Friday, March 14, 2014

ယောဂီ . . .


ဆစ်ခနဲ နာကျင်သွားသော ဘယ်ဘက် ဒူးဆစ်မှ ဝေဒနာကြောင့် ဆြာမာ စိတ်ထဲမှ
ဖွဖွလေး ညည်းမိသည် ။ အနိစ္စ . . အနိစ္စ ၊ ကြမ်းတမ်းဝေဒနာတွေကို ဥပေက္ခာနဲ့
ရှု့ . . . ရှု့ ။


ဟုတ်ပါသည် ။ ဆြာမာ တရားရိပ်သာတစ်ခုကို ရောက်နေသည် ။ ဂရုကြီး ဦးဂိုအင်ကာ
တည်ထောင်ခဲ့သော တရားစခန်းများထဲမှ တခုသော တရားစခန်းပင် ။ လယ်တီဆရာ
တော်ကြီး ၏ နည်းနာနိသယ အတိုင်း ၀ိပသနာကမ္မဌာန်းကို ကျင့်ကြံပွားများရသော
တရားရိပ်သာတစ်ခုပင် ဖြစ်သည် ။

ပရိတ်သတ်သိကြသည့်အတိုင်း ဆြာမာသည် အရက်ကိုတော်တော်ကြိုက်သည် ။
ဆေးလိပ်ကိုလည်း မပြတ်နိုင်ပေ ၊ ကလပ်တက်ရတာ ၀ါသထုံသည် ။ ကေတီဗွီ
မာဆတ်လည်း စိတ်ပါဝင်စားသည် ။

သို့သော် ဆြာမာလိုလူသည် မည်ကဲ့သို့ ဖြစ်သည်မသိ ။ ရိပ်သာဝင်ရမည်ဆို
တော့လည်း စိတ်ဝင်စားပြန်သည် ထိုကြောင့် ယခု ဆယ်ရက်တရားစခန်းကို
ရောက်ရှိလာခြင်းဖြစ်သည် ။

ပထမ စရောက်သောနေ့ မှ စ၍ ဆြာမာတို့ စကားမပြောရတော့ပါ ။ ၀စီပိတ်
ကျင့်ရသည် ။ ယောဂီ ကိုးဆယ်ကျော် ရှိသော တရားစခန်းတွင် တိတ်ဆိတ်
ြုခင်းကြီးစိုးနေသဖြင့် ဆြာမာမှာ မနေတတ်မထိုင်တတ် ကိုးလိုးကန့်လန့်ကြီး
ဖြစ်နေသည် ။

ဒါတင်မကသေး ထမင်းကျွေးတော့လည်း သတ်သတ်လွတ်သာကျွေးသည် ။
ဥပုဒ်သီလ ဆောက်တည်ထားရသဖြင့် ညနေစာလည်းမကျွေး ။ တရားထိုင်
ချိန်က လည်း မနက်လေးနာရီခွဲ မှ ည ကိုးနာရီ အထိ နန်းစတော့ ထိုင်
နေရသည် ။ ကြားမှာ ငါးမိနစ် ငါးမိနစ် မျှ သာ နားချိန်ပေးသည် ။ ထမင်းစား
ပြီး တနာရီကျော်နားရသည် ။

ဝိပသနာတရားမထိုင်မှီ အာရုံစူးစိုက်မှု့ ( သမထ ) ရရှိစေရန် အာနာပါန ကမ္မဌန်း
စထိုင်ရသည် ။ နှာသီးဖျား မှ ၀င်လေ ထွက်လေ ကို ရှု့ရခြင်းပင် ။

ထိုကြောင့် ဆြာမာလည်း ခပ်တည်တည်ပင် မျက်လုံးကိုမှိတ် ၊ ခါးဆန့်ထိုင်ကာ
အာနာပါန ရှု့မှတ်ရသည် ။

ရှုးး . . . ( ၀င်လေ )
ရှုး . . . ( ထွက်လေ )

ဝင်လေ ၊ ထွက်လေ ၊ ၀င်လေ ၊ ထွက်လေ . . . ၀င် ထွက် ၊ ၀င်ထွက် ။
ကတောက် . . . မနေ့က ပိုက်ဆံ ၇ သောင်းလောက်ကြွသွားတယ် ။
ကြွမှာပေါ့ ငါလဲ သောင်းကျန်းချက်က လွန်တာကိုး ။ ၀င်လေ . . . ထွက်လေ ။

