**တိုက်မလို့**
မောင်ထုံထိုင်း ၇ထားမောင်းတယ်..
တစ်နေ့တော့ သူမောင်းတဲ့၇ထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့
၇ထားစီးတဲ့လူတွေဒဏ်၇ာ ၇ကုန်တယ်..
မီး၇ထားကအ၇ာ၇ှိက သူ့ကိုခေါ်ဆူ တယ်..
`၇ထားမောင်းတယ်ဆိုတာ လူအများကြီး၇ဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်း၇တာ.. မင်းဘာလို့ ဒီလောက်တာဝန်မဲ့၇တာလဲ´
မောင်ထုံထိုင်း ကဖြေတယ်..
`မဟုတ်ပါဘူးဆ၇ာ..ကျွန်တော်ဒီနေ့ ၇ထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေ
ဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..
သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´
အဲဒါနဲ့ အ၇ာ၇ှိကပြောတယ်..
`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ..လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ၇ထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´
မောင်ထုံထိုင်း ပြန်ဖြေတယ်..
`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ၇ထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..´
0 comments:
Post a Comment