Wednesday, May 7, 2014

သစ်ထူးလွင်သတင်းစုစည်းမှု (၇-၅)

သစ်ထူးလွင်


Posted: 07 May 2014 07:36 AM PDT
သွန်းမဒီ၊ ရန်ကုန်၊ မေ-၆ ရန်ကုန်၊ ပုဂံ၊ ကျိုက်ထီးရိုး၊ ငွေဆောင်၊ မြ၀တီနှင့် မော်လမြိုင်ဒေသ များသို့ ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲနိုင်ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရဟတ်ယာဉ် ပျံသန်းနိုင်ရေး ၀န်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရဟတ်ယာဉ် ၀န်ဆောင်မှု လုပ်ငန်း အဖြစ်Global Integrated ServiceLtdမှ စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ 'ကျွန်တော်တို့ ကုမ္ပဏီက မြန်မာနိုင်ငံရဲ့
Posted: 07 May 2014 07:26 AM PDT
မြန်မာ့ စီးပွားရေး လုပ်ငန်းတွေမှာ ခြစားမှု ပမာဏ စိုးရိမ်စရာ ကောင်းကြောင်း ကုလသမဂ္ဂက အင်္ဂ࿿ါနေ့က ထုတ်ပြန်လိုက်တဲ့ စစ်တမ်း တစ်ခုမှာ ရေးသား ထားပါတယ်။ ကုလသမဂ္ဂ၊ OECD အဖွဲ့နဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးတွဲ လေ့လာခဲ့တဲ့ စစ်တမ်း အရ မြန်မာ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ၆ဝ ရာခိုင်နှုန်း အထိဟာ ပါမစ် လိုင်စင်တွေ ရဖို့ လာဘ်ထိုး ရကြောင်း ရေးသား ထားပါတယ်။ လုပ်ငန်း ထက်ဝက်လောက်က
Posted: 07 May 2014 07:23 AM PDT
 တရုတ်ပြည်ကို လူကုန်ကူးခံရပြီး၊ မေလ ၂ ရက်မနက်က သူတို့ အလုပ် လုပ်ရတဲ့ ကျန်းရှီး ပြည်နယ် ကျီယန်းမြို့ IAG Sound Box စက်ရုံ ကနေပြန်လာတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့  အနောက် တောင်ဘက် ငရုပ်ကောင်းမြို့ နယ်ခွဲ ဘုရားချောင်းရွာက ရွာသား ၁၅ ယောက် ဟာ မြန်မာနိုင်ငံ မူဆယ်မြို့ ဘက်ကို မနေ့ က မေလ ၆ ရက်ည မှာ ပြန်ရောက်လာပြီလို့ စုံစမ်း သိရှိရပါတယ်။ အဲဒီလူ ၁၅ ယောက်ထဲက ကိုတင်အောင်မြင့်က သူတို့ ကို ရွှေလီမှာနေတဲ့
Posted: 07 May 2014 07:14 AM PDT
 မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံခြား တိုင်းပြည်များသို့ ပြည်ဝင်ခွင့် လျှောက်ထားရာ တွင် တင်းကျပ်သော အခြေအနေ နှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံ တကာ ပြည်ဝင်ခွင့် စစ်တမ်းတစ် စောင်၌ ဖော်ပြသည်။ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော Henley & Part-ners က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ နိုင်ငံအသီးသီး၏ ပြည်ဝင်ခွင့် တင်းကျပ်မှု ညွှန်းကိန်းတွင် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက် မှတ်မှာ ပြည်ပနိုင်ငံများသို့
Posted: 07 May 2014 07:08 AM PDT