ဝင်လေ . . . ထွက်လေ . . . ၀င်ထွက်ဆိုမှ မနေ့က မာဆတ်က ငတိမလေး
က တော်တော် နိပ်တာပဲ ။ ၀င်ထွက် လည်းကောင်း . . . အဲ့လေ စိတ်က ဘယ်
ရောက် သွားပြန်ပါလိမ့် . . . ၀င်လေ .. ထွက်လေ ။

စိတ်ဆိုသည့် အမျိုး က အတော်ပင် ထိန်းရခက်မှန်း ကိုယ်တိုင် တရားထိုင်
အာနာပါန ရှု့မိတော့မှသိတော့သည် ။ တရားမှတ်နေရင်း ဘယ်တုန်းကတည်း
က စိတ်ထဲတွင်ရောက်နေမှန်းမသိသော အရာတွေ က ပေါ်လာပြန်သည် ။

နောက်တော့တဖြည်းဖြည်းနဲ့ အာနပါန ကိုရလာသည် ။ လေးရက်မြောက်နေ့
လည်ကျတော့ ၀ိပသနာကမ္မဌာန်းကို တက်ရသည် ။ ပိုခက်သည် ။ ကိုယ်ခန္တာကို
ရှု့ရသည် ။ ဖြစ်ပျက်နေတာကို ရှု့ရသည် ။ နာကျင်နေတာကို နာကျင်နေသည်
ဟုရှု့ရသည် ၊ နာကျင်ရမလားဆိုပြီး ဒေါသစိတ်မဖြစ်ရဟုဆို၏ ။ ခက်လှချည်ရဲ့ ။

ငယ်ထိပ်က စရှု့ရသည် ။ မည်သည့်ဝေဒနာကို ခံစားနေရသနည်း ။ နာလား
ယားလား ၊ ထုံလား ၊ ကျင်လား ။ ဥပေက္ခာတရားနှင့်ရှု့ရသည် ။ ငယ်ထိပ်မှ ခြေ
ဖ၀ါးအထိ ရှု့မှတ်ရသည် ။

ဆြာမာလည်း ၀ိပသနာရှု့ရပြန်သည် ။

အော် . . . ဒီနေရာက နာနေတာပဲ . . . အနိစ္စ . . .အနိစ္စ ။ ဥပေက္ခာတရားနဲ့
ရှု့ . . . ရှု့ ။ ဒေါသစိတ်မဖြစ်

ထုံနေတယ် ၊ ထုံနေတယ် ။ ထုံနေတာကိုထုံနေတယ်လို့ မှတ် ။ အနိစ္စ
ဖြစ်ပျက် သဘောတွေပါလား ၊ အနိစ္စ အနိစ္စ ၊ အနိစ္စ တရားတွေပါလား ။
အနိစ္စဆိုလို့ မနေ့က ကလပ်က ဆော်လေးက မိုက်ထှာ ၊ အနိပ်စားလေး
ပဲ ။ ငိငိ ၊ ငါ့ကို ဖုန်းပြန်ဆက်နေလောက်ပြီ ၊ ငါက တရားစခန်းမှာ ဖုန်း
ကပိတ်ထား ၊နှမြောလိုက်တာနော် ၊ အနိပ်စား အနိပ်စား အဲ့လေ အနိစ္စ
အနိစ္စ ။

မှတ်နေရင်း စိတ်က ထွက်ပြေးသည် ။ ရှု့နေရင်း စိတ်က ရုန်းကန်နေသည် ။
နာရီဝက်တနာရီလောက်ကြာသော် ခြေထောက်တွေ ခွေထိုင်ထားရာမှ ထုံလာ
သည် အလွန်အမင်းနာလာသည် ။ အဓိဌာန်တရားထိုင်ချိန်ဆို မလှုပ်ရ အဓိဌာန်
ဝင်ထားသည် ၊ မျက်လုံးမဖွင့် ရ ၊ ထိုင်တာ မပြင်ရ ။ နာသည် ။ နာသည် ။
နာတော့ တရားကို ဥပေက္ခာနဲ့မှတ်နေရင်း တော်တော်နာလာသည် ။

