Saturday, March 8, 2014

ဝမ်းမြောက်ဂုဏ်ယူမိလို့ တစ်ဆင့်ရှယ်ယာတာပါ....


From အဘ ဥက္ကာကိုကို's Wall

ပြီးခဲ့တဲ့နှစ် မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မှာ ကမ္ဘာကပါတုန်လှုပ်အံ့သြခဲ့ရတဲ့ အကြမ်းဖက်မှုကြီး တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်သတ်ဖြတ်မှုတွေဖြစ်ပွားနေ ချိန်မှာပဲ ဒုက္ခရောက်နေသူတွေကို စွန့်စားကယ်တင်ပေးခဲ့တဲ့ လူသားဆန်သူတွေလည်း ရှိခဲ့ကြပါတယ်။ 
မိထ္ထီလာမြို့ ရတနာဦးကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဒက သူ့ဆီကို အားကိုး
တကြီး ခိုလှုံပြေးဝင်လာတဲ့ အစ္စလာမ်ဘာသာဝင် ရှစ်ရာကျော်ကို ရဲရဲရင့်ရင့်ပဲ ကယ်တင်ပေးခဲ့တာပါ။

ဆူပူနေတဲ့လူတချို့က အဲဒီဒုက္ခသည်တွေကို ကျောင်းထဲက ထုတ်ပေးဖို့ တုတ်ဓားတွေနဲ့ လာပြောတဲ့အချိန်မှာ ဆရာတော်က မိမိကိုသတ်ပြီးမှ ဒီဒုက္ခသည်တွေကို သတ်ပါလို့ ရဲရင့်စွာ ပြောခဲ့တာမို့ အကြမ်းဖက်ဖို့လာသူတွေ ပြန်လှည့်သွားခဲ့ပြီး လူရှစ်ရာကျော်ကို အသက်ဘေးက ကယ်တင်နိုင်ခဲ့ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအတွက် ဆရာတော်ရဲ့ စွမ်းဆောင်ချက်က နမူနာကောင်းဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တာမို့ 7Day Hero 2013 ဆုရှင်အဖြစ် ဆပ်ကပ်ဂုဏ်ပြုခြင်းဖြစ် ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...