အချစ်ဟာ ကုတ်လေယားလေ ၀ဲလိုပဲ
'' အချစ်ဟာ ကုတ်လေယားလေ ၀ဲလိုပဲ (ဂျေမီ) ''
ဝဲဆိုတာ.. ကုတ်နေတဲ့အချိန်မှာတော့ အရသာက ရှိနေတယ်..။ ကုတ်ပြီးရင်းလည်း ဆက်ပြီး ကုတ်နေချင်မိတယ်..။ ကုတ်ရင်းကုတ်ရင်းနဲ့ နောက်ဆုံးတော့လည်း ပဲ့ရွဲ့သွေးထွက်ပြီး စပ်ဖျဉ်းဖျဉ်းနဲ့ ဇာတ်သိမ်းရတာပဲ..။
ကိလေသာ.. ဟာ အဲ့ဒီသဘောသွား ရှိတယ်..။
ကျွန်တော်တို့တတွေဟာ.. ကိလေသာတွေရဲ့  အရသာနောက် ကောက်ကောက်ပါအောင် မလိုက်ဘဲ မနေနိုင်ကြဘူး..။ ကိလေသာတွေရဲ့  အရသာကလည်း မူးယစ်ဆေးလို.. သုံးစွဲသူကို ယစ်မူးသာယာစေတယ်..။ လွန်ဆန်နိုင်ဖို့ သိပ်ခက်တယ်..။
သို့သော်.. အဲ့ဒီယစ်မူးသာယာမှုက ဇာတ်သိမ်းကောင်းသလားဆိုတော့လည်း မကောင်းဘူး..။
အဲဒါကနေ လွန်မြောက်ဖို့ဆိုရင်.. ကိုယ်ရလိုက်တာချည်း မကြည့်ဘဲ.. ကိုယ်ပြန်ပေးဆပ်လိုက်ရတာကို.. လေးလေးနက်နက် ဆင်ခြင်ကြည့်ကြဖို့ လိုတယ်..။
စီးပွားရေး လုပ်ငန်းတွေမှာ.. risk assessment ဆိုတာ ရှိတယ်..။ ကိုယ်လုပ်တော့မယ့် အလုပ်တစ်ခုအတွက်.. risk ဘာရှိသလဲ..။ ဘာတွေကို ပြန်ပေးဆပ်ရမလဲ ဆိုတာကို မလုပ်ခင်မှာ
သေချာစူးစမ်းလေ့လာတယ်..။ ဆင်ခြင်တယ်..။ သုံးသပ်တယ်..။
ရမှာနဲ့ ပေးဆပ်ရမှာကို နှိုင်းယှဉ် ချိန်ထိုးတယ်..။
ကိုယ်ရမှာထက် ပေးဆပ်ရမှာက ပိုများနေရင်.. အဲ့ဒီအလုပ် မလုပ်တာပဲ ကောင်းတယ်..။ အဲ့ဒါက စီးပွားရေး အမြင် ဆိုပေမယ့် လက်တွေ့လောကထဲက.. ကုသိုလ်အကုသိုလ် အစစတွေမှာလည်း
ငါးစာသာ မြင်ပြီး ငါးမျှားချိတ်မမြင်ကြရင်.. မလွဲမသွေပေးဆပ်ကြရတာပဲ..။
ဒါကြောင့်
'' အပျက် ကိုရှု '' လို့ ဗုဒ္ဓက ဟောခဲ့တာ..။ အပျက်ဆိုတာ.. risk ပဲ..။ ရလိုမှုတစ်ခုအတွက် ပြန်ပေးဆပ်လိုက်ရတဲ့ အရာ.. မကောင်းတဲ့အရာဟာ အပျက်ပဲပေါ့..။
ဝဲဟာ ကုတ်လို့ကောင်းတယ်..။ အရသာက သိပ်ကောင်းတယ်..။ ဒါပေမယ့် အဖြစ်ကဆိုးတယ်..။ ဇာတ်သိမ်းက မလှဘူး..။
ငါအခုလို ဆက်ကုတ်နေရင်.. ငါ့အသားတွေ ပဲ့ကုန်ပြီး ၀ဲသက်ရှည်အုံးမှာပါလား..။ တော်တော်နဲ့ ဒီရောဂါ ပျောက်မှာမဟုတ်တော့ဘူး..။ ကုတ်လို့ပဲ့.. ပဲ့လို့အနာဖြစ်.. အနာဖြစ်လို့ယား.. ယားလို့ကုတ် နဲ့.. ဒီ ၀ဲ သံသရာကြော မျောတော့မှာပါလား..။
စသဖြင့် စသဖြင့်.. အပျက်တွေကို ရှု မြင်သုံးသပ်ရင်း.. လောလောဆယ် မြူဆွယ်နေတဲ့.. ကိုယ့်ကို ကလိကလိလုပ်နေတဲ့.. ယားနေတဲ့ ဖီလင်ကို.. ကျော်လွှားကြရမှာ..။
အဲ့သလို ကျော်လွှားရမှာလည်း.. ကြံ့ကြံ့ခိုင် မြဲမြံဖို့လိုတယ်..။ သတိတစ်ချက် လွတ်သွားလို့ မရဘူး..။ ယားတိုင်း မပြတ်ဆင်ခြင်ကြရမယ်..။ သိမ်းကြုံးယူငင်ဆွဲဆောင်နေတဲ့ အရသာနောက်
ကောက်ကနဲ ပါမသွားဖို့.. အပျက်ကိုသတိကပ်ရင်း အမြဲ ရှု ရမယ်..။
ဒါကြောင့် ဗုဒ္ဓက..