မေ ၇ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့ လက်ရှိ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)နှင့် အစိုးရတို့ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ပြည်သူလူထုများ အနေဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ရန် ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က တိုက်တွန်းပြောဆိုလိုက်သည်။ လူထုတွေ့ဆုံ ဆွေးနွေးပွဲအတွက် ဧရာဝတီတိုင်း ဒေသကြီးသို့ ရောက်ရှိနေသည့် ကေအဲန်ယူ ဒုဥက္ကဌ ပဒိုနော်စီဖိုး ရာစိန်က မေ ၅ ရက်နေ့၊ နံနက်၁၀ နာရီတွင်ြေ
Posted: 07 May 2014 07:02 AM PDT
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင် တော်တော် များများကို ရာထူးက ဆင်းပေးဖို့ အခြေခံ ဥပဒေ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး Niwatthamrong Boonsongphaisan ကို ယာယီ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ တရားရုံးကတော့ ၂၀၁၁ ခုနှစ်မှာတုန်းက အမျိုးသား လုံခြုံရေးဌာန အကြီးအကဲကို ရာထူးပြောင်းရွှေ့ရာမှာ ၀န်ကြီးချုပ်ဟာ နည်းမှန်လမ်းမှန်
Posted: 07 May 2014 06:02 AM PDT
 ရှစ်ပေပတ်လည် အခန်းကျဉ်းလေးထဲက ဂျပန်ထုတ် အပ်ချုပ်စက်ပေါ်မှာ အင်္ကျီကော်လာ စတစ်ကို သေသပ်စွာ ချုပ်လုပ်နေသူတစ်ဦး။ ပူပြင်းလွန်းသော ရာသီကြောင့် မျက်နှာ တစ်ပြင်လုံးတွင် ချွေးသီးချွေးပေါက်တွေကအပြည့်။ သို့သော် အထည်စကို အနုပညာမြောက်စွာ ပုံဖော်နေသည့် သူ့လက်များ။ စက်နင်းနေသည့် ခြေထောက်များက စည်းချက်ညီညီ လှုပ်ရှားသက်ဝင်နေသည်။ သူကား စက်ချုပ်ဆရာ ဦးမောင်အေးပင်။ အနောက်တိုင်းဝတ်စုံနှင့် စစ်ယူနီဖောင်းများ
Posted: 07 May 2014 05:58 AM PDT
 မန္တလေးမြို့မှာ   ပြည်သူ့ဟစ်တိုင်ကွင်း တည်ဆောက်နေပြီး ဆန္ဒပြပွဲတွေကို ဒီကွင်းမှာပဲ ပြုလုပ်ကြဖို့ သက်ဆိုင်ရာက  စီစဉ်နေပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနဲ့ သိပံ္ပလမ်းထောင့်ရှိ မနောဟရီပန်းခြံနားမှာ ပေ ၃၅၀၊ ၁၅၀ အကျယ်ရှိတဲ့ ပြည်သူ့ဟစ်တိုက်ကွင်းတခု တည်ဆောက်နေပြီး ဒီလကုန်လောက် ပြီးမယ်လို့ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။ ဟစ်တိုင်ကွင်းထဲမှာ
Posted: 07 May 2014 05:56 AM PDT
 ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျေးရွာ ဥက္ကဋ္ဌတဦးကို အစိုးရတပ်က ရိုက်နှက်ဖမ်းဆီး သွားတယ်လို့ ပါတီ တာဝန်ရှိ သူတွေက ပြောပါတယ်။ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ရွာက SNLD ပါတီဥက္ကဋ္ဌ စိုင်းဂျဲန်ကို အစိုးရ တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မေလ ၅ ရက် ညနေပိုင်းမှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
Posted: 07 May 2014 05:52 AM PDT
မန္တလေး၊ မေ ၆ မန္တလေးမြို့တော် အတွင်း ညပိုင်းအချိန်တွင် လူငယ်အချို့ အုပ်စုဖြင့် တုတ်၊ ဓားများ ကိုင်ကာ ရမ်းကားသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေပြီး မေလ ၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် ၃၃ လမ်း၊ ၇၃ x ၇၄ လမ်းကြားတွင် ညအချိန်တာဝန်ကျ လုံခြုံရေးရဲတပ်သား နှစ်ဦးကို အော်ဟစ်ရန်စကာ ခဲများဖြင့်ပစ်ပေါက် ထွက်ပြေးသွားကြောင်း မန္တလေးမြို့ အမှတ်(၈) မြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ကျ
