Friday, March 14, 2014

"နည်းပညာသစ်"

"နည်းပညာသစ်"

ဖိုးဖိုးကေမြင့်နဲ့ မြေးလေးမောင်ကျေးညိုတို့ ခြံထဲမှာ ပေါင်းမြက်တွေရှင်းနေကြတယ်။
မောင်ကျေးညိုလေးက တီကောင်တစ်ကောင်ကို တွေ့တော့ ပြောတယ်.... ...

"ဖိုးဖိုး... ဒီတီကောင်ကို သူ့တွင်းထဲ သားသားပြန်ထည့်ပြမယ်"
"မဖြစ်နိုင်တာကွာ၊ ဒီလောက် ပျော့စိစိရှည်မြောမြောအကောင်ကို၊ ထည့်မရပါဘူး"
"ရတယ်... လောင်းမလား"
"အေး... လောင်းမယ်၊ တစ်ထောင်ကြေး"

ဒါနဲ့ မောင်ကျေးညိုလေးက အိမ်ထဲဝင်ပြေးသွားတယ်။
ပြန်ထွက်လာတော့ လက်ထဲမှာ ဆံပင်ဖျန်းဆေးဘူး (Hair Spray) နဲ့။
ခုနက တီကောင်ကို မာတောင်လာတဲ့အထိ Hair Spray နဲ့ ဖျန်းလိုက်တယ်။
ပြီးတော့ တွင်းထဲကို အလွယ်တကူပဲ ထိုးထည့်လိုက်တယ်။

...ဆိုတော့ ဖိုးဖိုးလည်း သူရှုံးတာကို ဝင်ခံပြီး အိမ်ထဲကို ပိုက်ဆံသွားယူတယ်။
ပိုက်ဆံသွားယူတာက လိုအပ်တာထက် ပိုကြာနေတယ်။

ပြန်ထွက်လာတော့ မောင်ကျေးညိုလေးကို ပိုက်ဆံနှစ်ထောင်ပေးတယ်။
ဒီတော့ မောင်ကျေးညိုလေးက ပြောတာပေါ့... ...

"ဖိုးဖိုး... တစ်ထောင်ကြေးပဲ လောင်းထားတာလေ"

ဖိုးဖိုးက ပြန်ပြောတာက... ...

"ပျော့စိစိရှည်မြောမြောအကောင်ကို တွင်းထဲထည့်လို့ရတဲ့ နည်းပညာအသစ်အတွက် ဖွားဖွားက ညဏ်ပူဇော်ခ ပေးလိုက်တာ"... တဲ့။ ငိ ငိ။

(တီကောင်ကို ပြောတာနော်)
သန်၎ကို-မောနင်းအင်ဂျက်ရှင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...