Saturday, March 8, 2014

ရန်ကုန်မသွားတော့ဘူး.....


တခါက တုန်းကပေါ့ဗျာ ကျွန်တော် ဟာသ မင်းသား ရန်ကုန်မြို့သို့သွားရန် အကြောင်းဖန်လာသတဲ့ ။ ရန်ကုန်ကိုလည်း တစ်ခါမှမရောက်ဖူး ၊ မိမိတို့အညာ မှ ကားစီးသွားလျှင် ရောက်တယ် ဆိုတာတော့ သိတယ်ဗျ။ ရန်ကုန်သားဖြစ်ဖူးသော အနော် ဦးလေးက လိပ်စာလေးရေးပေးကာ ကူညီလိုက်လို့တော်သေးတာပေါ့
အဲဒါနဲ့ပဲ အရဲစွန့်ပြီး ရန်ကုန်သို့ တက်လာခဲ့တော့တာပေါ့ဗျာ ။
ရန်ကုန်ကားဂိတ်ရောက်တော့အညာသားတို့ ထုံးစံအတိုင်းပေါ့ ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူးတဲ့ ။ ယောင်ပေ ယောင်ပေနဲ့ အနားကဖြတ်သွားတဲ့ လူတစ်ယောက်ကို ဦးလေး ရေးပေးလိုက်တဲ့ စာကိုပြပြီး အကူညီတောင်းလိုက်တာ ပေါ့ ။ ထိုလူက ကူညီရှာပါတယ် ။ အနော့်ကို ကားတစ်စီးပေါ်တင်ပေးလိုက်ပြီး ဆင်းရမယ့်မှတ်တိုင်ကို စပယ်ယာကို ပြောထား ပေးခဲ့သတဲ့ ။ အနော်ကိုယ်တိုင်လဲ မှတ်ထားတာပေါ့ ။ ဘာတဲ့ “မင်္ဂလာဈေး” ဆိုလားပဲ ။ ကားစီးလာရင်း ခဏမျှကြာတော့ ကျွန်တော် တော်တော်လေး ညောင်းလာတော့တယ် ။ အိမ်ကနေကားစီးလာရတဲ့ခရီးကလဲ ရှိခဲ့သေးတာကိုး ။ တော်တော်လေး ပင်ပန်းလာတာပေါ့ဗျာ့ ခေါင်းထဲလဲ မူးနောက်နောက်ဖြစ်လာတာနဲ့ ရှေ့မှာထိုင်နေတဲ့ အမျိုးသမီးကို အကူညီ တောင်းလိုက်မိတယ်ဗျာ ။
“ အမ ဟိုဘက်နဲနဲလေးတိုးပေးပါလား ၊ ဖင်လေးနဲနဲချချင်လို့ပါ ”
“ ဘာ……. ဘာပြောတယ်……… ပြန်ပြောကြည့်စမ်းပါဦး ”
“ ဟုတ်ကဲ့….. ကျွန်တော်သိပ်ညောင်းလာလို့ပါဗျာ ၊ ကျေးဇူးပြုပြီးတော့ပေါ့ ဖင်လေးချချင်လို့ပါဗျာ နော်…. နော်လို့……”
“ ရှင် မိုက်ရိုင်းလှချည်လား ၊ လူကို ဘယ်လိုအစားမျိုးထဲက အောင့်မေ့လို့လဲ ၊ ဒီမှာကားစပယ်ယာ ကားကိုအခုချက်ခြင်း ရပ်ပေးပါ ။ ”
အော်ကျယ်အော်ကျယ် အသံများကြောင့် လူတွေ အကုန်လုံး ၀ိုင်းကြည့်ကုန်ကြတယ် ။ ဒီမှာစပယ်ယာလေးရောက်လာပြီး ....“ ဘာဖြစ်ကြတာလဲဗျာ ”
“ ဒီမှာ ကျွန်မကို လာဆော်ကားနေတယ်လေ ၊ ဒီလိုလုပ်လို့ရမလား ဟင်းးးးးး ၊ ခုချက်ချင်း ရဲစခန်းသွားမယ်”
ဒီမှာ စပယ်ယာလေးက “ ကဲ ဒီက အကိုကြီးက ဘယ်လိုစော်ကားတာလဲ ပြော ”
“ မဟုတ်ပါဘူးကွာ ငါကညောင်းလွန်းလို့ ဖင်လေးချချင်တယ်လို့ ပြောတာပါကွာ ”
“ ဟာ မှားကုန်ပါပြီ အကိုကြီးကလဲ အဲလိုမပြောရဘူးလေ ထိုင်ချင်တယ်လို့ ပြောရတယ်ဗျာ ဒုက္ခပါပဲဗျာ”
“ ဆောရီးပါအမရယ် ဒီကခပ်ချောချော ပါဖြောင့်ဖြောင့် အရပ်ရှည်ရှည်နဲ့အကိုကြီးက အညာသားမို့ စကားပြောမတတ်တာပါ ၊ ဟိုသဘောမျိုးပြောတာ မဟုတ်ရပါဘူးဗျာ ကျွန်တော်သူ့အစား တောင်းပန်ပါတယ်နော် အမ ။ ”
ကားစပယ်ယာလေး ၀င်ရှင်းပြတော့မှပဲ အားလုံး နားလည်သွားကြတယ်လေ ။ဟူးတော်
သေးတယ်ဗျာ ။ နို့မိုဆို ရဲစခန်းရောက်တော့မို့ ဒါနဲ့ ဆက်စီးလာတာပေါ့ဗျာ
ကဲ အကိုကြီး ရှေ့မှတ်တိုင်ဆို အကိုကြီးဆင်းရမယ့် မင်္ဂလာဈေးမှတ်တိုင်ရောက်ပြီ
“ အေးအေး ကျေးဇူးပဲ ငါ့ကောင်ရာ ငါ့လခွေး မင်းကူညီလို့သာပေါ့ ”ကျေးဇူးနော်
“ ( _ )နံပါတ်ပါတဲ့ ကားကိုစီးနော် ” ကားပေါ်မှာလဲ ထိုင်ချင်တယ်ဆိုင် ထိုင်ချင်တယ်ပဲပြောနော် လို့မှာခဲ့လေ၏ ။

