Myanmar Youth Media Club 06 Mar 2014
MYMC - MYMHOT |
Posted: 06 Mar 2014 06:52 PM PST
မကြာသေးခင်က Apple ဟာကားတွေ အတွက် CarPlay ဆိုတဲ့ Sofware ကိုမိတ်ဆက် ခဲ့ပြီး ဒီ CarPlay Softwareနဲ့ ပတ်သက်လို့ သိကောင်းစရာ တွေကို ဒီဆောင်းပါးမှာ တင်ပြထား ပါတယ်။
အရင်ဆုံး
CarPlay ဆိုတာ ဘာလဲ ဆိုတာကို အရင်ရှင်း ပါ့မယ်။ CarPlay ဆိုတာ iPhone
ပိုင်ရှင် ကားမောင်းသူ တွေအတွက် ကားမောင်းစဉ် အတွင်း လက်ရွေးစင်
ရွေးချယ်ထားတဲ့ App တွေကိုကား Dashboard ပေါ်မှာ လွယ်လင့်တကူ သုံးလို့ရအောင်
စီစဉ်ပေးမယ့် Software ဖြစ် ပါတယ်။
အထက်က လက်ရွေးစင် App ဆိုတာ တွေကတော့ အသုံးများတဲ့ Siri, iTunes, Maps နဲ့ Messages တွေဖြစ်ပါတယ်။ ဒီနေရာမှာ သိ ထားစရာ ကတော့ CarPlay နဲ့ တွဲဖက်မယ့် iPhone လို့ဆိုရာမှာ Lightning port connetor ပါတဲ့ iPhone 5 နဲ့မြင့်တဲ့ iPhone တွေမှ တွဲဖက် သုံးစွဲနိုင်မှာ ဖြစ်ပြီး iPhone ကလွဲရင် Lightning port connector ပါတဲ့ iPad လိုဟာမျိုး ကတော့ သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။
Apple က အဆိုပါ CarPlay ကိုစတင် မိတ်ဆက်လိုက်လို့ ကားကုမ္ပဏီ တွေက သူတို့နောက်ထပ် ထုတ်မယ့် ကားတွေမှာ ထည့်နိုင်အောင် အ ပြိုင်အဆိုင် ကြိုးစားနေ ကြပါပြီ။ အဲဒီ ကုမ္ပဏီ တွေထဲက Mercedes Benz, Ferrari နဲ့ Volvo တို့ဟာ ဒီတစ်ပတ်ကုန် အတွင်းမှာတင် CarPlay သုံးနိုင်တဲ့ ကားတွေ မိတ်ဆက်ဖို့ အထိ တက်တက်ကြွကြွ ကြိုးစားနေ ကြပြီး Ford ကုမ္ပဏီ ကတော့ ဒီCarPlay နဲ့ပတ်သက်လို့ အကောင်း ဖက်က လက်ခံ ကြိုဆိုတာမျိုး မပြခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ Ford ကားတွေမှာ Sync ဆိုတဲ့ CarPlay လိုလုပ်ဆောင် ပေးနိုင် တဲ့ ကိုယ်ပိုင် Software ရှိပြီး မို့လို့ပါပဲ။ ဒါ့ကြောင့် မကြာခင်က CarPlay မိတ်ဆက် လိုက်မှုဟာ သူတို့ကိုယ်ပိုင် Sync ကိုပိုမို မြှင့်တင် အောင် လုပ်စေဖို့ ဖိအားဝင် စေခဲ့ပါတယ်။ သို့ပေမယ့် CarPlay ဟာ Sync နဲ့ ယှဉ်ရင် သိသာတဲ့ အားနည်းချက် တစ်ခုတော့ ရှိပါတယ်။ Apple ဟာ သူ့ရဲ့ ပြိုင်ဘက် Google ရဲ့ Google Map ကို CarPlay မှာထည့်သွင်း ပေးဖို့ မလုပ်ခဲ့ တာပါပဲ။ ဒီနေရာမှာတော့ Sync ကကြိုက်တဲ့ မြေပုံ App မှန်သမျှ ထည့်သွင်း ခွင့်ပြုထား တာကတော့ အားသာချက် အနေနဲ့ ရှိပေမယ့် Brand ကိုယ်ပိုင် Software တစ်ခု အနေနဲ့သာ သိမ်းထားတာ ကတော့ သူ့ရဲ့ အားနည်းချက် တစ်ခုလို့ ဆိုရပါမယ်။

ဘာပဲပြောပြော ကားကုမ္ပဏီ အများစုဟာ CarPlay ကို ထည့်သွင်း အသုံးပြု နိုင်ဖို့ အသီးသီး အဖုံဖုံ ကြိုးစား နေတဲ့ အတွက်ကြောင့် လာမယ့် လတွေ အတွင်းမှာ CarPlay နည်းပညာကို စာဖတ်သူများ အနေနဲ့ ထိတွေ့ သုံးစွဲခွင့် ရကြ တော့မှာ ဖြစ်တဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ် ပါတယ်။

Images from mashable. Source: mashable.com

0 comments:
Post a Comment