် နေတဲ့သူ မတွေ့ရလို့ပါပဲ။ 

ခင်ဗျားရဲ့ စကား "ဒီတစ်ရက်အတွင်းမှာ ခင်ဗျားရဲ့ ဓမ္မကို ကျနော် သိလို့ ရနိုင်မလား။" တဲ့။ ဟုတ်ကဲ့။  ဓမ္မကို ခင်ဗျား ဒီတစ်ရက်အတွင်းမှာ သိနိုင်ပါတယ်။ ဒါပေမယ့် ကျုပ် ပြန်မေးစရာ ရှိတယ်။ ဓမ္မကို ဒီလို တစ်ရက်အတွင်း သိဖို့ ခင်ဗျား ကိုယ် ခင်ဗျား ခွင့်ပြုနိုင်ရဲ့လား။ 

ဆိုလိုတာက - ဒီတစ်ရက်ပြီးရင် ခင်ဗျားဘယ်သွားမလဲ။ ဘာလို့ အလျင်လိုနေရသလဲ။ အဲ့တစ်နေရာကို ရောက်ရင်ကော၊ အခြား တစ်နေရာ အတွက် ခင်ဗျား အလျင်လိုနေဦးမယ် မဟုတ်လား။ အခြေခံ ဘာအကြောင်းများ ရှိလို့လဲ။ ဓမ္မကို သိလိုတာလား၊ သွားကို သွားနေရမှလား။ 

..................................
Dhammapada: Vol 12
..................................
May 1st 2014 at 5:00 PM


A: ကျနော်ဟာ ခရီးသွား (Tourist) တစ်ယောက်ပါ။ ခင်ဗျား ရှိတဲ့ ဒီနေရာမှာ ဒီနေ့တစ်ရက်ပဲ နေနိုင်မှာပါ အိုရှိုး။ ဒါ့ကြောင့် ဒီတစ်ရက်အတွင်းမှာ ခင်ဗျားရဲ့ ဓမ္မကို ကျနော် သိလို့ ရနိုင်မလား။
Osho: ခရီးသွား (Tourist) ဆိုတာ သာမာန်လူသား မျိုးနွယ်တွေနဲ့ မတူဘူးဗျ။ ထူးပဲ ထူးခြားတာလား ရူးပဲ ရူးကြတာလား၊
တိုးတက်တဲ့ မျိုးနွယ်တစ်စုလို့တော့ ကျုပ် ပြောရမှာ။ ဘာလို့ဆို သူတို့တွေဟာ ဘယ်မှန်း မသိတဲ့ တစ်နေရာကို အလျင်စလို ဦးတည်နေကြတယ်၊ ဘာဖြစ်လို့ သွားတာလဲ၊ ဘာဖြစ်လို့ အလျင်လို နေကြတာလဲ သူတို့ကိုယ်တိုင် သိချင်မှ သိမယ်။ ကနေ့ ကဗူးမှာ ရှိနေပေမယ့် ပူနာ အကြောင်း တွေးချင် တွေးမယ်။ ပူနာ မှာ ရှိနေပေမယ့် ဂိုရာ အကြောင်း စဉ်းစားချင် စဉ်းစားမယ်။ ဂိုရာကို ရောက်တော့လည်း ကသ်မန်ဒူ အကြောင်း စိတ်ကူးပြန်ဦးမယ်။ (ကဗူး၊ ပူနာ၊ ဂိုရာ၊ ကသ်မန်ဒူ တို့သည် အိန္ဒယ ပြည်တွင်းမှ ပြည်နယ်အမည်များ ဖြစ်ကြသည်။ ။စကားချပ်)
တကယ်တော့ ခရီးသွား တိုးရစ်တစ်ယောက်ဟာ သူ ခြေစုံရပ်နေတဲ့ နေရာမှာ ဘယ်တော့မှ မရှိတဲ့ သူမျိုး။ အခြားတစ်နေရာ ဆီသာ ရောက်နေတဲ့သူမျိုး။ သူ ခြေစုံရပ်ရာ နေရာကလွဲရင် ကျန်တဲ့နေရာ အကုန်လုံးမှာ သူ ရှိတယ်။ သူ့ကိုယ်ပိုင်အိမ်မှာ ခင်ဗျား သူ့ကို ရှာတွေ့မှာမဟုတ်ဘူး။ အခြားနေရာတွေ ဆီသာ သူရောက်နေပြီး၊ အခြား အခြားဆီကိုသာ အိပ်မက် မက်နေမယ့် သူ။
