Wednesday, May 14, 2014

{ ဆရာမလေးနှင့်အင်တာဗျူးခြင်း }


မူလတန်းဆရာမနှင့် အင်တာဗျူးနေစဉ်
မေးသူ ။ ။ ဆရာမလေးနဲ့ သမ္မတနဲ့ ဘယ်သူက
ပိုပြီး အရေးပါသလဲ ...?
ဆရာမ။ ။ ရှင့်မေးခွန်းကြီးက တစ်မျိုးပဲနော် ....

ရှင်လည်း ဒီမြေပေါ်မှာနေတယ်၊ဒီ
ရေကိုသောက်တယ်၊ဒီလေကိုရှူ
တယ်....သမ္မတလည်း ဒီမြေပေါ်မှာ
နေတယ်၊ဒီရေကို သောက်တယ်၊
ဒီလေကိုရှူတယ်....ကျွန်မလည်း
ဒီမြေကြီးပေါ်မှာနေတယ်၊ဒီရေကို
သောက်တယ်၊ဒီလေကိုရှူတယ်....
ဒီမြေပေါ်မှာနေ၊ဒီရေကိုသောက်
တာချင်းအတူတူ အားလုံးဟာ
အတူတူပဲ....အားလုံး အရေးပါတဲ့
လူတွေကြီးပဲ....။
မေးသူ ။ ။ အဖြေကိုတော့ ကြိုက်သွားပြီ....
နောက်ဆုံး မေးခွန်းတစ်ခုမေး
မယ်....
သမ္မတကြီးနဲ့ ဆရာမလေးနဲ့
ဘယ်သူက တာဝန်ပိုရှိသလဲ...။
ဆရာမ ။ ။ ဒါက ရှင်းရှင်းလေးပါ....ကျွန်မက
တာဝန်ပိုရှိတာပေါ့....။
မေးသူ ။ ။ ဘယ်လို......ရှင်းပြပါဦး....။
ဆရာမ ။ ။ ဟုတ်တယ်လေ....သမ္မတဆိုတာ
ပြည်သူတွေနဲ့ အမတ်တွေတင်
မြောက်လို့ သမ္မတဖြစ်လာတာ...
သမ္မတသက်တမ်းက အနည်းဆုံး
လေးနှစ်ပဲရှိတယ်....ကျွန်မတို့
ဆရာမတွေက ပင်စင် မယူမချင်း
နှစ်ပေါင်းခြောက်ဆယ်အထိ အ
လုပ် လုပ်နေရဦးမှာ...ဒီတော့
သမ္မတထက် အလုပ်ပိုလုပ်တဲ့
ကျောင်းဆရာ/ဆရာမတွေက
တာဝန်ပိုရှိတာပေါ့.....။
မေးသူ ။ ။ ဟုတ်ကဲ့....ဆရာမလေးရဲ့
အဖြေတွေ အရမ်းနားထောင်
လို့ကောင်းပါတယ်....အခုလို
ဖြေကြားပေးတဲ့အတွက်လည်း
ဆရာမလေးကို ကျေးဇူးတင်ပါ
တယ်....။
ဆရာမ ။ ။ ကျွန်မကလည်း ဆရာမတွေ
ကိုယ်စား ဖြေကြားခွင့်ရတဲ့
အတွက် ကျေးဇူးတင်ပါ
တယ်.....။
( စာရေးဆရာ ဦးဘုန်း ဓာတု မန္တလေး၏
စာအုပ်မှ ကောက်နုတ်တင်ပြသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...