Thursday, May 8, 2014

ကိုပွ၏ကိုယ်တွေ့ (၃)

“ ကလင် ကလင် ကလင်”
“ဟဲလို”
“ သားရေ မောင်ပွ အန်တီပါ”
“ ဟုတ်ကဲ့ အန်တီ”
“ မင်းမိန်းမ ဗိုက်နာနေပြီကွဲ့”
“ ဟုတ်လား ဒါဆို Gelmag တစ်လုံး တိုက်လိုက်ပါ အန်တီ”

“ အေး အေး ဟွင် ဟုတ်ပါဘူး အဲ့လိုနာတာ မဟုတ်ဘူးလေ ကလေးမွေးတော့မယ် ပြောတာ”

“ ဟွင် အလို ဗုဒ္ဓေါကြီးနဲ့ ဘုရား အားလားလား အီး ကျွန်တော် ဘာလုပ်ရမလား အန်တီ”
“ ငင် မင်းက အဝေးမှာလေ ဘာလုပ်လို့ ရမတုန်း အင်္ဂုလိမာလ သုတ်လေး ဘာလေး ရွတ်ပေါ့ကွယ်”



ခက်တော့ခက်သည်။ မောင်ပွ တို့က ၀န်ထမ်း ဘ၀ ဆိုတော့ မိန်းမ မွေးခါနီးတွေ ဘာတွေလို့ ပြောလို့မရ။ ဒီတော့ မွေးခါနီး ဖွားခါနီးကျမှ တောထဲသို့ တစ်ခေါက် သင်တန်း တက်ရန် ရောက်ရှိခဲ့ရပြန်သည်။ မောင်ပွ သင်တန်းသွားခါနီး မိန်းမ လုပ်သူမှာ မျက်နှာ မကောင်း။ ကိုယ်တွေကလဲ သွားသာ သွားရတာ နောက်ဆံက တစ်တင်းတင်း နဲ့။ ယခုတော့ မိန်းမ ဗိုက်နာချေပြီ။ သည်သတင်း ကြားတော့ မောင်ပွ မှာ ဓါတ်တိုင်ပဲ ပြေးတက်ရတော့ မလိုလို၊ အိမ်သာပဲ ပြေးတက်ရတော့ မလို ခြေမကိုင်မိ လက်မကိုင်မိ တွေ ဖြစ်ကုန်၏။ နေအုံး အင်္ဂုလိမာလ သုတ်တဲ့။ ကြားတော့ ကြားဖူးသား။ အထဲမှာ ဘာတွေပါမှန်းတော့ မသိ။ အခန်းဖော် သူငယ်ချင်းအား မေးကြည့်ရာ ၄င်း၏ဲ အူတူတူ မျက်လုံးများ နှင့် ပြန်ကြည့်ခြင်း ခံလိုက်ရလေသည်။ အိမ်း ဒီအတိုင်းဆို အခြေ အနေ မကောင်း။ သည်တော့ စားနေကျ ကန်တင်း ဆီပြေးရသည်။ ဆိုင်ရှင် မိန်းမ ကြီးကတော့ ဒီသုတ် ကိုရလောက်သည်။

“ သား လာ လာ ဘာစားမလဲ”

“ မစားတော့ဘူး ဟွာလေ တစ်ခုလောက် မေးချင်လို့ အန်တီ ဟိုသုတ် ရလား ဟွာလေ နေပါအုံး နာမည်မေ့သွား ပြန်ပြီ ဟိုသုတ်လေ ဟိုသုတ်”

“ လက်ဘက်သုတ်လား”

“ တစ်ပွဲလောက် ဟွင် ဟုတ်ပါဘူး အဲ့လို စားတဲ့ သုတ် ဟုတ်ဘူးလေ ဘုရားစာ ဘုရားစာ ဟွာလေ ရပိတ်ကြီး ၁၁ သုတ် ဆိုလား”

“ ဟွင် ရပိတ်ကြီး ၁၁ သုတ်ဆိုတာ ဘာတွေလားငင်”

“ ဟွင် မှားလို့ ပရိတ်ကြီး ၁၁ သုတ် ပြောတာ”

“ အော် ဒါလား ရတယ်လေ ပြော ဘာသုတ်လဲ”

“ အေးဆို နာမည်က မေ့နေလို့ ဒီဦးနှောက်ကလဲ”

“ မေတ္တာသုတ်လား”

“ ဟုတ်ဘူး ဟွာလေ လက်ဖြတ်တဲ့ လူ သုတ်လေ”