'' အပ္ပမာဒေန သမ္မာဒေထ- မမေ့မလျော့ခြင်းနဲ့ကောင်းစွာပြည့်စုံကြစေ '' လို့.. မှာတမ်းချွေခဲ့တာ..။
မမေ့ကြနဲ့..။ သတိလက်လွတ်မဖြစ်ကြနဲ့..။ အရသာရဲ့  ဖျားယောင်းမှုနောက်ကို မေ့မေ့လျော့လျော့နဲ့ ပါမသွားကြစေနဲ့..။ အဲ့ဒီအရသာက ပေးမယ့် အပျက်ကို ရှုကြ.. '' ၀ယဓမ္မာ သင်္ခါရာ- အပ္ပမာဒေန သမ္မာဒေထ '' လို့ မှာခဲ့တာ..။
သူများပစ္စည်းခိုးတာ.. သူများသားမယားပြစ်မှားတာ.. သူများအပေါ်အနိုင်ကျင့်တာ.. အာဏာယစ်မူးတာ.. သူတပါးအကျိုးပျက်စီးစေကြောင်းစိ တ်ကူးတာ-ပြောတာ-လုပ်တာ.. မနာလိုတိုရှည်ဖြစ်တာ.. လူအထင်ကြီးခံချင်တာ..ရာထူးဂုဏ်သိမ်ကို မက်မောတာ.. အစစတွေဟာ... ကာယကံရှင်အတွက် စူးရှချိုမြိန်တဲ့အရသာကို ဖြစ်စေပေမယ့်.. ဇာတ်သိမ်းမကောင်းတဲ့.. risky deeds တွေပဲ..။
အဲ့ဒီအရာတွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်.. ကိုယ်ကျင့်တရားစံနှုန်းတွေကို ပေးဆပ်ကြရတယ်..။ လူ့ပီသမှုကို ထိုးကျွေးကြရတယ်..။ ရှင်သန်ရတဲ့ လူ့သက်တမ်းလေးမှာ နာမည်ပျက်-သိက္ခာမဲ့ကြရတယ်..။
အဲ့ဒီသဘောတရားကို အမှန်အတိုင်းသိမြင်ပြီး.. သိမြင်တဲ့အတိုင်း ကျင့်ကြံနေထိုင်သွားနိုင်သူမှာ. .
ဘာရောဂါမှ မရှိတဲ့သူလို.. လွတ်လပ်သူ-တရားမျှတသူ-လူပီသသူ ဖြစ်တာပါပဲ။
အဲ့သလိုလူဟာ.. ချမ်းသာချင်မှ ချမ်းသာမယ်.. စည်းစိမ်ဂုဏ်သိမ် ကြွယ်ဝချင်မှ
ကြွယ်ဝမယ်.. ကိုယ်လက်အင်္ဂါပြည့်စုံချင်မှပြည့် စုံမယ်.. သြဇာအာဏာ ရှိချင်မှ ရှိမယ်..။
ဒါပေမယ့် သူဟာ.. မတရားမှုတွေကနေ.. ကိလေသာတွေက လွတ်မြောက်သူပဲ..။
အဲ့ဒီအဖြစ်ဟာ.. တော်ရုံနဲ့ ရဖို့ ရောက်ဖို့ မလွယ်ပါ..။ အထူးသဖြင့်.. အပျက်ကို ရှု ဖို့ထက် အရသာကိုပဲ အာသာငမ်းငမ်းဖြစ်နေကြရတဲ့ ကျွန်တော်တို့အဖို့.. သိပ်ကို ခဲယဉ်းပါတယ်..။
ဒါကြောင့်ပဲ.. လောကဟာ.. တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ချို့ တဲ့နေတာပါပဲ..။
( ဒီအကြောင်းအရာကို မကြာခဏဆင်ခြင်မိလို့ ရေးမယ်စိတ်ကူးထားတာ ကြာပါပြီ.. ကိုယ်တိုင်လည်း အရသာတွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေရဆဲမို့.. မကြာခဏ ဆင်ခြင်နေမိတာပါ )
