Monday, May 5, 2014

“““တောင်ထိပ်ပေါ်က မိခင်မေတ္တာ”””

“““တောင်ထိပ်ပေါ်က မိခင်မေတ္တာ”””

စကော့တလန်ပြည်၊ တောင်ကုန်းများထူထပ်သော အရပ်ဒေသတစ်ခုက လက်တွေ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပါသည်။ ထိုဒေသတွင် ကြီးမားထွားကျိုင်းသော လင်းယုန်ကြီးများရှိသည်။ တစ်နေ့တွင် လင်းယုန်ကြီးတစ်ကောင်က ပုခက်အတွင်းမှ ကလေးတစ်ယောက်အား သုတ်ချီယူလာပြီး မြင့်မားမတ်စောက်သော ကျောက်တောင်တစ်တောင်၏ အစွန်အဖျားတွင် ချထားလေသည်။ မိခင်ကား ရူးမတတ်ဖြစ်နေရှာသည်။

တစ်ရွာလုံး အုတ်အော်သောင်းတင်းဖြစ်သွားကာ တောင်ထိပ်ပေါ်သို့ သူ့ထက်ငါ လှမ်းကာကြည့်နေကြသည်။ တက်ရဲမည့် သူရဲကောင်းကား ပေါ်၍မလာ။ ကလေးကို တောင်ပေါ်မှပြန်ယူပေးနိုင်ရန် အမျိုးမျိုးအကြံဉာဏ်ထုတ်နေကြသော်လည်း အချည်းနှီးသာ။

ထိုအချိန်မှာပင် ခွန်အားဗလတောင့်တင်းသော ဘင်္ဘောသား တစ်ယောက်က ကလေးကို သူရအောင်ကယ်မည်ဟုဆိုကာ မတ်စောက်သောတောင်ပေါ်သို့ တက်လေသည်။ ရွာသူရွာသားအားလုံးတို့ကလည်း အမျိုးမျိုး ဆူညံအော်ဟစ်ကာ အားပေးနေကြသည်။ တောင်၏သုံးပုံတစ်ပုံ၊ ထို့နောက် တောင်၏တစ်ဝက်သို့ ရောက်၏။

အော်ဟစ်အားပေးသံများ ဆူညံနေသည့်ကြားကပင် သင်္ဘောသားမှာ ဆက်လက်၍မတက်နိုင်ဟုဆိုကာ ပြန်ဆင်းလာရလေသည်။ ထို့နောက် တောင်တက်သမားတစ်ယောက်က တက်ပြန်သည်။ တောင်တက်သမားလည်း တောင်သုံးပုံနှစ်ပုံခန့်ရောက်သောအခါမှာပင် လက်လျှော့ကာ ပြန်ဆင်းလာပြန်လေသည်။ တောင်တက်သမားသည်ပင်လျှင် လက်လျှော့လိုက်သောအခါ ရွာသူရွားများမှာ ဘာမျှမတတ်နိုင်တော့၊ အားငယ်စွာဖြင့် ကြည့်နေမိကြရလေသည်။

ထိုအချိန်မှာပင် တောသူမတစ်ယောက်က သူတက်မည်ဟုဆိုကာ တက်ပြန်လေသည်။ ယောက်ျားရင့်မကြီးများသည်ပင် မတက်နိုင်ကြသည်ကို မိန်းကလေးဆိုလျှင် မည်သို့မျှမဖြစ်နိုင် ဟုတွက်ဆပြီး အများစုက အမျိုးမျိုးတားမြစ်ကြ၏။

တောသူမကား တစ်ဦးတစ်ယောက်၏စကားကိုမျှနားမဝင်ဘဲ မတ်စောက်သော ကျောက်တောင်ကြီးကို ကုပ်ဖက်၍တက်လေသည်။ တောင်တစ်ဝက်သို့ ရောက်သောအခါတွင် ဝိုင်းကြည့်နေကြသူများက တောသူမအား အထင်မလျှော့ရဲကြတော့ဘဲ အော်ဟစ်ကား အားပေးစကား ဆိုလာကြသည်။

တောသူမသည် ဖြည်းဖြည်းချင်း ကုပ်ကပ်တက်ရင်းက သင်္ဘောသားနှင့် တောင်တက်သမားတို့မတက်နိုင်သော တောင်ထိပ်သို့ ရောက်သွားလေသည်။ ထိုအခါ လူထု၏အားပေးသံများမှာလည်း ပိုမိုဆူညံလာ၏။ တောသူမသည် ကလေးကိုကောက်ပွေ့၍ အားပါးတရ အထပ်အထပ်အခါခါ နမ်းရှုပ်လိုက်ပြီးနောက် ကျောကုန်းတွင် အနှီးစနှင့်သိုင်းပိုးပြီး သူတက်လာခဲ့သည့်အတိုင်း ကုပ်ကပ်ပြန်ဆင်း၍ အောင်မြင်စွာနှင့် တောင်အောက်သို့ ရောက်လာခဲ့လေသည်။