Posted: 07 May 2014 02:04 AM PDT
ဆယ်စုနှစ်များစွာကြာပြီးမှ တံခါးဖွင့် ၀ါဒ ကျင့်သုံး လိုက်သော မြန်မာနိုင်ငံတွင် အထွတ်အမြတ်ထားရာ ဓလေ့ထုံးစံများနှင့် ဘာသာရေး အဆောက်အအုံများကို နိုင်ငံခြားသားအချို့ မျက်စိကျလာကြသည်။ ကမ္ဘာနှင့် အတန်ကြာအောင် အဆက်ပြတ်နေခဲ့သော အနုလက်ရာမြောက် ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများကို ဘွားခနဲမျက်မြင်တွေ့ရချိန်တွင် နိုင်ငံခြားသားအချို့က ၎င်းတို့၏ စီးပွားရေးနှင့် အနုပညာလုပ်ငန်းတို့တွင်ေ
Posted: 07 May 2014 02:02 AM PDT
ဂျပန်ငပုဟု မြန်မာတို့က နှိမ့်ချလှောင်ပြောင် ခေါ်ဝေါ်ခဲ့ကြသည့် ဂျပန်လူမျိုးတို့ကို ယခုအခါ ငပုဟု ခေါ်၍ မရတော့ပေ။ ဂျပန်လူမျိုးတို့သည် ငပုဘ၀မှနေ    လူကောင်ကြီးထွားသည့် လူမျိုးအဖြစ် မျိုးဆက်သစ်တို့ကို စနစ်တကျ မွေးထုတ်လာခဲ့ပြီး သူတို့ကို လှောင်ပြောင်ခဲ့ဖူးသည့် မြန်မာလူမျိုးတို့မှာ လူကောင်ညှက်သည့် လူညှက်မျိုးဆက်များ ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အာဟာရချို့တဲ့မှုနှင့် အစားအသောက်ပုံစံ
Posted: 07 May 2014 01:56 AM PDT
 ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို အာဏာ အလွဲသုံးစားမှုနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ အမိန့်ချ မှတ်လိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၆နဲ့  ၂၆၈ အရ ၀န်ကြီးချုပ် တာဝန်ကို ဆက်ထမ်းဆောင်ဖို့ အရည်အချင်း ပျက်ယွင်းတယ်လို့ တခဲနက် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အာဏာအလွဲသုံးစားမှုကို အထက်လွှတ်တော် အမတ်တဦး က ခေါင်းဆောင်ပြီး အဖွဲ့က ခုံရုံးကို မတ်လက တင်ခဲ့တာြ
Posted: 07 May 2014 01:53 AM PDT
 သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချမှုနဲ့ မီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက မကွေးမြို့မှာ မေ ၇ ရက်  ဒီနေ့ မနက် ၉ နာရီမှာ ရာနဲ့ချီတဲ့ သတင်း သမားတွေနဲ့ ဒေသခံတွေ ဆန္ဒပြ ခဲ့ကြပါတယ်။ မကွေးမြို့ပေါ်မှာ ဒေသခံ ပြည်သူနဲ့ သတင်းထောက် စုစုပေါင်း ၃၀၀ ကျော်တို့က သတင်းသမားတွေကို ဖမ်းဆီး အကျဉ်းချနေတာတွေနဲ့ ပက်သက်လို့ ခုလို ဆန္ဒထုတ်ဖော်ခဲု့ကြတာ ဖြစ်ပါတယ်။  
Posted: 07 May 2014 01:50 AM PDT
အစိုးရ ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသည့် မနီလာ တစ်ယောက် တနင်္ဂနွေနေ့ည ရန်ကုန်ကနေ နေပြည်တော်ပြန်မယ် လုပ်တော့ အမေကစိတ်မချစွာ တ တွတ်တွတ်မှာနေသည်။ ''သင်္ကြန်တွင်းမှာ ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်က ကား တိုက်မှုတွေဆက်တိုက်ဖြစ်နေတော့ အမေကစိတ်ပူပြီးမှာနေတာ၊ အရင် ကတစ်ပတ်တစ်ခါပြန်လာနေတာ၊ အခုကိစ္စမရှိရင် ပြန်မလာနဲ့လို့ အမေပြောနေတယ်။ အဝေးပြေး ကားတွေကို စိတ်မချလို့တဲ့''ဟု မနီလာကဆိုသည်။ ယခုနှစ်ထဲမှာ ဇန်နဝါရီလမှ