( ၀ယဓမ္မာ သင်္ခါရာ- အပ္ပမာဒေန သမ္မာဒေထ ဆိုတဲ့ အဖွင့်ကတော့.. အများအဖွင့်နဲ့ နည်းနည်းကွဲမယ်ထင်ပါတယ်.. ကျွန်တော်နားလည်လက်ခံထားသလို ဖွင့်ဆိုလိုက်တာလို့ မှတ်ပေးကြပါ)
ဝဲဆိုတာ.. ကုတ်နေတဲ့အချိန်မှာတော့ အရသာက ရှိနေတယ်..။ ကုတ်ပြီးရင်းလည်း ဆက်ပြီး ကုတ်နေချင်မိတယ်..။ ကုတ်ရင်းကုတ်ရင်းနဲ့ နောက်ဆုံးတော့လည်း ပဲ့ရွဲ့သွေးထွက်ပြီး စပ်ဖျဉ်းဖျဉ်းနဲ့ ဇာတ်သိမ်းရတာပဲ..။
ကိလေသာ.. ဟာ အဲ့ဒီသဘောသွား ရှိတယ်..။
ကျွန်တော်တို့တတွေဟာ.. ကိလေသာတွေရဲ့  အရသာနောက် ကောက်ကောက်ပါအောင် မလိုက်ဘဲ မနေနိုင်ကြဘူး..။ ကိလေသာတွေရဲ့  အရသာကလည်း မူးယစ်ဆေးလို.. သုံးစွဲသူကို ယစ်မူးသာယာစေတယ်..။ လွန်ဆန်နိုင်ဖို့ သိပ်ခက်တယ်..။
သို့သော်.. အဲ့ဒီယစ်မူးသာယာမှုက ဇာတ်သိမ်းကောင်းသလားဆိုတော့လည်း
အဲဒါကနေ လွန်မြောက်ဖို့ဆိုရင်.. ကိုယ်ရလိုက်တာချည်း မကြည့်ဘဲ.. ကိုယ်ပြန်ပေးဆပ်လိုက်ရတာကို.. လေးလေးနက်နက် ဆင်ခြင်ကြည့်ကြဖို့ လိုတယ်..။
စီးပွားရေး လုပ်ငန်းတွေမှာ.. risk assessment ဆိုတာ ရှိတယ်..။ ကိုယ်လုပ်တော့မယ့် အလုပ်တစ်ခုအတွက်.. risk ဘာရှိသလဲ..။ ဘာတွေကို ပြန်ပေးဆပ်ရမလဲ ဆိုတာကို မလုပ်ခင်မှာ
သေချာစူးစမ်းလေ့လာတယ်..။ ဆင်ခြင်တယ်..။ သုံးသပ်တယ်..။
ရမှာနဲ့ ပေးဆပ်ရမှာကို နှိုင်းယှဉ် ချိန်ထိုးတယ်..။
ကိုယ်ရမှာထက် ပေးဆပ်ရမှာက ပိုများနေရင်.. အဲ့ဒီအလုပ် မလုပ်တာပဲ ကောင်းတယ်..။ အဲ့ဒါက စီးပွားရေး အမြင် ဆိုပေမယ့် လက်တွေ့လောကထဲက.. ကုသိုလ်အကုသိုလ် အစစတွေမှာလည်း
ငါးစာသာ မြင်ပြီး ငါးမျှားချိတ်မမြင်ကြရင်.. မလွဲမသွေပေးဆပ်ကြရတာပဲ..။
ဒါကြောင့်
'' အပျက် ကိုရှု '' လို့ ဗုဒ္ဓက ဟောခဲ့တာ..။ အပျက်ဆိုတာ.. risk ပဲ..။ ရလိုမှုတစ်ခုအတွက် ပြန်ပေးဆပ်လိုက်ရတဲ့ အရာ.. မကောင်းတဲ့အရာဟာ အပျက်ပဲပေါ့..။
ဝဲဟာ ကုတ်လို့ကောင်းတယ်..။ အရသာက သိပ်ကောင်းတယ်..။ ဒါပေမယ့် အဖြစ်ကဆိုးတယ်..။ ဇာတ်သိမ်းက မလှဘူး..။
ငါအခုလို ဆက်ကုတ်နေရင်.. ငါ့အသားတွေ ပဲ့ကုန်ပြီး ၀ဲသက်ရှည်အုံးမှာပါလား..။ တော်တော်နဲ့ ဒီရောဂါ ပျောက်မှာမဟုတ်တော့ဘူး..။ ကုတ်လို့ပဲ့.. ပဲ့လို့အနာဖြစ်.. အနာဖြစ်လို့ယား.. ယားလို့ကုတ် နဲ့.. ဒီ ၀ဲ သံသရာကြော မျောတော့မှာပါလား..။
