Saturday, May 17, 2014

ကလေးများနှင့် ဂျယ်လီအန္တရာယ်


ဂျယ်လီကြိုက်တဲ့ သမီးလေးတွေအတွက်.....ကျွန်မ သမီးလေးနှစ်ယောက်နဲ့ စတိုးဆိုင် သွားတိုင်း သမီးတွေက ဂျယ်လီဝယ်ပေးဖို့ အမြဲတမ်းပူစာပါတယ်။
ကလေးတွေက ဂျယ်လီအရမ်းကြိုက်ပါတယ်၊ အရောင်လေးတွေကလည်းစုံ ၊ ချိုကလည်းချိုတော့ ကလေး
တွေကြိုက်တာ မဆန်းပါဘူး၊


ဒါပေမဲ့ အဲဒီအရောင်လှလှအရသာချိုချိုဂျယ်လီလေး ကြောင့် ၂နှစ်အရွယ် ကလေးလေးကတော့ ကံကောင်းလို့ မသေပေမဲ့ နောက်ဆက်တွဲတွေတော့ ခံရအုံးမယ်ထင်ပါတယ်။
မနေ့ ကဆုန်လပြည့်နေ့က အရေးပေါ် Laprotomy တယောက် ရှိလို့တဲ့ ဖုန်းနဲ့
အကြောင်းကြားပါတယ်၊ ကလေးက ၂ နှစ် BWက ၇Kg Intestional obstruction နဲ့
ဗိုက်တင်းတာက ၇ ရက် ဝမ်းချုပ်တာနဲ့အန် တာက ၇ ရက်၊ ဆေးရုံရောက်တော့မျက်တွင်း ဟောက်ပက် လျှာခြောက်ကပ်ဖြစ်နေပြီ။

Thit Htoo Lwin blog's photo.
ဖြည့်သင့်တာဖြည့်ပြီး ဗိုက်ဖွင့်ကြတော့ အူထဲမှာ မာမာအလုံးလေးက ဟိုပြေးဒီပြေး
မာမာ အလုံးလေးရှိတဲ့ဘက်က အူတွေက ဖောင်းကားပြီး ကျန်တဲ့အပိုင်းက အူတွေက
ပြားကပ်၊ အူကိုဖွင့်ပြီး မာမာအလုံးလေးကိုဆွဲ ထုတ်လိုက်တော့ ဂျယ်လီတွေထွက်လာပါတယ်၊
ခွဲစိပ်မှုပြီးမှ ကလေးအဖေကိုသေချာ မေးကြည့်တော့ မဖြစ်ခင် တရက်က ကလေးက ဂျယ်လီစားတယ်တဲ့၊ကလေး ဆိုတော့ ဂျယ်လီကို ဝါးမစားပဲမြိုချပြစ်တယ်
ထင်တာပဲ၊
အာဟာရတန်ဖိုး မရှိပဲ ကျောင်းဈေးတန်း တွေမှာ ကလေးတွေကို နည်းမျိုးစုံနဲ့
စွဲဆောင်နေတဲ့ အရောင်လှလှဂျယ်လီတွေ အိမ်နီးချင်းနိုင်ငံ ကနည်းမျိုးစုံနဲ့ ဝင်ရောက်
လာတဲ့အစပ်ချောင်းစတဲ့ မုန့်မျိုးစုံကြောင့်
တိုင်းပြည်ရဲ့ရင်သွေးငယ်တွေ ဘယ်လောက်များဆုံးရှုံးနေပြီလဲ................

Posted From San Thidar Hla

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...