ဒါ့ကြောင့် ခရီးသွား တိုးရစ်တွေမှာ အရာအားလုံး လစ်ဟာနေတာ တွေ့ရလိမ့်မယ်။ အလျင်စလို ဖြစ်လွန်းလို့ ဘယ်အရာမှ ကောင်းကောင်း မရှုမြင်နိုင်ဖြစ်ကြရတယ်။ အရာတစ်ခု၊ ကိစ္စ တစ်ခုကို ရှုမြင်ဖို့ ဆိုရင် ခင်ဗျားမှာ အရင်ဆုံး ဘာရှိရမလဲ။ အရင်ဆုံး စိတ်ဖြေလျော့ထားဦးမှ ဖြစ်ပါတယ်။ ခဏလောက်တော့ နားနေဦးမှ၊ ရှုမြင်သုံးသပ်ချိန် ရဦးမှ ဖြစ်လိမ့်မယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် တိုးရစ်တစ်ယောက်ကတော့ ရှုမြင်ဖို့ အချိန် မရှိဘူး။ သွားဖို့သာ အမြဲခေါင်းစိုက် ထားတာရယ်။ နယူးယောက်မှာ မနက်စာ စားမယ်။ လန်ဒန်မှာ နေ့လည်စာ သုံးဆောင်မယ်။ အိန္ဒိယ၊ ပူနာလို နေရာမှာ သူ အစာမကြေ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။
ဒါ့ကြောင့် ခရီးသွား (Tourist) မှာ ဘာပါလာတာ မြင်ရလဲ။ အဓိကကတော့ ကင်မရာကို မဖြစ်မနေ ဆောင်ထားရတာ တွေ့ရပါလိမ့်မယ်။ ဘာလို့ဆို သူရောက်နေတဲ့ တစ်ခဏ နေရာရဲ့ သူ ရှေ့မှောက်က အရာအားလုံးကို သူ ကောင်းကောင်း မရှုကြည့်နိုင်ဘူး၊ မမြင်နိုင်ဘူးရယ်။ အဲ့ဒီအတွက် သူဟာ ဓာတ်ပုံတွေ အဖြစ် သိမ်းဆည်းထားရတယ်။ အယ်လ်ဘမ်တွေ ဖွဲ့ထားရတယ်။ ဒီ့နောက်မှသာ ဒါဟာ ဟိမဝန္တာတောင်ထွတ်ပဲ၊ ဒါတော့ဖြင့် ဂိုရာကမ်းခြေပဲ လို့ သူ ကြည့်နိုင်တယ်။ သူ ရှိနေတဲ့ အချိန်က ကောင်းကောင်းမှ မကြည့်နိုင် မခံစားနိုင်ခဲ့ပဲကိုး။ အဲ့အတွက် ကင်မရာက သူ့ကိုယ်စား အလုပ်လုပ်ပေးသွားတယ်။
ဒါဆို ခင်ဗျားက ပြန်မေးမယ်။ ဒီလို ဓာတ်ပုံများ ဝယ်လိုက်လည်း ရပါတယ် လို့။ ဟုတ်တယ်။ သူ ဝယ်နိုင်ပါတယ်။ သူ သွားနိုင်တဲ့ နေရာတွေထက် ပိုရောက်နိုင်ကြမယ့် သူတွေဆီက ဓာတ်ပုံတွေ သူ ဝယ်နိုင်တယ်၊ ကြည့်နိုင်တယ်။ သူ့မှာ ဓာတ်ပုံအယ်လ်ဘမ် လှလှတွေ အများကြီး သိမ်းထားနိုင်တယ်။ ဒါဆို အိမ်မှာ အေးဆေး ထိုင်ပြီး ကြည့်ပါလား၊ အိမ်မှာ နေရင်း ခံစားကြည့်လို့ကော မရနိုင်ဘူးလား။
ဒါဆို ခရီးသွား (Tourist) တစ်ယောက်ရဲ့ အဓိက ပြဿနာက ဘာဖြစ်လာမလဲ။ အဲ့ဒီလို အေးအေး မထိုင်နိုင်တာ၊ ငြိမ်ဆိတ်အောင် မနေနိုင်တာပဲ ဖြစ်ပါတယ်။
လူတွေထဲက တစ်ရာမှာ ကိုးယောက်၊ အများစုမှာ အဲ့ဒီ ပြဿနာ အနည်းနဲ့ အများ ရှိကြတယ်။ သူတို့တွေဟာ တစ်ခုခုကို လုပ်နေမှ၊ တစ်နေရာရာကို သွားနေမှ၊ တစ်နည်း အလျဉ်လိုနေရမှ။ အကြောင်းက အချိန်ကုန်မခံနိုင်လို့။ ဟုတ်တယ် မဟုတ်လား။ အဲ့ဒီလို အချိန်ကုန် မခံနိုင်တာကြောင့်နဲ့ သူတို့ရဲ့ လက်ရှိခဏ ဘဝတွေကိုပဲ အကုန်ခံလိုက်ကြတော့တယ်။ သူတို့ စိတ်ကူးထဲက တန်ဖိုးထားထားတဲ့ အပရိက အရာတွေကြောင့် သူတို့ ကြုံရတဲ့ လက်ရှိ အရာရာတိုင်း အပေါ် တန်ဖိုးထားလိုစိတ် လျော့ပါးသွားကြတော့တယ်။
