Monday, May 5, 2014

"ဗုဒ္ဓဘာသာကို လွယ်လွယ်စွန့်ရခြင်းအကြောင်း"

•••••••••••••••••••••••••••••••••••••••••••••••••••••
ဗုဒ္ဓဘာသာဝင်လူငယ်များ၊ တခြားဘာသာဝင်များနှင့် အိမ်ထောင်ကျလျှင် ဗုဒ္ဓဘာသာစွန့်ပြီး၊ တခြားဘာသာသို့ ပြောင်းသွားသည်မှာ အဘယ့်ကြောင့်ပါနည်း။

တခြားဘာသာဝင်များသည် ငယ်ရွယ်စဉ်ကတည်းက ဘာသာရေးအသိကို ကလေးများရင်ထဲရောက်အောင် ထည့်ပေးထားကြသည်။ ကလေးငယ်များကို မုန့်ကျွေးပြီး ဘာသာရေး အသိတွေကို သင်ပေးကြသည်။ ထိုလုပ်ငန်းအတွက် ငွေကို အများဆုံး အကုန်အကျခံကြသည်။

ဗုဒ္ဓဘာသာများကား ကလေးတို့၏နှလုံးသား၌ ဘုရားတည်ပေးတာ အလွန်ရှားသည်။ ထိုကိစ္စအတွက် ငွေကုန်ကြေးကျခံသူ မရှိသလောက်ပင် ရှားသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကလေးငယ်များစွာ ဘာသာရေးအသိ ဘာမျှမရှိကြပေ။ အမည်ခံ ဗုဒ္ဓဘာသာ အဆင့်သာရှိသည်။ ထို့ကြောင့် တခြားဘာသာဝင် လူငယ်များနှင့် အိမ်ထောင်ကျလျှင် တခြားဘာသာသို့ လွယ်လွယ်ကူကူပင် ပြောင်းသွားတတ်ကြခြင်းသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့၊ အမှတ်၈နှင့် အမှတ်၉ ရပ်ကွက်အတွင်းတွင် ဘာသာခြား သာသနာပြုကျောင်းများရှိသည်။ ထိုကျောင်းများက တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓဘာသာကလေးများကို ဆွဲဆောင်ခေါ်ယူပြီး၊ မုန့်ကျွေးကြသည်။ သူတို့ထာဝရဘုရားကို ရှိခိုးသော သီချင်းများကို သင်ပေးကြသည်။ ကလေးများသည် မုန့်များများ စားရတာတစ်ခုကြောင့် ထိုဘုရားကျောင်းများသို့ တနင်္ဂနွေနေ့တိုင်း အရောက်သွားကြသည်။

ထိုဘုရားကျောင်းများက သင်ပေးလိုက်သော ဓမ္မသီချင်းများကို ကလေးများက အိမ်တွင် ပြန်ဆိုပြသောအခါ ဗုဒ္ဓဘာသာဝင် မိဘများက ဝမ်းနည်းရမည့်အစား ဝမ်းသာကြည်နူးနေကြသည်။ မိဘများကိုယ်တိုင် မိရိုးဖလာအမည်ခံ ဗုဒ္ဓဘာသာများဖြစ်နေရာ သားသမီးများသည် အဘယ်မှာလျှင် တကယ့်ဗုဒ္ဓဘာသာ ဖြစ်နိုင်တော့မည်နည်း။

ထိုရပ်ကွက်ထဲမှ ပခုက္ကူဝိပဿနာ သင်တန်းသားများ ဖြစ်ကြသော ဦးထွန်းဝင်းနှင့် မိတ်ဆွေများ စုပေါင်းပြီး ရပ်ကွက်ထဲတွင် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်ကြသည်။

လာတက်သောကလေးများကို မုန့်ကျွေးကြသည်။ သင်တန်းပြီးသောအခါ စာမေးပွဲကျင်းပပြီး၊ အောင်လက်မှတ်နှင့် ဆုချီးမြှင့်ကြသည်။ ထိုသင်တန်းသည် အလွန်အောင်မြင်သည်။

ထိုအခါ အောင်လက်မှတ်နှင့် ဆုချဖို့ ငွေငါးသိန်းကို မရှာနိုင်ဖြစ်လာသည်။ ထိုကုန်ကျစရိတ်ကို ကျွန်ုပ်က တာဝန်ယူပေးလိုက်ရာ ယခုဆိုလျှင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းသားသည် ထောင်ဂဏန်း ပြည့်လုနီးထိ ဖြစ်လာသည်။

ထိုသင်တန်းတက်ပြီးသော ကလေးများကား ဘာသာခြားနှင့် အိမ်ထောင်ကျသော်လည်း တခြားဘာသာသို့ ပြောင်းတော့မည် မဟုတ်ပေ။ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း ထိုကဲ့သို့ ပြုလုပ်ကြမည်ဆိုလျှင် မြန်မာပြည်၌ ဗုဒ္ဓသာသာနာသည် ကမ္ဘာတည်သရွေ့ တည်ရှိနေမည်သာဖြစ်သည်။

ဗုဒ္ဓဘာသာဝင်အားလုံး ဓနတတ်နိုင်သူက ဓနအား၊ ကာယတတ်နိုင်သူက ကာယအား၊ ဉာဏ်တတ်နိုင်သူက ဉာဏ်အားဖြင့်ဝိုင်းဝန်း၍ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများကို နှစ်စဉ်ဖွင့်ကြပါကုန်လော။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ၊ အတွဲ-၁’ မှမျှဝေပါတယ်။
Photo - YBA

စာဖတ်သူအားလုံး နှစ်သစ်ကူး ချိန်ခါသမယမှာမှာ ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...