အဝါရောင်အလွမ်းများ
မြင်လွှာအောက်တွင် အ၀ါရောင်တောက်တောက် ကျူးလစ်ပန်းခင်းကြီး တစ်ခင်း ရှိနေခဲ့ပါသည်။ စိမ်းရင့်နေသော အရိုးတံများတွင် ပွင့်ဖူးနေကြသော ကျူးလစ်ပန်းများ၊ ပန်းတစ်ပွင့်ခြင်းစီ၏ နူးညံ့သော ပွင့်ချပ်များသည် တရိပ်ရိပ်မြင့်တက်လာသော အလွမ်းများ ဖြစ်ကြပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက် (သို့မဟုတ်) နူးညံ့မှုများ၏ မလှမ်းမကမ်းတွင် ဖွဲ့သီပြ၍ မမှီနိုင်အောင် လှပနုညံ့သော ချစ်ခြင်းများ ရှိနေပါသည်။ လေတစ်ချက်အဝှေ့တွင် အ၀ါရောင်ကျူးလစ်ပန်းကလေးများက တညီတညာထဲ ယိမ်းနွဲ့ကခုန်ကြသည်။ ထိုအချိန်တွင် ဆန္ဒတစ်စုံကြောင့် စိတ်ရှည်လက်ရှည် ဖြီးသင်မွေးမြူထားရသော ဆံနွယ်မျှင်များကလည်း လေပြေနှင့်အတူ လိုက်ပါ ကခုန်ကြသည်။ ထိုဆန္ဒတစ်စုံ၏ နောက်ကွယ်တွင် နာကျင်မှု အစွန်းအစများ ပါဝင်ကောင်း ပါဝင်နေပါလိမ့်မည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
မကြာခင် ကျူးလစ်ပန်းများဆီမှ ဂီတသံ တိုးသဲ့သဲ့ကို ကြားရသည်။ သူတို့၏ ဂီတသံမှာ တိုးတိမ်သောညင်သာစွာ တီးခတ်လိုက်သော တယောသံနှင့် ဆင်တူပါသည်။ အသံလာရာ ကျူးလစ်အ၀ါပွင့်ကလေးများအနားသို
သိပ်သည်းလှသော အလွမ်းများဖြင့် ကျူးလစ်ပန်းခင်း အနီးမှ ထကာ ခပ်လှမ်းလှမ်းအရောက်တွင် ရုတ်တရက် နောက်သို့ပြန်လှည့်ကြည့်လိုက်
ခြားနားနေသော အကွာအဝေးတစ်ခု၏ ရလာဒ်အဖြစ် ဝန်တိုပူပန်ခြင်းနှင့် လွမ်းဆွတ် သတိရခြင်းတို့က တံခါးကြားထဲ လေတိုးသကဲ့သို့ တကျိကျိနှင့် စိတ်အစဉ်ကို ဝင်ရောက် တိုးဝှေ့ ချယ်လှယ်နေကြပါသည်။ ကျူးလစ်ပန်းတို့၏ ပွင့်ချပ်များက လှသလောက် အလွမ်းများက မလှမပနှင့် တဆိတ် ခါးသက်သက်နိုင်လွန်းလှသည်။ ထိုစဉ် ပွင့်ချပ်တစ်ခုပေါ်တွင် ခိုတွယ်နေသော လိပ်ပြာအနက်ကျားလေး ရုတ်ကနဲ ထပျံသွားပါသည်။ လုံလောက်သော ဝတ်ရည်ချိုမြ ရှာမရသောကြောင့်ဟု အတတ်သိနေခဲ့သည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။မြင်နိုင်ပါလ
ဖန်တီးပြုပြင်ထားသော အေးစက်စက် ရာသီဥတု အတုအောက်တွင် အစဉ်သဖြင့် အေးစက်ထုံကျင်နေတတ်သော လက်ဖျားများ ရှိနေခဲ့ပါသည်။ ထိုလက်ဖျားများကို နွေးထွေးစေခဲ့သော လက်တစ်စုံအကြောင်း ဖျတ်ကနဲ တွေးမိပါသည်။ ထိုသို့တွေးမိသော် ရင်တွင်းတစ်နေရာမှ နာကျင်ခံခက်သော ဝေဒနာ တစ်စွန်းတစ်စကို ရရှိပိုင်ဆိုင်လာတတ်ပါသည်။ ထိုဝေဒနာသည် အက်စ်ပရက်စိုတစ်ခွက်ကဲ့သို့ ပြင်းရှ ခါးသက်သော်လည်း မူးယစ်ဆေးသဖွယ် တမ်းမက်စွဲလမ်းချင်စရာအတိ ဖြစ်ပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
ချစ်ခြင်းတွင် ပျော်ရွင်ချမ်းမြေ့ခြင်းများနှင
ရေးလက်စစာကို ဤနေရာတွင် ရုတ်တရက် ရပ်နားလိုက်ချင်ပြီ။ ဆက်ရေးချင်စရာ စကားလုံးများ ရှိကောင်း ရှိနေနိုင်ပါသေးသည်။ သို့သော် စာရေးခြင်း၊ စာဖတ်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ သတိရလွမ်းဆွတ်ခြင်း၊ ပျော်ရွင်ကြည်နူးခြင်း၊ ထိခိုက်ကြေကွဲခြင်း အစရှိသော ခံစားမှုများထက် ကျူးလစ်ပန်းများကို တမေ့တမော ငေးမောနေရခြင်းက ပိုအရသာရှိပြီး ပိုစွဲမက်ဖွယ် ဖြစ်လို့နေခဲ့ပါသည်။ စိတ်ထဲတွင် ပြောချင်စရာ၊ ချရေးချင်စရာ စကားလုံးများပေါ်လာတိုင်း ကျူးလစ်ပန်းကလေးများကို တီးတိုး ပြောပြဖြစ်မည်ဟု ယုံကြည်နေပါသည်။ သေချာသည်ကတော့ ထိုကျူးလစ်ပန်းခင်း၏ အခြားတစ်ဖက်တွင် ဖွဲ့သီပြ၍ မမှီနိုင်အောင် လှပ နုညံ့သော ချစ်ခြင်းများ ရှိနေပါသည်။ မယုံဘူးလား၊ သေသေချာချာကြည့်ပါ။ မြင်နိုင်ပါလိမ့်မည်။
သက်ဝေ
(၀၃ မေ ၂၀၁၄)
0 comments:
Post a Comment