Posted: 07 May 2014 01:39 AM PDT
ရန်ကုန်၊ မေ ၆  ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တပ်ကြပ်ကြီးအဆင့်ရှိ ၀န်ထမ်းတစ်ဦးသည် ယာဉ်မောင်းလိုင်စင်မရှိဘဲ အငှား ယာဉ်တစ်စီးကို မောင်းနှင်ခဲ့ပြီး လူနှစ်ဦးနှင့် ယာဉ်နှစ်စီးကို ၀င်ရောက်တိုက်မိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေဘုရားဘက်မှ လမ်း (၄၀)ဘက်သို့ ရန်ကုန်
Posted: 07 May 2014 01:38 AM PDT
ရန်ကုန်၊ မေ ၂  ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် ဝါးတံတား လမ်းမပေါ်၌ မတ် ၁၅ ရက် ည ၉ နာရီ ခန့်က အသက် ၂၅ နှစ်အရွယ် ကလေးသုံး ယောက်ဖခင်အား ဓားဖြင့်ခုတ်သတ်မှုကို ဒုတိယအကြိမ်အဖြစ် မေ ၂ ရက်က စစ်ဆေး ရာ၌ ကွဲလွဲမှုအချို့ရှိနေသည်ဟု သေဆုံး သူ၏ မိသားစုဝင်များက ဆိုသည်။ ရဲစခန်းတွင် စစ်ဆေးစဉ်က တ ရားစွဲဆိုခံရသူသည် ¤င်းအနေဖြင့်လူသတ် ခဲ့ကြောင်းနှင့် ပိုက်ဆံ ၂ဝဝဝ တောင်းယူ သွားကြောင်း
Posted: 07 May 2014 01:24 AM PDT
၁။ မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုန့်ပြန်မှုဗဟိုဌာန MNCRC(Myanmar National Crisis Response Centre) ဖွင့်လှစ်နိုင်ရန်အတွက် EU နှင့် နိုင်ငံတော် သမ္မတကြီးတို့ လက်မှတ်ရေးထိုး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ရာမှ မြန်မာနိုင်ငံတွင် သင်တန်း(၂)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ EU မှ Mr.Bruno ဦးဆောင်ပြီး သတန်းများ ပို့ချခဲ့ပါသည်။ ၂။ မြန်မာနိုင်ငံ အရေးပေါ် အခြေအနေ တုန့်ပြန်မှုဗဟိုဌာန MNCRC ၏ ရည်ရွယ်ချက်မှာ မြန်မာ နို
Posted: 07 May 2014 01:04 AM PDT
ပုဒ်မ ၅၀၅ (ခ) ဖြင့် မေ ၆ ရက်က ရုံးထုတ်စစ်ဆေးခံရသည့် ပြည်၊ သဲကုန်းမြို့နယ်မှ လယ်သမား ငါးဦး အနက် တစ်ဦးဖြစ်သည့် ကိုပေါက်စကို အာမခံမပေးဘဲ ပေါင်းတည်ထောင်သို့ ပြောင်းခဲ့ရာ ပေါင်းတည် ထောင်ရှေ့တွင် ရဲနှင့် အရပ်သား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အရပ်သားသုံးဦး ဆေးရုံတင်လိုက်ရသည်ဟု လယ်သမားအရေး ကူညီလှုပ်ရှားသူများကပြောသည်။ သဲကုန်းတရားရုံးတွင် ပုဒ်မ ၅၀၅(ခ) ဖြင့် သန့်ဇင်ထက်၊ ဒေါ်ညို၊ ဒေါ်မုန်း၊ကိုပေါက်စ၊ ကိုအောင်
Posted: 07 May 2014 12:58 AM PDT
ရန်ကုန်၊ မဇ္ဈိမ။ ။ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ မေလ ၇ ရက်နေ့၌ ထုတ်ပယ်လိုက်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းအား ပိုမိုဆိုးရွားစေမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ဖြင့် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ “ရင်လပ်ဟာ သူမရဲ့ ၀န်ကြီးချုပ်ရာထူးကို အလွဲသုံးစား လုပ်ခဲ့ယုံသာမက သူမရဲ့ ကိုယ်ကျိုးအတွက်ေ