“ ဟွင် အဲ့လိုကြီးတော့ မကြားဖူးပါလားညော်”

“ အီး ဟွာလေ ကလေးမွေးရင် ရွတ်ရတာ”

“ အော် အင်္ဂုလိမာလ သုတ်”

“ ဟားးးးး ဟုတ်တယ် အဲ့ သုတ် အဲ့သုတ် လင်ဂုအိမာလ သုတ် အဲလေ ဂင်အုလိမာလ သုတ်ပြောပါတယ် ဟွင် ဒါလဲ မဟုတ်သေးပါဘူး ဘာတဲ့ အဲ့သုတ်နာမည်”

“ ဂင်ဂုမိအာလ သုတ် ငင် ငါပါ မှားပြီ”

သို့နှင့် ကူးရေးခဲ့ပြီးနောက် အဆောင်သို့ ပြန်လာ။ ပြီးလျှင် ရွတ်မဟဲ့ ဟု စာရွက်ကို ဖြန့် အဖွင့်

“ ပရိတ္တံယံ ဘဏန္တဿ နိသိန္တွဌာနေဓာဝနံ ဥဒကမ္ပိ ၀ိနာသေတိ သဗ္ဗမေ၀ ပရိဿယံ”

“ ဘုရား ဘုရား ဒါတွေဘယ်လို အသံထွက်ရတာပါလိမ့် “

ကိုယ်တွေ ဘယ်လောက် ဘုရား တရား လုပ်သလဲဆိုတာ အဲ့တာသာ ကြည့်တော့။ ကဲ မတတ်နိုင် ။ ရမ်းကြိတ်ရသည်။ ခွင့်လွှတ်ပါတော့ အရှင်ဘုရား။

“ ပရိတ်တံယံ ဘနံ ဘနံ အီးးးးးးးးးး နိသိ နိသိမ် ငင် ဒါလဲ မဟုတ်လောက်ပါဘူး”

မကြာပါ။

“ ကလင် ကလင်”

“ မောင်ပွလား အန်တီပါ”

“ ဟွင် အန်တီ ဘယ်လိုလဲ မွေးပြီလား ဘာလေးလဲ ယောက်ျားလေးလား ကိုယ်လက်အင်္ဂါ စုံရဲ့လား မွေးမွေးချင်း ငိုရဲ့လား နှုတ်ခမ်းကွဲ အာခေါင်ကွဲ သေးလား ဘယ်နှစ်ပေါင်ရှိလဲ အမေရော ကလေးရော ကျန်းမာရဲ့လား မိန်းမ ရော ဘယ်နှစ်ချက် ချုပ်လိုက်ရလဲ သွေးဆင်းသေးလား နို့ထွက်ရဲ့လား အမလေး မောထှာ”

“ အခုမှ ဆေးရုံသွားမလို့ကွဲ့”

“ ငင့်”

“ အဲ့ဒါ စိတ်မပူနဲ့ လို့ ပြောမလို့”

“ ခွီးးးးးးးးးးးး”

သည်လိုနှင့် ထို အခိုက်အတန့် အချိန် များအား မောင်ပွ တစ်ယောက် အင်္ဂုလိမာလ သုတ်နှင့် ကျော်ဖြတ်ရလေတော့သည်။ ထမင်းသွားစားလည်း အင်္ဂုလိမာလ အိမ်သာ တက်လဲ အဂုင်္လိမာလ။ စာသင်ခန်းထဲ အိပ်ငိုက် နေတာတောင် အိမ်မက်ထဲ အဂုင်္လိမာလ ဓါးဆွဲ လိုက်လာလို့ မှုန်နေအောင် ပြေးရသေးသည်။ ညနေစောင်းလဲ ရောက်ရော

“ ကလင် ကလင်”

“ ဟဲလို အန်တီ ဘယ်လိုလဲ မွေးပြီလား ဘာလေးလဲ ယောက်ျားလေးလား ကိုယ်လက်အင်္ဂါ စုံရဲ့လား မွေးမွေးချင်း ငိုရဲ့လား နှုတ်ခမ်းကွဲ အာခေါင်ကွဲ သေးလား ဘယ်နှစ်ပေါင်ရှိလဲ အမေရော ကလေးရော ကျန်းမာရဲ့လား မိန်းမ ရော ဘယ်နှစ်ချက် ချုပ်လိုက်ရလဲ သွေးဆင်းသေးလား နို့ထွက်ရဲ့လား အမလေး မောထှာ “