ဒီလိုနဲ့ပဲ အနော်ဟာ လွယ်အိတ်လေးနဲ့ မင်္ဂလာဈေးကိုရောက်ခဲ့လေတယ် ။အဲလိုနဲ့ ကျွန်တော်လဲ နာမည်ကြီး မဂ်လာ ဈေးကို လျှောက်ကြည့်လိုက် ပတ်ကြည့်လိုက်နဲ့ ပေါ့ဗျာ ။အဲမှာ ပြသနာက စတာဘဲဗျ။အနော် ၀င်လာတဲ့ အပေါက်ကို မမှတ်မိတော့ဘူး သွားပြီ…… အဲဒါနဲ့ အနီးမှာရှိတဲ့ မိန်းမကြီးတစ်ယောက်ကို မေးကြည့်လိုက်တယ် ။

“ ဟို အမကြီး ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး နဲနဲပြပေးပါလား ဗျာ”
“ ဘာ……. ”
“ ဟုတ်ကဲ့ ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး တစ်ချက်လောက် ပြပါလားလို့ ”
“ ရှင် မိုက်ရိုင်းလှချည်လား ” “ ဟဲ့ ဈေးကလူကြီးတွေကိုသွားခေါ်ပေးစမ်း ” “ xxxxxxxxxxxxxxxxx ”
ဈေးကလူကြီးတွေရောက်လာကြတော့တယ် ။ အနော်လဲ ကြောင်တောင်တောင်နဲ့ပေါ့
“ ကဲ ဘယ်လိုဖြစ်ရတာလဲ ဗျ ”
ဒီမှာ မိန်းမကြီးက ဖြစ်ကြောင်းကုန်စင်အောင် ပြောပြတော့တယ် ။ ဒီမှာလူကြီးတွေက……
“ ကဲ ခင်ဗျားက ဘာလို့ အဲလိုမေးတာလဲ ”ဆိုတော့
အနော်လဲ ကြောင်တောင်တောင်နဲ့
“ ကျွန်တော် ၀င်လာတုန်းက မှတ်မိတယ်ဗျ ၊ ဈေးထဲ လျှောက်ပတ်ပြီ့း ပြန်ထွက်မယ်ဆိုတော့ မမှတ်မိတော့တာ ဒါကြောင့် အဲဒီ အမကြီးကို အကူညီတောင်းရတာပေါ့ဗျာ ”
“ သြော် ဒီလိုလား ”
“ ခင်ဗျားသွားရမှာက ( _ _ _ _ ) အတိုင်းပဲ ၊ ကဲမှတ်မိပြီနော် နောက်ဆိုဒီလို မမေးနဲ့ အပြင်ထွက်တဲ့လမ်းလို့မေးနော်လို့ ပြန်ပြီးပြောပြလိုက်သတဲ့ ”
“ ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ နောင်ကြီးတို့ ကူညီလို့ပါပဲ ငါ့လခွေး ”

ဒီလိုနဲအိမ်ပြန်ရောက်ခဲ့တယ်ဗျာ ။ အိမ်ကအမျိုးတွေကတော့ မေးကြတာပေါ့ ။ ရန်ကုန်က ပျော်ဖို့ကောင်းလား ၊ ဘာလား ဆိုတော့

အနော် မှာ ပြန်မပြောနိုင်ဘဲ ဟစိဟစိ ကိုဖြစ်လို့ပေါ့ဗျာ............

ပျော်ရွင်ကြပါစေ သူငယ်ချင်းများ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...