မြန်မာ့ရိုးယာသကြန်ဖြစ်ပေါ်လာပုံ
မြန်မာ့ရိုးယာသကြန်ဖြစ်ပေါ်လာပုံသမိုင်းအထောက်အထားရှာမတွေ့လို့ ဘယ်ကဘယ်လို မြန်မာပြည်မှာ စတင်ကျင်းပလာခဲ့ကြတယ်မသိဘူးလို့ ပို့စ်တခုဖတ်လိုက်ရလို့ တတ်သိပညာ မနေသာဘဲ ကျနော်သိသလောက် မတောက်တခေါက်နဲ့ ဗြောက်ဖောက်ပရစီ ~
ပြောရရင် ဘုရင့်နောင်လက်ထက်တုန်းက အယုဒ္ဓယကိုအောင်နိုင်တုန်းက ယိုးဒယား ဘုရင်နဲ့ အတူ ပန်းဆယ်မျိုးပညာရှင်တွေကိုသုံ့ပန်အဖြစ်ခေါ်ဆောင်လာပီး မန်းလေးရွှေတချောင်းမှာ နေရာချထားပေးခဲ့တယ်။ အယုဒ္ဓယမြို့သားတွေမို့ အယုဒ္ဓယ အယုဒ္ဓယ တွေလို့ခေါ်ရင်းက ယိုးဒယားလို့ခေါ်တွင်သွားတာ။ ထိုင်းတွေက ယိုးဒယား ဆိုတာ သူတို့ကိုခေါ်မှန်းတောင် မသိကြဘူး။
ယိုးဒယားစစ်သုံ့ပန်းတွေဟာ မြန်မာဘုရင် အထောက်အပံ့နဲ့ တင်းတိမ်မနေဘဲ သူတို့တတ်တဲ့ လက်မှူ့ပညာတွေနဲ့ မန်းလေးရွှေတချောင်းမှာ လုပ်ကိုင်စားသောက်ကြတယ်။ မုန့်တီ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲတွေ လဲပါသပေါ့ကွယ်။ (နောက်ပိုင်း မုန့်တီ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲတွေဟာ မြန်မာပါးစပ်နဲ့ အစပ်ဟတ်တည့်သလိုပြုပြင်ရင်း ယိုးဒယားနဲ့ စတိုင်ကွဲသွားတယ်။ ထိုင်းကိုလဲ တရုတ်ကနေရောက်လာတာလို့သိရတယ်)။ အဲဒီနောက် တန်ခူးလမှာ ယိုးဒယားနန်းကျဘုရင်က သူတို့ရိုးရာ စုန်ကရန် သကြန်ပွဲတော် နဲ့ သဲပုံစေတီပွဲတော်တို့ကို ကျင်းပခွင့်ပြုဖို့ခွင့်တောင်းတယ်။ ဘုရင့်နောင်မင်းတရားကြီးကခွင့်ပြုလို့ အဲဒီကတည်းကနှစ်စဉ် သကြန်ပွဲတော် နဲ့ သဲပုံစေတီပွဲတော်တို့ကို ကျင်းပလာခဲ့တယ်။
မှတ်ချက်။ ကျနော်မန်းလေးမှာနေခဲ့စဉ် ၁၉၉၄ခုနှစ်လောက်က ဆယ်တန်းအောင်ပီး ကျောင်းတွေပိတ်ထားလို့ ထိုင်းကုပ္မဏီမှာ အလုပ်ဝင်လုပ်တယ်။ အဲဒီ ထိုင်းကုပ္မဏီကြီးက CEO က မန်းလေးမှာနှစ်ရှည်ပရောဂျက်လုပ်ရင်း အဲဒီ သူတို့ထိုင်းသုံ့ပန်းမျိုးဆက်တွေကို မန်းလေးသမိုင်းကထိက တဦးအကူအညီနဲ့ ရှာဖွေခဲ့တယ် (နိုင်ငံတော် အဆင့်မဟုတ် ပဂ္ပ္ဂိုလ်ရေး မျိုးချစ်စိတ်နဲ့လုပ်ဆောင်ခြင်း)။ ရှာလို့တွေ့ချိန်မှာ အသက်၇၀ကျော် ပတ်ဝန်းကျင် ယိုးဒယားလိုတလုံးမှမသိတဲ့ ဗမာအမျိုးသမီးကြီးအဖြစ်နဲ့ပေါ့။ အဲဒီ အဖြစ်အပျက်ဟာ ကြက်သီးဖြန်းဖြန်းထအောင်ကို အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ အိုး .. ယိုးဒယားတွေ ဆိုတာ ဝမ်းနည်းဝမ်းသာဖြစ်ပီး ငိုသူငို လက်တွေ ကတုန်ကရင်နဲ့ အဲဒီ သူတို့ဘိုးဘေးမျိုးဆက် ယိုးဒယားလိုတလုံးမှမသိတဲ့ ဗမာအမျိုးသမီးကြီးကို ချစ်မြတ်နိုးရိုသေစွာ ငွေကြေး လက်ဆောင်ပစ္စည်းများနဲ့ အတူ ယိုးဒယားလိုတလုံးမှမသိတဲ့ ဗမာအမျိုးသမီးကြီးရဲ့ ခြေအစုံ လက်အစုံကို ယိုးဒယားတွေအားလုံး တယောက်ချင်း ရေသွန်းလောင်း ကန်တော့ခဲ့ကြတယ်။ ကျနော်တို့တောင် ဘေးကကြည့်ရင်း စိတ်လှုပ်ရှားပီး မျက်ရည်ကျခဲ့မိပါသေးတယ်။
သမိုင်းကထိကနဲ့ အဲဒီ ယိုးဒယားတွေကြား ကျနော်လဲကူညီဘာသာပြန်ပေးခွင့်ရခဲ့လို့သာ ဒါတွေကို အသေးစိတ် သိခွင့်ရခဲ့တာပါ။ အဲဒီကိစ္စက အဲဒီ ထိုင်းကုပ္မဏီနဲ့ ကျနော်တို့ဘဲသိပီး ၁၉၉၄မှာကျန်ရစ်ခဲ့ပေမယ့် ၂၀၀၅မှာ ကျနော် ထိုင်းနိုင်ငံကိုအခြေချတော့ ဒီမှာ အယုဒယ ဥဒါန်းမကျေ မြန်မာမုန်းတီးရေးဝါဒဆိုးနဲ့ ထိပ်တိုက်ကြုံရတယ်။ ဒါတွေဟာ ဘုရင့်နောင်က အယုဒယဘုရင် ရဲ့ညီမကို မိဘုရားမြှောက်တယ် သမီးတော်တပါးထွန်းကားခဲ့တယ် ပီးတော့ သူ့တူမကို အယုဒယဘုရင်ရဲ့တူနဲ့ပေးစားတယ် မောင်လှယ်နှမလှယ်ယူပီး ချစ်ကြည်ရေးလုပ်တယ် မန်းလေးမှာလဲ ထိုင်းသုံ့ပန်းတွေနဲ့ မြန်မာတွေနဲ့ညားပီး နှစ်ပေါင်း၄၀၀ ကျော်အတွင်းပေါက်ဖွားလာတာတွေ နောက်ပီး မြန်မာရွှေ့ပြောင်းတွေနဲ့ ထိုင်းတွေနဲ့ ထိုင်းမှာညားပီး ပေါက်ဖွားလာတာတွေလဲ နဲမှမနည်းဘဲ ဆိုတော့ကား ထိုင်းနဲ့ မြန်မာဟာ အမျိုးရင်းကြီးတွေ ဆိုတာကို သူတို့ရင်ထဲ ထည့်ပေးနိုင်ရင် အဲဒီ မြန်မာမုန်းတီးရေးဝါဒဆိုးကို ခြေဖျက်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒါကြောင့် ကျနော်မန်းလေးမှာသိခဲ့ရတာတွေဟာ သူတို့ သမိုင်းမှာ update မလုပ်ရသေးတဲ့တွေ့ရှိချက်ဖြစ်တာမို့ သိပ်အကျိုးကျေးဇူးထူးမယ်ထင်လို့ ကျနော့မိတ်ဆွေ ထိုင်းသံမှူး (ယခင်ကျနော်တို့နဲ့ ဂေါ့ဖ်ကစားတုန်းက ပထမအတွင်းဝန် အခုမင်နစ်တာကောင်ဆလာ) ကို ကျနော်ကြုံတုန်း သတိရတာနဲ့ ပြောပြလိုက်တယ် ခညားတို့ သမိုင်းမှာ update မလုပ်ရသေးတဲ့တွေ့ရှိချက်ဖြစ်တာမို့ ခညား မြန်မာပြည်မှာတာဝန်ကျတုန်း အဲဒါကို ဆက်လိုက်ပီး ခညားတို့ သမိုင်းမှာ update လုပ်နိုင်ရင် ဒါ သမိုင်းတခုဖြစ်လာမယ်လို့ ကျနော်သူ့ကိုပြောတယ်။ မန်းလေး တက္ကသိုလ် သမိုင်းဌာနက ကထိကဆရာတွေကို ဆက်သွယ်ဖို့ပါပြောခဲ့တယ်။ ထိုင်းကုပ္မဏီအဆက်အသွယ်ပါပေးခဲ့လိုက်တယ်။ သူလဲတော်တော်စိတ်ဝင်စားတယ် excellent လို့ပြောပီး မကြာဘူး ထိုင်းဘုရင် အုတ်ဂူရှာဖို့ထိတိုးတက်ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါဟာ Eng: စစ်သင်းချိုင်းလိုနှစ်စဉ်ယိုးဒယားတွေလာရောက်လည်ပတ် ဂါရဝပြုဖို့ မန်းလေးမှာခရီးသွားလုပ်ငန်းဆွဲဆောင်မှူ့တခုဖြစ်ဖို့ထိမျှော်မှန်းထားတယ်။ (အဲဒါကိုစည်ပင်က ချီးဘရိန်းတွေက ဖျက်မယ်တကဲကဲလုပ်လို့ လှမ်းအော်ရသေးတယ်)။ ဗဟုသုတပေါ့ .. သိထားသင့်တယ်ထင်လို့ မျှဝေလိုက်ပါတယ်။
Infoe Nat
— with ငရဲ သား and 49 others.ပြောရရင် ဘုရင့်နောင်လက်ထက်တုန်းက အယုဒ္ဓယကိုအောင်နိုင်တုန်းက ယိုးဒယား ဘုရင်နဲ့ အတူ ပန်းဆယ်မျိုးပညာရှင်တွေကိုသုံ့ပန်အဖြစ်ခေါ်ဆောင်လာပီး မန်းလေးရွှေတချောင်းမှာ နေရာချထားပေးခဲ့တယ်။ အယုဒ္ဓယမြို့သားတွေမို့ အယုဒ္ဓယ အယုဒ္ဓယ တွေလို့ခေါ်ရင်းက ယိုးဒယားလို့ခေါ်တွင်သွားတာ။ ထိုင်းတွေက ယိုးဒယား ဆိုတာ သူတို့ကိုခေါ်မှန်းတောင် မသိကြဘူး။
ယိုးဒယားစစ်သုံ့ပန်းတွေဟာ မြန်မာဘုရင် အထောက်အပံ့နဲ့ တင်းတိမ်မနေဘဲ သူတို့တတ်တဲ့ လက်မှူ့ပညာတွေနဲ့ မန်းလေးရွှေတချောင်းမှာ လုပ်ကိုင်စားသောက်ကြတယ်။ မုန့်တီ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲတွေ လဲပါသပေါ့ကွယ်။ (နောက်ပိုင်း မုန့်တီ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲတွေဟာ မြန်မာပါးစပ်နဲ့ အစပ်ဟတ်တည့်သလိုပြုပြင်ရင်း