ဒေါသမဖြစ်အောင်ထိန်းရင်းမှ ဒေါသဖြစ်လာသည် ။ ငါဘာကြောင့် ဒီလောက်
တောင် မထိုင်နိုင်ရတာလဲ ။ အံကြိတ်ကာထိုင်သည် ၀ိပသာနာပွားရင်းဒေါသ
ဖြစ်လာသည် ။ စိတ်သည် လုံးလည်ချာလည်လိုက်နေသည် ။ လူက တရား
ခန်းမထဲတွင် ကျောက်ရုပ်လို ငြိမ်သက်နေသော်လည်း စိတ်က ရုန်းရင်းဆန်ခတ်
ဖြစ်နေသည် ။ တသက်လုံးမရဖူးသော အတွေ့အကြုံများပင် ။ နောက်ဆုံးတော့
ထွက်ပြေးချင်လာသည် ။

ဆြာကြီး ဦးဂိုအင်ကာ က တရားထဲမှာ ဟောထားသည် ။ သူလည်း ဆရာကြီး
ဦးဘခင် တရားရိပ်သာကို စ၀င်တုန်းက ထွက်ပြေးရန် အထုပ်ပင်ပြင်ပြီးသွား
ပြီဆိုသည် ။ အုတ်နံရံကလည်း အမြင့်ကြီး ဆရာကြီးကလည်း ပြန်မလွတ်၍
မပြန်ခဲ့ရပဲ ၊ တရားဆက်ထိုင်ခဲ့ရသည်ဟု ပြောသည် ။ ဆြာမာတို့တရားစခန်း
အုတ်နံရံကလည်း ဆရာကြီး ဦးဘခင်တို့ အုတ်နံရံထက် ပိုမြင့်မည်ထင်သည် ။

စိတ်က ဘယ်လိုမှထိန်းမရ ။ စိတ်တွင် ၀ိညဏ်န ၊ သင်ညဏ် ၊ ဝေဒနာ
သင်္ခါရ ဆိုတာရှိသည် ။ ၀ိညဏ်နက သိစိတ်ဖြစ်သည် ။ ၀ိညဏ်နကြောင့်
မြင်တွေ့ရသည် ။ တခါတလေ မိတ်ဆွေများ နှင့် ဘေးချင်းကပ်တွေ့လျှက်
မမြင်ပဲ ကျော်သွားသည်မှာ ၀ိညဏ်နလွတ်နေ၍ဖြစ်သည် ။ ၀ိညဏ်နကပ်
တော့မှ မြင်ရသည် ။

ဝိညဏ်နက မြင်တော့ သင်ညဏ်က ဆုံးဖြတ်သည် ။ ကောင်း၏ ၊ ဆိုး၏ ကို
သင်ညဏ်က ဆုံးဖြတ်သည် ။

သင်ညဏ်က ဆုံးဖြတ်သော ဝေဒနာက ကောင်းခြင်း ဆိုးခြင်း ဝေဒနာပေါ်လာ
သည် ။ ဝေဒနာက ခံစားရတော့ သင်္ခါရက ကြိုက်တယ် ၊ မကြိုက်ဘူး ၊ နောက်
ထပ်လိုချင်သေးတယ် ။ မလိုချင်တော့ဘူး ဟု လိုချင်မှု့ မလိုချင်မှု့တွေ ဖြစ်
လာသည် ။

ဘ၀သည် ထို သင်္ခါရကြောင့် သံသရာရှည်ရသည် ။ သခ်ါရသည် သံသရာ
လှည်းဘီးကြီးလည်းဖြစ်သည် ။ လိုချင်သေးမှု့ ၊ မလိုချင်တော့မှု့အကြောင်း
တွေကြောင့် အကျိုးတွေဖြစ်လာသည် ။ ငါစွဲတွေဖြစ်လာသည် ။ တပ်မက်မှု့
တွေဖြစ်လာသည် ။

ကောင်းတာတွေကြုံရတော့ ကြိုက်တယ် ၊ လိုချင်တယ် ၊ နောင်လည်း လိုချင်
သေးတယ် စသည်ဖြင့် တဏှာဖြစ်လာသည် ။

မကောင်းတာတွေကြုံရတော့ မကောင်းဘူး ၊ မကြိုက်ဘူး ၊ မလိုချင်ဘူး စသဖြင့်
ဒေါသတွေ ဖြစ်လာသည် ။

ဤသို့ဖြင့် ဆြာမာတို့ ဘ၀သံသရာကြီးသည် အကျိုး အကြောင်းများကြောင့်
အရှိန်ပြင်းပြင်းလည်ပါတ်တော့သည် ။ ယခုဘ၀မှ အကျိုးများက နောင်ဘဝ
တွင် အကြောင်း ၊ အကြောင်းများက အကျိုး စသည်ဖြင့် အင်ဂျင်အားကောင်း
လာသည် ။