ထို့ကြောင့် အံ့သြချီးမွမ်းသံများလည်း ဘဝဂ်ညံသွား၏။ ယောက်ျားရင့်မကြီးများပင် မတက်နိုင်ကြသော ကျောက်တောင်ကြီးကို တောသူမသည် အဘယ့်ကြောင့် တက်နိုင်ခဲ့သနည်း။ အသက်ကို ပဓာနမထားသောကြောင့် တက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့် အသက်ကို ပဓာနမထားသနည်း။ ကလေးငယ်ကို မိမိအသက်ထက်ပို၍ ချစ်သောကြောင့်၊ အဘယ့်ကြောင့် ကလေးငယ်ကို မိမိအသက်ထက်ပို၍ ချစ်သနည်း။ တောသူမသည် ထိုကလေးငယ်၏ မိခင်ဖြစ်သောကြောင့်ပင်တည်း။

မြင့်မားမတ်စောင့်လွန်းသော ကျောက်တောင်ကြီးပေါ်သို့ သာမန်ယောက်ျား၊ မိန်းမတို့ မတက်နိုင်ကြသည်မှာ လောကနိယာမပင်ဖြစ်၏။ သို့သော် ထိုတောင်ထိပ်ပေါ်တွင် မိမိ၏ရင်သွေးငယ်ရှိနေမည်ဆိုလျှင်၊ ထိုရင်သွေးငယ်ကိုလည်း မိမိကိုယ်တိုင် သက်စွန့်ကြိုးပမ်းတက်ယူမှရတော့မည်ဟုဆိုလျှင်ကား မိခင်မေတ္တာသည် ထိုနိယာမကို လွန်ဆန်မည်သာဖြစ်၏။ ယခုပင်လျှင် တောသူမတစ်ယောက် လွန်ဆန်ခဲ့ပြီမဟုတ်ပါလား။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘မိဘမေတ္တာရသစုများ’ မှမျှဝေပါတယ်။ စကော့တလန်ပြည်၊ တောင်ကုန်းများထူထပ်သော အရပ်ဒေသတစ်ခုက လက်တွေ့ ဖြစ်ရပ်လေး တစ်ခုဖြစ်ပါသည်။ ထိုဒေသတွင် ကြီးမားထွားကျိုင်းသော လင်းယုန်ကြီးများရှိသည်။ တစ်နေ့တွင် လင်းယုန်ကြီးတစ်ကောင်က ပုခက်အတွင်းမှ ကလေးတစ်ယောက်အား သုတ်ချီယူလာပြီး မြင့်မား မတ်စောက်သော ကျောက်တောင်တစ်တောင်၏ အစွန်အဖျားတွင် ချထားလေသည်။ မိခင်ကား ရူးမတတ်ဖြစ်နေရှာသည်။