ယိုးဒယားနဲ့ စတိုင်ကွဲသွားတယ်။ ထိုင်းကိုလဲ တရုတ်ကနေရောက်လာတာလို့သိရတယ်)။ အဲဒီနောက် တန်ခူးလမှာ ယိုးဒယားနန်းကျဘုရင်က သူတို့ရိုးရာ စုန်ကရန် သကြန်ပွဲတော် နဲ့ သဲပုံစေတီပွဲတော်တို့ကို ကျင်းပခွင့်ပြုဖို့ခွင့်တောင်းတယ်။ ဘုရင့်နောင်မင်းတရားကြီးကခွင့်ပြုလို့ အဲဒီကတည်းကနှစ်စဉ် သကြန်ပွဲတော် နဲ့ သဲပုံစေတီပွဲတော်တို့ကို ကျင်းပလာခဲ့တယ်။
မှတ်ချက်။ ကျနော်မန်းလေးမှာနေခဲ့စဉ် ၁၉၉၄ခုနှစ်လောက်က ဆယ်တန်းအောင်ပီး ကျောင်းတွေပိတ်ထားလို့ ထိုင်းကုပ္မဏီမှာ အလုပ်ဝင်လုပ်တယ်။ အဲဒီ ထိုင်းကုပ္မဏီကြီးက CEO က မန်းလေးမှာနှစ်ရှည်ပရောဂျက်လုပ်ရင်း အဲဒီ သူတို့ထိုင်းသုံ့ပန်းမျိုးဆက်တွေကို မန်းလေးသမိုင်းကထိက တဦးအကူအညီနဲ့ ရှာဖွေခဲ့တယ် (နိုင်ငံတော် အဆင့်မဟုတ် ပဂ္ပ္ဂိုလ်ရေး မျိုးချစ်စိတ်နဲ့လုပ်ဆောင်ခြင်း)။ ရှာလို့တွေ့ချိန်မှာ အသက်၇၀ကျော် ပတ်ဝန်းကျင် ယိုးဒယားလိုတလုံးမှမသိတဲ့ ဗမာအမျိုးသမီးကြီးအဖြစ်နဲ့ပေါ့။ အဲဒီ အဖြစ်အပျက်ဟာ ကြက်သီးဖြန်းဖြန်းထအောင်ကို အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ အိုး .. ယိုးဒယားတွေ ဆိုတာ ဝမ်းနည်းဝမ်းသာဖြစ်ပီး ငိုသူငို လက်တွေ ကတုန်ကရင်နဲ့ အဲဒီ သူတို့ဘိုးဘေးမျိုးဆက် ယိုးဒယားလိုတလုံးမှမသိတဲ့ ဗမာအမျိုးသမီးကြီးကို ချစ်မြတ်နိုးရိုသေစွာ ငွေကြေး လက်ဆောင်ပစ္စည်းများနဲ့ အတူ ယိုးဒယားလိုတလုံးမှမသိတဲ့ ဗမာအမျိုးသမီးကြီးရဲ့ ခြေအစုံ လက်အစုံကို ယိုးဒယားတွေအားလုံး တယောက်ချင်း ရေသွန်းလောင်း ကန်တော့ခဲ့ကြတယ်။ ကျနော်တို့တောင် ဘေးကကြည့်ရင်း စိတ်လှုပ်ရှားပီး မျက်ရည်ကျခဲ့မိပါသေးတယ်။
သမိုင်းကထိကနဲ့ အဲဒီ ယိုးဒယားတွေကြား ကျနော်လဲကူညီဘာသာပြန်ပေးခွင့်ရခဲ့လို့သာ ဒါတွေကို အသေးစိတ် သိခွင့်ရခဲ့တာပါ။ အဲဒီကိစ္စက အဲဒီ ထိုင်းကုပ္မဏီနဲ့ ကျနော်တို့ဘဲသိပီး ၁၉၉၄မှာကျန်ရစ်ခဲ့ပေမယ့် ၂၀၀၅မှာ ကျနော် ထိုင်းနိုင်ငံကိုအခြေချတော့ ဒီမှာ အယုဒယ ဥဒါန်းမကျေ မြန်မာမုန်းတီးရေးဝါဒဆိုးနဲ့ ထိပ်တိုက်ကြုံရတယ်။ ဒါတွေဟာ ဘုရင့်နောင်က အယုဒယဘုရင် ရဲ့ညီမကို မိဘုရားမြှောက်တယ် သမီးတော်တပါးထွန်းကားခဲ့တယ် ပီးတော့ သူ့တူမကို အယုဒယဘုရင်ရဲ့တူနဲ့ပေးစားတယ် မောင်လှယ်နှမလှယ်ယူပီး ချစ်ကြည်ရေးလုပ်တယ် မန်းလေးမှာလဲ ထိုင်းသုံ့ပန်းတွေနဲ့ မြန်မာတွေနဲ့ညားပီး နှစ်ပေါင်း၄၀၀ ကျော်အတွင်းပေါက်ဖွားလာတာတွေ နောက်ပီး မြန်မာရွှေ့ပြောင်းတွေနဲ့ ထိုင်းတွေနဲ့ ထိုင်းမှာညားပီး ပေါက်ဖွားလာတာတွေလဲ နဲမှမနည်းဘဲ ဆိုတော့ကား ထိုင်းနဲ့ မြန်မာဟာ အမျိုးရင်းကြီးတွေ ဆိုတာကို သူတို့ရင်ထဲ ထည့်ပေးနိုင်ရင် အဲဒီ မြန်မာမုန်းတီးရေးဝါဒဆိုးကို ခြေဖျက်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒါကြောင့် ကျနော်မန်းလေးမှာသိခဲ့ရတာတွေဟာ သူတို့ သမိုင်းမှာ update မလုပ်ရသေးတဲ့တွေ့ရှိချက်ဖြစ်တာမို့ သိပ်အကျိုးကျေးဇူးထူးမယ်ထင်လို့ ကျနော့မိတ်ဆွေ ထိုင်းသံမှူး (ယခင်ကျနော်တို့နဲ့ ဂေါ့ဖ်ကစားတုန်းက ပထမအတွင်းဝန် အခုမင်နစ်တာကောင်ဆလာ) ကို ကျနော်ကြုံတုန်း သတိရတာနဲ့ ပြောပြလိုက်တယ် ခညားတို့ သမိုင်းမှာ update မလုပ်ရသေးတဲ့တွေ့ရှိချက်ဖြစ်တာမို့ ခညား မြန်မာပြည်မှာတာဝန်ကျတုန်း အဲဒါကို ဆက်လိုက်ပီး ခညားတို့ သမိုင်းမှာ update လုပ်နိုင်ရင် ဒါ သမိုင်းတခုဖြစ်လာမယ်လို့ ကျနော်သူ့ကိုပြောတယ်။ မန်းလေး တက္ကသိုလ် သမိုင်းဌာနက ကထိကဆရာတွေကို ဆက်သွယ်ဖို့ပါပြောခဲ့တယ်။ ထိုင်းကုပ္မဏီအဆက်အသွယ်ပါပေးခဲ့လိုက်တယ်။ သူလဲတော်တော်စိတ်ဝင်စားတယ် excellent လို့ပြောပီး မကြာဘူး ထိုင်းဘုရင် အုတ်ဂူရှာဖို့ထိတိုးတက်ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါဟာ Eng: စစ်သင်းချိုင်းလိုနှစ်စဉ်ယိုးဒယားတွေလာရောက်လည်ပတ် ဂါရဝပြုဖို့ မန်းလေးမှာခရီးသွားလုပ်ငန်းဆွဲဆောင်မှူ့တခုဖြစ်ဖို့ထိမျှော်မှန်းထားတယ်။ (အဲဒါကိုစည်ပင်က ချီးဘရိန်းတွေက ဖျက်မယ်တကဲကဲလုပ်လို့ လှမ်းအော်ရသေးတယ်)။ ဗဟုသုတပေါ့ .. သိထားသင့်တယ်ထင်လို့ မျှဝေလိုက်ပါတယ်။
Infoe Nat
0 comments:
Post a Comment