ခင်ဗျား ပန်းလေး တစ်ပွင့်ကို တန်ဖိုးထားချင်တယ် ဆိုပါစို့။ ဘာလုပ်ဖို့ လိုလဲ ခင်ဗျား စဉ်းစားမိရဲ့လား။ တကယ်တော့ အဲ့ဒီ ပန်းလေး ဘေးမှာ ခင်ဗျား အတူထိုင်ကြည့်နိုင်ဖို့ လိုပါတယ်။ အဲ့ဒီ ပန်းလေးအပေါ် အလေးအနက် အချိန်ပေးနိုင်ဖို့ လိုတယ်။ ဒီပန်းကလေး ကို စကားပြောခွင့် ခင်ဗျားပေးနိုင်ရလိမ့်မယ်။ နေခြည်ကြား၊ လေပြည်ကြား၊ မိုးသက်တွေ ကြားမှာ ဒီပန်းကလေး ကခုန် မြူးထူးနေတာ ခင်ဗျား ခံယူနိုင်ရလိမ့်မယ်။ မိုးသောက်၊ နေ့လည်၊ နေဝင် ဒီပန်းကလေး ပြုမူသမျှ ခင်ဗျား ကြည့်ရှုတတ်ရလိမ့်မယ်။ ဆိုလိုတာက ဒီပန်းကလေးနဲ့ ခင်ဗျား အကျွမ်းတဝင် ဖြစ်ရလိမ့်မယ်၊ အဆွေခင်ပွန်း ဖြစ်ရပါလိမ့်မယ်။ ဒီပန်းလေးကို ခင်ဗျား နှုတ်ဆက်တတ်ရမယ်။ နှုတ်က လာတဲ့ စကားလုံးမဟုတ်ဘဲ၊ ရင်ထဲက လာတဲ့ စကားတွေနဲ့ ဒီပန်းလေးနဲ့ ခင်ဗျားကြား အပြန်အလှန် စကားပြောနိုင်ရလိမ့်မယ်။ ဒီလိုမှသာ ဒီပန်းငယ်လေးရဲ့ အလှအပ လျို့ဝှက်ချက်ကို ခင်ဗျား သိနိုင် မြင်နိုင်တယ်။
ဒါပေမယ့် ခရီးသွား (Tourist) တစ်ယောက်က အဲ့လို မဟုတ်ဘူး။ အဲ့လောက် အချိန်မပေးနိုင်ဘူး။ သူတို့ ဘာကြောင့်များ အဲ့လောက် အလျဉ်လိုနေကြရတာလဲ။ တစ်နေရာမှာ တစ်ခဏလေး တိတ်တိတ်ဆိတ်ဆိတ် ထိုင်ကြည့်ဖို့၊ အထီးတည်း တစ်ခဏ ငြိမ်ဝပ်သွားကြည့်ဖို့၊ တစ်ခဏ အချိန်ပေးလိုက်ဖို့ သူတို့ ဘာလို့ အသင့်မရှိကြရတာလဲ။
ခင်ဗျား အခု ပြောတယ်။ "ကျွန်တော်ဟာ ခရီးသွား (Tourist) တစ်ယောက်ပါ။ ခင်ဗျား ရှိတဲ့ ဒီနေရာမှာ ဒီနေ့တစ်ရက်ပဲ နေနိုင်မှာပါ။" တဲ့။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဘာလို့ဆို ခရီးသွား (Tourist) တွေထဲမှာ တစ်ရက်ပြည့်အောင် နေတဲ့သူ မတွေ့ရလို့ပါပဲ။
ခင်ဗျားရဲ့ စကား "ဒီတစ်ရက်အတွင်းမှာ ခင်ဗျားရဲ့ ဓမ္မကို ကျနော် သိလို့ ရနိုင်မလား။" တဲ့။ ဟုတ်ကဲ့။ ဓမ္မကို ခင်ဗျား ဒီတစ်ရက်အတွင်းမှာ သိနိုင်ပါတယ်။ ဒါပေမယ့် ကျုပ် ပြန်မေးစရာ ရှိတယ်။ ဓမ္မကို ဒီလို တစ်ရက်အတွင်း သိဖို့ ခင်ဗျား ကိုယ် ခင်ဗျား ခွင့်ပြုနိုင်ရဲ့လား။
ဆိုလိုတာက - ဒီတစ်ရက်ပြီးရင် ခင်ဗျားဘယ်သွားမလဲ။ ဘာလို့ အလျင်လိုနေရသလဲ။ အဲ့တစ်နေရာကို ရောက်ရင်ကော၊ အခြား တစ်နေရာ အတွက် ခင်ဗျား အလျင်လိုနေဦးမယ် မဟုတ်လား။ အခြေခံ ဘာအကြောင်းများ ရှိလို့လဲ။ ဓမ္မကို သိလိုတာလား၊ သွားကို သွားနေရမှလား။
..................................
Dhammapada: Vol 12
..................................
May 1st 2014 at 5:00 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...