တစ်ရွာလုံး အုတ်အော်သောင်းတင်းဖြစ်သွားကာ တောင်ထိပ်ပေါ်သို့ သူ့ထက်ငါ လှမ်းကာကြည့်နေကြသည်။ တက်ရဲမည့် သူရဲကောင်းကား ပေါ်၍မလာ။ ကလေးကို တောင်ပေါ်မှပြန်ယူပေးနိုင်ရန် အမျိုးမျိုးအကြံဉာဏ်ထုတ်နေကြသော်လည်း အချည်းနှီးသာ။
ထိုအချိန်မှာပင် ခွန်အားဗလတောင့်တင်းသော ဘင်္ဘောသား တစ်ယောက်က ကလေးကို သူရအောင်ကယ်မည်ဟုဆိုကာ မတ်စောက်သောတောင်ပေါ်သို့ တက်လေသည်။ ရွာသူရွာသားအားလုံးတို့ကလည်း အမျိုးမျိုး ဆူညံအော်ဟစ်ကာ အားပေးနေကြသည်။ တောင်၏သုံးပုံတစ်ပုံ၊ ထို့နောက် တောင်၏တစ်ဝက်သို့ ရောက်၏။
အော်ဟစ်အားပေးသံများ ဆူညံနေသည့်ကြားကပင် သင်္ဘောသားမှာ ဆက်လက်၍မတက်နိုင်ဟုဆိုကာ ပြန်ဆင်းလာရလေသည်။ ထို့နောက် တောင်တက်သမားတစ်ယောက်က တက်ပြန်သည်။ တောင်တက်သမားလည်း တောင်သုံးပုံနှစ်ပုံခန့်ရောက်သောအခါမှာပင် လက်လျှော့ကာ ပြန်ဆင်းလာပြန်လေသည်။ တောင်တက်သမားသည်ပင်လျှင် လက်လျှော့လိုက်သောအခါ ရွာသူရွားများမှာ ဘာမျှမတတ်နိုင်တော့၊ အားငယ်စွာဖြင့် ကြည့်နေမိကြရလေသည်။
ထိုအချိန်မှာပင် တောသူမတစ်ယောက်က သူတက်မည်ဟုဆိုကာ တက်ပြန်လေသည်။ ယောက်ျားရင့်မကြီးများသည်ပင် မတက်နိုင်ကြသည်ကို မိန်းကလေးဆိုလျှင် မည်သို့မျှမဖြစ်နိုင် ဟုတွက်ဆပြီး အများစုက အမျိုးမျိုးတားမြစ်ကြ၏။
တောသူမကား တစ်ဦးတစ်ယောက်၏စကားကိုမျှနားမဝင်ဘဲ မတ်စောက်သော ကျောက်တောင်ကြီးကို ကုပ်ဖက်၍တက်လေသည်။ တောင်တစ်ဝက်သို့ ရောက်သောအခါတွင် ဝိုင်းကြည့်နေကြသူများက တောသူမအား အထင်မလျှော့ရဲကြတော့ဘဲ အော်ဟစ်ကား အားပေးစကား ဆိုလာကြသည်။
တောသူမသည် ဖြည်းဖြည်းချင်း ကုပ်ကပ်တက်ရင်းက သင်္ဘောသားနှင့် တောင်တက်သမားတို့မတက်နိုင်သော တောင်ထိပ်သို့ ရောက်သွားလေသည်။ ထိုအခါ လူထု၏အားပေးသံများမှာလည်း ပိုမိုဆူညံလာ၏။ တောသူမသည် ကလေးကိုကောက်ပွေ့၍ အားပါးတရ အထပ်အထပ်အခါခါ နမ်းရှုပ်လိုက်ပြီးနောက် ကျောကုန်းတွင် အနှီးစနှင့်သိုင်းပိုးပြီး သူတက်လာခဲ့သည့်အတိုင်း ကုပ်ကပ်ပြန်ဆင်း၍ အောင်မြင်စွာနှင့် တောင်အောက်သို့ ရောက်လာခဲ့လေသည်။
ထို့ကြောင့် အံ့သြချီးမွမ်းသံများလည်း ဘဝဂ်ညံသွား၏။ ယောက်ျားရင့်မကြီးများပင် မတက်နိုင်ကြသော ကျောက်တောင်ကြီးကို တောသူမသည် အဘယ့်ကြောင့် တက်နိုင်ခဲ့သနည်း။ အသက်ကို ပဓာနမထားသောကြောင့် တက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့် အသက်ကို ပဓာနမထားသနည်း။ ကလေးငယ်ကို မိမိအသက်ထက်ပို၍ ချစ်သောကြောင့်၊ အဘယ့်ကြောင့် ကလေးငယ်ကို မိမိအသက်ထက်ပို၍ ချစ်သနည်း။ တောသူမသည် ထိုကလေးငယ်၏ မိခင်ဖြစ်သောကြောင့်ပင်တည်း။
မြင့်မားမတ်စောင့်လွန်းသော ကျောက်တောင်ကြီးပေါ်သို့ သာမန်ယောက်ျား၊ မိန်းမတို့ မတက်နိုင်ကြသည်မှာ လောကနိယာမပင်ဖြစ်၏။ သို့သော် ထိုတောင်ထိပ်ပေါ်တွင် မိမိ၏ရင်သွေးငယ်ရှိနေမည်ဆိုလျှင်၊ ထိုရင်သွေးငယ်ကိုလည်း မိမိကိုယ်တိုင် သက်စွန့်ကြိုးပမ်းတက်ယူမှရတော့မည်ဟုဆိုလျှင်ကား မိခင်မေတ္တာသည် ထိုနိယာမကို လွန်ဆန်မည်သာဖြစ်၏။ ယခုပင်လျှင် တောသူမတစ်ယောက် လွန်ဆန်ခဲ့ပြီမဟုတ်ပါလား။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘မိဘမေတ္တာရသစုများ’ မှမျှဝေပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...