ဝိပသနာက ထိုသံသရာမရှည်ရအောင် သင်ကြားပေးသည် ။ သခ်ါရတွေကိုဖြတ်
တောက်ပေးသည် ။ သင်္ခါ့ရတွေ နောက်ဖြစ်မလာအောင်ရှု့မှတ်ရသည် ။
လက်ရှိ သခ်ါရတွေ ကုန်သွားလျှင် ၊ ယခင်က ကုသိုလ်ကံ အကုသိုလ်ကံ အကြွေး
အဟောင်းတွေ ကို ရှု့မှတ်ရသည် ။ ထို ကံတွေက ကြမ်းတမ်းဝေဒနာ ၊ သိမ်မွေ့
ဝေဒနာစသည်ဖြင့် ကိုယ်ခန္တာတွင်ပေါ်လာသည် ။

ယောဂီ များကို ၁၀ ရက်ထည်းဖြင့် ကိလေသာကုန်အောင် ၊ တဏှာကုန်အောင်
ဖြတ်ခိုင်းခြင်းမဟုတ် ။ ဤကဲ့သို့လုပ်ရသည်ဟု နည်းပေးခြင်းသာဖြစ်သည် ။

ဆြာမာကား ယခင်က မိရိုးဖလာ ဗုဒ္ဒဘာသာသာ ဖြစ်ခဲ့ရသည် ။ ထုံးတမ်းစဉ်လာ
ဝတ်ပြုကိုးကွယ်မှု့ ၊ ဂါထာရွတ်မှု့ ၊ ကြည်ညိုမှု့တွေကိုသာ ဘာသာရေးဟုထင်
မှတ်ကာ ရှေ့တန်းတင်ခဲ့ကြသည် ။ ဂုဏ်တော်ပုတီးစိတ်လျှင်ပင် ကိုယ့်ကိုကိုယ်
ထွက်ရပ်ပေါက်မတတ် ၊ ရဟန္တာဖြစ်တော့မတတ်ထင်ခဲ့သည် ။ ဘာသာရေးအသိ
နည်းခဲ့သည် ။

ဆြာမာတို့ လူတွေကားအတော်ခက်သည် ။ ဂရုကြီးဦးဂိုအင်ကာကလည်းဟော
သည် ။ လူတွေ ဘာသာရေးကိုးကွယ်မှု့ဟာ ဆေးဆရာနဲ့လူနာနဲ့တူသည် ။

ပထမ လူနာအမျိုးအစားက နေမကောင်းဖြစ်တော့ ဆရာဝန်ဆီသွားသည် ။
ဘာဆေးသောက်ရမလဲဟုမေးသည် ။ ဆရာဝန်က ဒီဆေးကိုသောက်ဟု
ညွန်သည် ။ လူနာက အိမ်ပြန်လာပြီး ဆရာဝန်ကို အကြည်ညိုလွန်ကာ
ရုပ်ထု ထုပြီး စင်ပေါ်တင်သည် ၊ ဆေးကို ကိုင်ကာ မနက်နှစ်လုံး ညနှစ်လုံး
ဂါထာကို ရွတ်သည် ။ ဆေးကို ကား မသောက် ။

ဆရာဝန်ကိုကြည်ညိုတာလည်း ကောင်းပါသည် ၊ ယုံကြည်မှု့သည် ပျောက်
သင့်သလောက်ပျောက်ပါလိမ့်မည် ။ သို့သော် ဆေးမသောက်လျှင် ရောဂါ
အရှင်းပျောက်မည်မဟုတ် ။

တချို့ကတော့ ဆရာဝန်ဆီသွားသည် ။ ဆရာဝန်က ဆေးပေးတော့ ဒါသောက်
ရမှာလား ၊ ကောင်းသည် ၊ ကောင်းသည် ၊ ကောင်းလိုက်သည့် ဆေးနည်း ပါ
တကား ( သာဓု သာဓု သာဓု ) ဟု ရွတ်သည် ။ ဆေးကိုကားမသောက် ။

ထိုမျှသာမသေး . . . ငါ့ဆရာဝန်ကောင်းသည် ၊ မင်းဆရာဝန်မကောင်းဟု
ရန်ဖြစ်ကြသေးသည် ။ ဒုတ်တပျက် ၊ ဒါးတပျက်ဖြစ်ကြသည် ။ သံသရာအရှည်
ပါကုန်သည် ။ အကြောင်းကြောင်းကြောင့် အကျိုးတွေ ဖြစ်လာရသည် ။