Posted: 07 May 2014 12:52 AM PDT
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၀မ်ဖွီးကျေးရွာအုပ်စု နှင့် စုံလောကျေးရွာအုပ်စု တို့တွင် မေလ (၄) ရက်နေ့ က ပြောင်းဖူးခြံအတွင်း ဗုံးပေါက်ကွဲ မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲ မှုသည် ၀မ်ဖွီးကျေးရွာအုပ်စု၊ ၀မ်ဖွီးကျေးရွာ SSNA (ခွဲထွက်) မိုင်းယွန်း တပ်စခန်း ဟောင်းအနီး ပြောင်းဖူး စိုက်တောင်သူ များက ပြောင်းခြံအတွင်း အလုပ်လုပ်နေစဉ် မေလ(၄)ရက်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ဗုံးဟုေ
Posted: 07 May 2014 12:50 AM PDT
ရန်ကုန်၊ မေ ၆ မိုးကြိုကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မေလပထမပတ်မှစ၍ မိုးစတင် ရွာသွန်းနေပြီ ဖြစ်သော်လည်း နေ့အပူချိန်များမှာမူ ဆက်လက် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ဒုတိယပတ်အတွင်း ၃၅
Posted: 07 May 2014 12:48 AM PDT
ဒမတ်စကတ်၊ မေ ၆ ဆီးရီးယားတွင် အာဆတ်အစိုးရ ကို လက်နက်ကိုင် တိုက်ခိုက်လျက် ရှိသော သူပုန်များတွင် အယ်လ်ကေဒါ လက်အောက်ခံ ဂျီဟတ်သမားများလည်း ပါဝင်ရာ ၄င်းတို့အချင်းချင်း တိုက်ခိုက်မှုများကြောင့် စုစုပေါင်း လူ ၇၄ ဦး သေဆုံးခဲ့ရသည်။ အယ်လ်ကေဒါ အစွန်းရောက် အဖွဲ့အစည်း၏ အကြီးအကဲက မွတ်ဆလင် စစ်သားအချင်းချင်း အပစ်အခတ် ရပ်စဲကြရန် အမိန့်ထုတ်ထားသော်လည်း ယင်းသို့ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု
Posted: 06 May 2014 08:56 PM PDT
ဗန်းမောက်မြို့နယ်၊ ကျောက်တန်းရွာတွင် ပေါင်ပုပ်၊ လက်ပုပ်ရောဂါနှင့် လည်ချောင်းကွဲရောဂါကြောင့် မေလ ၅ ရက်က နွားရှစ်ကောင် သေဆုံးသွားကြောင်း သတင်းရရှိသည်။ နွားများ သေဆုံးကြောင်း သိရသဖြင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ အထက်ဖော်ပြပါ ရောဂါများကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ သေဆုံးသွားသော နွားများကို စနစ်တကျမြေမြှုပ်ခဲ့ပြီး ရောဂါကူးစက်မှု
Posted: 06 May 2014 08:57 PM PDT
ရေရှားပါးတဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက ကျေးရွာတွေမှာ ရန်ကုန်ကနေ ရေပိုက်သွယ်ပြီး ရေလွှတ် ပေးနေလို့ သောက်ရေသန့်ကို ရရှိနေကြပါပြီ။ ရန်ကုန်မြို့ ပုဂ္ဂလိက အလှုရှင်တွေက အခုလို ရေရှိနိုင်ဖို့ ကူညီဆောင်ရွက် ပေးကြတာ ဖြစ်ပါတယ်။ မိုးခေါင် ရေရှားမှု ကြောင့်ရော ဒီနှစ်အတွက် မိုးမရွာ သေးတာကြောင့်ပါ သောက်သုံးရေ ရှားပါးနေတဲ့ ဒလဖက်မှာ အခုလို ရန်ကုန်ကနေ သွယ်တန်း လွှတ်ပေးနေတဲ့ ရေတွေကို ဒေသခံတွေက အင်မတန် တန်ဖိုးထား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...