Saturday, March 8, 2014

ပါတော်မူနိဒါန်းလား.. ကရိုင်းမီးယား

Photo
Photo



ပါတော်မူနိဒါန်းလား.. ကရိုင်းမီးယား

၆ ရက်နေ့ မှာ ကရိုင်းမီးယားပါလီမန် ကနေ သူတို့ ရပ်ရှားနဲ့ပေါင်းမယ်လို့ ဆုံးဖြတ်ပြီး သမတပူတင်ကို ရပ်ရှားဖက်ဒရေးရှင်းအောက်မှာ ပါဝင်ခွင့်ပေးဘို့ တောင်းဆိုလိုက်ပါတယ်။ သမတပူတင်က မီးစိမ်းပြဘို့ လိုနေတယ်။

ကရိုင်းမီးယားလူထု ဆန္ဒ ခံယူပွဲကို တော့ လာမယ့် မတ်လ ၁၆ ရက်နေ့မှာလုပ်မယ်ပြောပါတယ်။

............

ရပ်ရှားလူမျိုး၇၀ရာနှုန်းရှိနေတဲ့ အရပ်မှာအဖြေကတော့ ထွက်နေတယ်။ကျန်တဲ့ တာတာလူမျိုးတွေနဲ့ ယူကရိန်းတွေကတော့ ဆောက်တည်ရာမရဖြစ်ကုန်ကြပြီ။

နိုင်ငံတကာနိုင်ငံစုံ လေ့လာစောင့်ကြည့် အဖွဲ့စေလွှတ်လိုက်တာကိုလည်း ကရိုင်းမီးယား-မောင်တွေက လက်မခံဘူး။ မောင်းထုတ်လိုက်ကြပြီးပြီ။.............

ယူကရိန်းပါလီမန်ကဒီလိုလုပ်တာ တရားမ၀င်ပါဘူး။ ဖွဲ့စည်းပုံနဲ့ မညီပါဘူးတဲ့။ ဖွဲ့စည်းပုံအရ ဆို ယူကရိန်းနယ်မြေတခုအဆုံးအဖြတ်ကို ယူကရိန်းတနိုင်ငံလုံးက ဆန္ဒမဲနဲ့ အတည်ပြုရမယ် လို့ပြောထားပါတယ်။

ဒါပေမယ့် လက်ရှိယာယီယူကရိန်းအစိုးရလည်းတရားမ၀င်ဘူးလို့ ကရိုင်းမီးယားပါလီမန်ကပြောပါတယ်။

အိုဘားမားကပူတင်နဲ့ ဒုတိယအကြိမ် ဖုံးအကြာကြီးထပ်ပြောတယ်။ ၂နိုင်ငံဆက်ဆံရေးမပျက်ချင်ဘူး။ ပူတင်ဘာဆက်လုပ်မလဲဆိုတာသိတ်အရေးကြီးနေတယ်။ လောလောဆယ် ပိတ်ဆို့မှုတွေကစပြီးနေပြီ။

မနေ့ကဖြစ်လာတဲ့ အနေအထားမှာ အီးယူကလည်း...ယောင်ဝါးဝါးလုပ်နေချင်လို့မဖြစ်ပြန်ဘူး။ လောလောဆယ် ဂျာမဏီ သဘောထား က ပြေပြေလည်လည် ဆွေးဆွေးနွေးနွေးသွားချင်တယ်။ဗြိတိန် ပိုလန်နဲ့ ရပ်ရှားလက်ကထွက်လာတဲ့ နိုင်ငံတွေက ပိတ်ဆို့တာတွေ စလုပ်ချင်နေတယ်။.......

အရေးတကြီး မေးခွန်းတွေအနေနဲ့ ..........၁။ နယ်မြေတခု အတွက် နိုင်ငံဆိုတာအဲဒီနယ်မြေမှာနေတဲ့လူအများစု က ဆုံးဖြတ်လာရင် အတည်ဖြစ်သလား............ ၂။ သမိုင်းကြောင်းအရ ဘယ်အထိ ပြန်ကောက်လို့ဘယ်သူပိုင်တာကတရားဝင်သလဲဆိုတဲ့ အချက်တွေ တက်လာပါပြီ။

စကော့တလန်ခွဲထွက်မယ့်လူထုဆန္ဒခံယူပွဲ .....

ယူကေ -စကော့တလန်နယ်မှာလည်းလာမယ့် စက်တင်ဘာမှာစကော့တလန်ခွဲထွက်ခွင့် အတွက် လူထုဆန္ဒခံယူပါမယ်။အေးအေးဆေးဆေး... စကားစစ်ထိုးနေကြတာ ကြည့်ကောင်းတယ်။ အင်္ဂလန်က ပါတီကြီး ၃ခုလုံးကတော့ ခွဲမထွက်စေချင်ပါဘူး။ စကော့က Scottish National Party ခေါင်းဆောင် Alex Salmond ကဒိုင်ခံ ပြီး ခွဲထွက်ရေးစည်းရုံးနေပါတယ်။ခွဲသွားရင် ယူနိုက်တက်ကင်းဒန်းဆိုတာ ကို ဘယ်လိုဆက်ခေါ်ဝေါ်မလဲ။ အလံကကော ပြောင်းလဲရမှာလား။ပေါင်စတာလင်ကို ဆက်သုံးခွင့် ပေးရမှာလား ။စီးပွါးရေးတွေဘယ်လိုခွဲစိတ်ကြမလဲ ။ လွိုက်ဘဏ်လို စကော့တလန်အခြေဆိုက်ထားတဲ့ ဘဏ်မျိုးက အင်္ဂလန်ဘက်ကိုပြန်လာပြီးရုံးစိုက်ရမယ်။ ကုမ္ပဏီကြီးတော်တော်များများကလည်း နေရာရွှေ့ကြမယ်ဆိုတော့ စကော့တလန်မှာအလုပ်လုပ်နေသူတွေ တွေတော်တော် ဖရိုဖရဲနဲ့ အလုပ်ပြုတ်တာ။ နေရာရွှေ့ပြောင်းနေထိုင်တာတွေဖြစ်ကြမယ်ဆိုတာတွေပေါ့။ .........

စကော့တလန်ကခွဲထွက်ခွင့် အတွက် လူထုဆန္ဒခံယူနိုင်ခွင့်ရထားပါတယ်။လောလောဆယ် ခွဲထွက်တာကောင်းတယ် ။ဆိုးတယ်ဆိုတာကို အပြင်းအထန် ယူကေမှာဆွေးနွေးနေကြပါတယ်။

ဖွဲ့စည်းပုံ ကလူထုသဘောထားမပါပဲ ဇွတ်လုပ်ထားခဲ့ရင် ။ သေချာဆွဲမထားခဲ့ရင်ပြသနာတက်တဲ့အခါ လိုတဲ့အရပ်က လူတွေက..လိုရာဆွဲလုပ်ကြတာ...သင်ခန်းစာယူစရာပါ။ ဒီမိုကရေစီ နံမည်အောက်မှာ နံမည်ခံသက်သက်မဖြစ်ဘို့။ တဖက်သတ်မလုပ်မိခဲ့ကြဘို့ ဒီအဖြစ်အပျက်တွေက ပြောပြနေကြပါတယ်။

ခွန်ဆိုင်း( ၇-၃- ၂၀၁၄ )
13

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...