တချို့ကမှု့ ဆရာဝန်ကိုလည်း ကြည်ညိုသည် ။ ဆရာဝန်ပေးသည့် ဆေးခါး
ကိုလည်း ကြိတ်မှိတ်သောက်သည် ။ ရောဂါတနေ့ပျောက်လာပါလိမ့်မည် ။

တရားရိပ်သည် အေးချမ်းလှသည် ။ တရားရိပ်သည် သာယာလှသည် ။
တရားရိပ်တွင် အကုသိုလ်ဟူ၍ ရှာမရတော့လောက်အောင်နည်းပါးသည် ။

သို့သော် ပုထုဇဉ်ဖြစ်နေသ၍ တရားရိပ်တွင် အမြဲမနေနိုင်သေး ။ လူ့ဘောင်
ကို ပြန်လာရဦးမည် ။ အပြစ်တွေ ပြန်လုပ်လျှင်လုပ်မိမည် ။ အကုသိုလ်တွေ
ပြန်လုပ်မိမည် ။ ကံငါးပါး ပြန်ကျိုးပျက်ဦးမည် ။ ပုထုဇဉ် ဖြစ်နေသေးသ၍ ။

သို့သော် ဆြာမာသည် ဆေးနည်းကိုရထားပြီးပြီ ။ သောက်ဖို့သာ ကျန်သေး
သည် ။ ပထမ မြည်းစမ်းကြည့်လိုက်သော ဆေးသေးသေးလေးတဖဲ့ပင်
ခါးသီးလှသည် ။ အမှန်တရား ၊ ရုပ်တရား ၊ နာမ်တရားများသည် ခါးသီးလှ
ပေသည် ။

ဗုဒ္ဒ သည် ဤ တရားတော်ကြီးနှင့် မြတ်စွာဘုရားအဖြစ်ကိုရောက်ရှိခဲ့သည် ။
မရေမတွက်နိုင်သော အရိယာများလည်း လွတ်မြောက်ခဲ့ပြီးပြီ ။
မိတ်ဆွေများလည်း တရက်တော့ ဒီတရားနှင့်ပင် လွတ်မြောက်ရပေဦးမည် ။

ဆြာမာ မိတ်ဆွေများကို အကြံပေးလိုပါသည် ။ မိတ်ဆွေများအနေဖြင့်
ဖြစ်နိုင်လျှင် အချိန်ဆယ်ရက်လောက် ပေး၍ တရားစခန်း ဖြစ်ဖြစ် ၊
တရားပြဆရာတစ်ယောက်ထံပင် ဖြစ်ဖြစ် ၀ိပသနာတရားနည်းလမ်းခံ
သင့်ပါသည် ။

ယခု မသုံးနိုင်သေး ၊ မကျင့်ကြံနိုင်သေးလျှင်ပင် ဆေးနည်းသိကအချိန်မရွေး
သောက်နိုင်သော လူနာပင်ဖြစ်သည် ။ မိတ်ဆွေများ ရှင်သန်ရသော ဘ၀ရက်
ပေါင်း ထောင်သောင်းချီထဲမှ အချိန်ဆယ်ရက်သည် မိတ်ဆွေ၏ ဘ၀နေထိုင်မှု့
အတွေးအခေါ် အယူအဆ များကို တနည်းတဖုံ ပြောင်းလဲစေနိုင်ပါလိမ့်မည် ။

ဆြာမာ ယခုတခေါက် မသော အချွန်သည် ၊ တရားဓမ္မ အချွန် ဖြစ်သောကြောင့်
မိတ်ဆွေများ ဖတ်ရသည် မှာ ပျင်းရိမည်သေချာပါသည် ။ ပြီးဆုံးအောင်ဖတ်ပေး
သော မိတ်ဆွေကိုလည်း ၀ိပသနာအကြောင်း သတင်းပါးရသည့်အတွက် အထူး
 ကျေးဇူးတင်ရှိပါသည် ။

ဘ၀တု သဗ မင်္ဂလံ . . . ။

ခပ်သိမ်းသော အေးချမ်းမှု့များရောက်ရှိပါစေသတည်း . . . ။

ဆြာမာ ( သံချောင်းပါတီ )
၁၄ ။ ၃ ။ ၂၀၁၄
Demon

4 mins

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...