Friday, March 7, 2014

အတုံ့အလှည့်


တစ်ခါက အိမ်တစ်အိမ်မှာ အဘိုးကြီးတစ်ယောက်ရှိတယ်။ သူဟာ အသက်တွေကြီးလွန်းလို့ လက်တွေ ကတုန်ကယင်နဲ့ ဒူးတွေယိုင်လှုပ်နေတယ်။ ထမင်းစားတဲ့အခါ ဇွန်းကိုင်တဲ့ လက်တွေက တုန်ယင်နေတယ် ဟင်းချှိုခွက်ကို ခတ်လိုက်တဲ့အခါ ဟင်းရည်တွေက ဇွန်းကနေပြုတ်ကျတယ် အဘိုးကြိးရဲ့ ဘောင်းဘီပေါ်ကိုလဲ ပေကျတယ်။
ပြီးတော့ တစ်ခါတစ်လေ ပါးစပ်ထဲကတောင် ပြန်ကျတတ်တယ်။ ဒါကို သူ့သားနဲ့ သူ့ချွေးမက မကြိုက်ဘူး။ ထမင်းဝိုင်းမှာ ညစ်ပတ်တယ်လို့ပေါ့။ အဲဒါနဲ့ အဘိုးကြီးကို မီးဖိုချောင်လေးနားမှာ ခုံလေးတစ်ခုထားတယ်။ ပြီးတော့ ကျောက်နဲ့ လုပ်ထားတဲ့ ပန်းကန်တစ်ခု ပြင်ထားတယ်။

အဲဒီပန်းကန်ထဲကို ဟင်းတွေရော ထမင်းတွေပါ တစ်ခါထဲထည့်ပေးပြီး စားစေတယ်။ သူတို့လင်မယားတွေကတော့ ထမင်းစားပွဲမှာ ဇိမ်ကျကျ စားကြတယ်။ အချိန်တွေကြာလာတဲ့ အခါ အဖိုးကြီးက ကျောက်ပန်းကန်ကို မကိုင်နိုင်တော့ဘူး။ တစ်နေ့မှာတော့ ကျောက်ပန်းကန်ကျကွဲသွားတယ်။ အဘိုးကြီးလဲ သက်ပြင်းအရှည်ကြီးချတယ်။ ချွေးမကတော့ ဘာမှမပြောပေမယ့် ပါးစပ်ကတော့ ပွစိပွစိပေါ့။

အဲဒီလိုနဲ့ အဘိုးကြီးကို သစ်သားနဲ့ လုပ်ထားတဲ့ ပန်းကန်နဲ့ကျွေးတယ်။ တစ်နေ့တော့ သူ့သားဟာ ထိုင်ခုံအစုတ်နှစ်လုံးနဲ့ သစ်သားပန်းကန်ပြား နှစ်ချပ်ဝယ်လာခဲ့တယ်။ ပြီးတော့ မီးဖိုချောင်ထဲမှာ သွားထားလိုက်တယ်။ သူ့အမေနဲ့ အဖေတွေ့တော့ မေးတယ်။ ငါ့သားဒါတွေကို ဘာလုပ်ဖို့ ၀ယ်လာတာလဲလို့ပေါ့။သူ့သားကတော့ ပြန်ဖြေတယ်
" အဖေတို့ အမေတို့ အသက်ကြီးသွားတဲ့ အချိန်ကြရင် အဲဒီမှာ ထမင်းကျွေးရအောင်လို့ ကြိုတင်ဝယ်လာတာ" တဲ့

မောင်စိုင်း
www.kanaung.net

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...