“ မမွေးသေးဘူးကွဲ့ အခုမှ ထမင်းစားနေတုန်း”

“ ငင့်”

“ အဲ့ဒါ စိတ်မပူနဲ့ လို့ ပြောမလို့”

“ ခွီးးးးးးးးးးးး”

ကတောက်။ ခုထိ မမွေးသေး။ ဒီကြားထဲ အဆောင်ရှေ့က ခွေးဝဲစားမ ကြီးက မခန့်လေးစား သူ့ခွေးပေါက်လေးကို နို့တိုက်နေရင်း မထီတထီ အကြည့်ခံလိုက်ရသေး။ ရှင် မစွမ်းသေးပါဘူး ဆိုတဲ့ အကြည့်။ တောက် ဒီခွေးမ တော့လား နေနှင့်အုံး။ မောင်ပွ တစ်ယောက် ထိုသို့ မပဋာမြေလူး ဆပ်ပြာသည်လင်ပျောက် ဖြစ်နေပုံကို ကြည့်မရတော့သော သူငယ်ချင်းတစ်ဦးမှ

“ ဟေ့ကောင် အဲ့လောက်လဲ ဖြစ်မနေပါနဲ့ကွာ အချိန်တန်ရင် ထွက်သွားမှာပါ”

“ တယ် အရေးထဲ ဒီသေချင်းစိမ်းက တစ်မှောင့်”

“ ဟွင် သယ်ရင်း မိန်းမ မွေးခါနီး ဖွားခါနီး သစ်သီးနှင့်တူသော စကားများ မပြောရဘူးလေ”

“ အွင့် ဘာဂျီးဒုန်း သစ်သီးနှင့် တူသော စကား ဆိုတာ”

“ ဖရုဿ ၀ါစာ Fruit ဖရု အီးကွဲ သစ်သီး ၀ါစာ အီးကွဲ စကား။ So ဖရုဿ ၀ါစာ အီးကွဲ သစ်သီးနှင့်တူသော စကား”

“ ငင့် သူငယ်ချင်း မင်းငါ့ကို ဘာတွေလာပြောနေတာလား”

“ အေးဆို”

ညနေ ၅နာရီ ၄၀ မိနစ် ရောက်တော့

“ ကလင် ကလင်”

“ မောင်ပွလား အန်တီပါ”

“ ဟွင် အန်တီ ထမင်းစားနေတုန်းပဲလား”

“ ထွက်သွားပြီကွဲ့”

“ ဘယ်ကိုလဲငင်”

“ အပြင်ကို “

“ ဟွင် ဒီမိန်းမ နှယ် မွေးခါနီး ဖွားခါနီး အပြင်ထွက်ရတယ်လို့”

“ ငင် မောင်ပွ သား ဘာတွေပြောနေတာလား”

“ အင်းဆို”

“ မင်းကလေး မွေးပြီ ပြောတာ”

“ ဗျာာာာာာာာာာ အလို အမလေး အမငီး အားလားလား အိုးဟိုးဟိုး”

“ ဟွင် မောင်ပွ မင်းဘာတွေ ဖြစ်နေတာလား”

“ ပျော်လွန်းလို့ပါညော် အန်တီ ကလေးက “

“ ဟိုးးးးးးးစတော့ ရပြီ မင်းမေးမှာ အန်တီ သိပြီ ယောက်ျားလေး ကိုယ်လက်အင်္ဂါ စုံ မွေးမွေးချင်း ငို နှုတ်ခမ်းမကွဲ အာခေါင်မကွဲ ၈ပေါင် ၆အောင်စ အမေရော ကလေးရော ကျန်းမာ မိန်းမ လေးချက်ချုပ် သွေးမဆင်း နို့ထွက် အမလေး မောထှာ “

“ အာ့လေ ကလေးက ကြာသပတေးသားဆိုတော့ ဘာနာမည်ပေးရင် ကောင်းမလဲ အန်တီ မင်းကုဋေတင့်ဝေလျှံ လို့ပေးရင် ကောင်းမလား မင်းမင်းမောင်မောင်မြင့် ဆိုရင်ရော မျိုးကျက်သရေထည်မြင့်မောင် လို့ ပေးရင်ရော အိုကြာပါတယ် အားလုံးထက် မြင့်အောင် ဖိုးလမင်းဖင်ခုထိုင် ဆိုရင်ရော ငင်”

“ ဟွင် မင်းကလေးက အခုမှ ထွက်တာလေကွယ် ဘယ့်နှာလုပ်ပြီး နာမည်ပေးလို့ ရမတုန်း”