စသဖြင့် စသဖြင့်.. အပျက်တွေကို ရှု မြင်သုံးသပ်ရင်း.. လောလောဆယ် မြူဆွယ်နေတဲ့.. ကိုယ့်ကို ကလိကလိလုပ်နေတဲ့.. ယားနေတဲ့ ဖီလင်ကို.. ကျော်လွှားကြရမှာ..။
အဲ့သလို ကျော်လွှားရမှာလည်း.. ကြံ့ကြံ့ခိုင် မြဲမြံဖို့လိုတယ်..။ သတိတစ်ချက် လွတ်သွားလို့ မရဘူး..။ ယားတိုင်း မပြတ်ဆင်ခြင်ကြရမယ်..။ သိမ်းကြုံးယူငင်ဆွဲဆောင်နေတဲ့ အရသာနောက်
ကောက်ကနဲ ပါမသွားဖို့.. အပျက်ကိုသတိကပ်ရင်း အမြဲ ရှု ရမယ်..။
ဒါကြောင့် ဗုဒ္ဓက..
'' အပ္ပမာဒေန သမ္မာဒေထ- မမေ့မလျော့ခြင်းနဲ့ကောင်းစွာပြည
မမေ့ကြနဲ့..။ သတိလက်လွတ်မဖြစ်ကြနဲ့..။ အရသာရဲ့  ဖျားယောင်းမှုနောက်ကို မေ့မေ့လျော့လျော့နဲ့ ပါမသွားကြစေနဲ့..။ အဲ့ဒီအရသာက ပေးမယ့် အပျက်ကို ရှုကြ.. '' ၀ယဓမ္မာ သင်္ခါရာ- အပ္ပမာဒေန သမ္မာဒေထ '' လို့ မှာခဲ့တာ..။
သူများပစ္စည်းခိုးတာ.. သူများသားမယားပြစ်မှားတာ.. သူများအပေါ်အနိုင်ကျင့်တာ.. အာဏာယစ်မူးတာ.. သူတပါးအကျိုးပျက်စီးစေကြောင်းစိ
အဲ့ဒီအရာတွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်.. ကိုယ်ကျင့်တရားစံနှုန်းတွေကို ပေးဆပ်ကြရတယ်..။ လူ့ပီသမှုကို ထိုးကျွေးကြရတယ်..။ ရှင်သန်ရတဲ့ လူ့သက်တမ်းလေးမှာ နာမည်ပျက်-သိက္ခာမဲ့ကြရတယ်..။
အဲ့ဒီသဘောတရားကို အမှန်အတိုင်းသိမြင်ပြီး.. သိမြင်တဲ့အတိုင်း ကျင့်ကြံနေထိုင်သွားနိုင်သူမှာ.
ဒါပေမယ့် သူဟာ.. မတရားမှုတွေကနေ.. ကိလေသာတွေက လွတ်မြောက်သူပဲ..။
အဲ့ဒီအဖြစ်ဟာ.. တော်ရုံနဲ့ ရဖို့ ရောက်ဖို့ မလွယ်ပါ..။ အထူးသဖြင့်.. အပျက်ကို ရှု ဖို့ထက် အရသာကိုပဲ အာသာငမ်းငမ်းဖြစ်နေကြရတဲ့ ကျွန်တော်တို့အဖို့.. သိပ်ကို ခဲယဉ်းပါတယ်..။
ဒါကြောင့်ပဲ.. လောကဟာ.. တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ချို့ တဲ့နေတာပါပဲ..။
( ဒီအကြောင်းအရာကို မကြာခဏဆင်ခြင်မိလို့ ရေးမယ်စိတ်ကူးထားတာ ကြာပါပြီ.. ကိုယ်တိုင်လည်း အရသာတွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေရဆဲမို့.. မကြာခဏ ဆင်ခြင်နေမိတာပါ )
( ၀ယဓမ္မာ သင်္ခါရာ- အပ္ပမာဒေန သမ္မာဒေထ ဆိုတဲ့ အဖွင့်ကတော့.. အများအဖွင့်နဲ့ နည်းနည်းကွဲမယ်ထင်ပါတယ်.. ကျွန်တော်နားလည်လက်ခံထားသလို ဖွင့်ဆိုလိုက်တာလို့ မှတ်ပေးကြပါ)
0 comments:
Post a Comment