Tuesday, May 6, 2014

ဟာသ အသုတ်စုံ (၇)

Thanlay Ko's photo.

Photo: ==========
1. လူကြောက်တွေ
==========
လေထီးခုန်ချလာတဲ့ စစ်သားတွေကို ပြပြီး အဖေလုပ်သူက သူ့သားလေးကို ပြောတယ်... ...
"တွေ့လားသား၊ အမြင့်ကြီးက ခုန်ချလာတာ၊ သတ္တိကောင်းတဲ့ ယောက်ျားဆိုတာ ဒါမျိုးကွ"
ဒီတော့ ကလေးက ပြန်ပြောတယ်... ..
"သတ္တိကောင်းပေမယ့်၊ နေပူမှာတော့ ကြောက်ပုံရတယ် ဖေဖေ၊ ထီးအကြီးကြီးတွေ ဆောင်းလာကြတယ်"
"ငင်..."

===========
2. ခရစ်စမတ်သစ်ပင်
===========
ခရစ်စမတ်နီးပြီဆိုတော့ အမေက မောင်ကျေးညို နဲ့ မောင်မဲလုံးကို တောထဲသွားပြီး ခရစ်စမတ်သစ်ပင် အရှာခိုင်းလိုက်တယ်။
တနေကုန်လို့ ညနေစောင်းသွားတော့ နှစ်ယောက်သား လက်ဗလာနဲ့ ပြန်လာပါလေရော
အမေက မေးတာပေါ့... ...
"ဟဲ့... ခရစ်စမတ်သစ်ပင်က မရခဲ့ဘူးလား"
"မရခဲ့ဘူး မေမေ"
"ဘာလို့လဲ"
"တတောလုံး လိုက်ရှာတာပဲမေမေ၊ ဒါပေမယ့် မီးလုံးတွေ ချောကလက်တွေ ချိုချဉ်တွေပါတာ တစ်ပင်မှ မတွေ့ခဲ့ဘူး"
"ငင်..."

==========
3. မေတ္တာထားတယ်
==========
ကုမ္မဏီညစာစားပွဲမှာ...
ကိုကျေးညိုတစ်ယောက် ခက်ရင်းတစ်ချောင်းကို ထောင်ထောင်ပြီး ကြည့်နေတယ်။
ခက်ရင်းအသွားတွေထဲကနေ ခြောင်းပြီး တစ်ဖက်စားပွဲမှာ သူနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ သူဌေးကို လှမ်းကြည့်နေတာ
ဘာလုပ်တာလဲသိချင်လို့ မေးကြည့်တယ်... ...
"ခက်ရင်းသွားတွေကြားထဲကနေ ဘာလို့သူဌေးကို လှမ်းကြည့်နေတာလဲဗျ"
"သူဌေးထောင်ကျသွားတဲ့ပုံ ပုံဖော်ပြီး စိတ်ကူးယဉ်ကြည့်နေတာ"
"ဂျာ..."

သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...