“ ဟွင် ဟုတ်လား”

“ လောလောဆယ် တော့ နာမည် တစ်ခုပေးထားတယ်ကွဲ့”

“ ငင် ဟုတ်လား ဘာတဲ့တုန်း”

“ ဖိုးထောင်”

“ အွန့်”

ထိုစဉ်

“ ကျွီ”

ကျွီ ကနဲ အသံ နှင့် အတူ အခန်းထဲ ၀င်လာတာက အခန်းဖော်။

“ ဟားဟားဟားဟားဟား ဟေ့ကောင် မွေးပြီကွ ငါ ကလေးအဖေ ဖြစ်ပြီ”

“ ရွှတ်”

“ ငင့်”

“ အီးးးးး အစ်ကို ဟွာလေ အစ်ကို ကျွန်တော်က အဲ့လို အစားထဲက မဟုတ်ပါဘူး မိကောင်းဖခင် သားသမီးပါ ကျွန်တော် အဲ့လောက် မလွယ်ပါဘူးညော်”

“ ငင် ညီလေး မင်းဘာတွေ ပြောနေတာလား”

“ အင်းဆို”

သူ့ခမျာ လန့်လဲလန့်ချင်စရာ။ အခန်းထဲ ၀င်ဝင်ချင်း ဘုမသိ ဘမသိ ပြေးအနမ်းခံလိုက်ရသည်ကိုး။ ထိုမှ နောက်ပိုင်း ထိုကောင်လေး ခမျာ အခန်းထဲတွင် သိပ်မနေရဲတော့။ ပျော်လွန်းလို့ပါလေ။ သြော် နေအုံး အကြွေးဆပ်စရာ ကျန်သေးတယ်။ ဟိုခွေးဝဲစားမ။ ခုနက လူကို မတူသလို မတန်သလို ကြည့်ထားတာ။ အခု ငါလဲ ကလေးအဖေ ဖြစ်ပြီ။ ဒီလိုလာကျောလို့ ဘယ်ရလိမ့်မလဲ။ အဆောင်အပြင် ပြန်ထွက်။ ခွေနေသော ခွေးမ အနား ရောက်တော့ မြေကြီးကို ဖနောင့်နဲ့ သုံးကြိမ်ပေါက်ကာ အောင်ပြီ အောင်ပြီ အောင်ပြီ ဟု သုံးကြိမ် သုံးခါ ကြွေးကြော်လေလျှင်

“ ၀ုတ် ၀ုတ် ၀ုတ်”

“ တယ် ဒီခွေးမ နှယ် မခန့်လေးစားနဲ့”

ထိုစဉ် အနောက်မှ အသံ ကြားလို့ သမင်လည်ပြန် လှည့်ကြည့် လိုက်တော့

“ ငင် ဗုဒ္ဓေါကြီးနဲ့ ဘုရား အများကြီးပါလား”

လားလား နဲတဲ့ ခွေးပေါက်တွေမှ မဟုတ်တာ။ ၁ကောင် ၂ကောင် ၃ ကောင် အားလုံးပေါင်း ၆ ကောင်။ တောက် ဒီခွေးမ ငါ့ကို ကျောသွားပြန်ချေပြီ။ နေနှင့် အုံးပေါ့ကွာ ငါ ရန်ကုန်ပြန်ရောက်မှ ဒင်းကို အမှီလိုက်မဟဲ့။ ကဲ မိန်းမရေ လူမလေး ခွေးမခန့် မဖြစ်စေဖို့ အရေး ယောက်ျား တို့ တက်ညီ လက်ညီ ကြိုးစား လိုက်ကြရအောင်လား ဟိုင်းယားးးးးးး။

( ကျွန်တော်၏ မွေးနေ့တွင် ရုတ်တရက် ခရီးသွားလိုက်ရသောကြောင့်လည်းကောင်း ကွန်နက်ရှင် ပြောစရာမလိုအောင် စုတ်ပြတ်သတ်နေသော နေရာတွင် ရောက်နေခြင်းကြောင့်လည်းကောင်း Birthday wish များ၊ မက်ဆေ့ဘောက်စ်မှ စာများအား မပြန်နိုင်ခြင်းအား ခွင့်လွှတ်ကြပါကုန် ယခုစာလေးအားလည်း ရသမျှ ကွန်နက်ရှင်လေးနှင့် ဖြစ်သလို တင်ရခြင်း ဖြစ်ပါကြောင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...