Saturday, March 8, 2014

The Act of Killing


၁၉၆၅- ၆၆ ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူသိနည်းတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းတင်ရုပ်ရှင် The Act of Killing ကို ညွှန်းချင်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၂ ခုနှစ်မှာ စတင်ပြီး ရုံတင် ပြသခဲ့ပါတယ်။ Joshua Oppenheimer ရိုက်ကူးထား တာ ဖြစ်ပြီး တွဲဖက်ဒါရိုက်တာကတော့ Christine Cynn နဲ့ အမည်မဖော်လိုတဲ့ အင်ဒိုနီးရှားနိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကားက University of Westminster ရဲ့ စီမံချက် တစ်ခု အဖြစ်နဲ့ ရိုက်ကူး ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

လူ ငါးသိန်းကျော် သေဆုံးခဲ့ရတဲ့ စက်ဆုပ်ဖွယ်ရာကောင်းတဲ့ လူသတ်မှုအကြောင်းကို တူးဆွပြီး မှတ်တမ်းတင်ထားတဲ့ ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ် အကောင်းဆုံး ဥရောပရုပ်ရှင် မှတ်တမ်းတင်ဆု၊ အာရှပစိဖိတ် ရှင်ရှင်ဇာတ်ကားဆုနဲ့ ၈၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းတင်ရုပ်ရှင်ဖြစ် ဆန်ကာတင် ရွေးချယ်ခံရပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ် BAFTA ဆုကိုလည်း ထပ်မံ ရရှိခဲ့ပါတယ်။

၁၉၆၅ - ၆၆ ခုနှစ် အင်ဒိုနီးရှား နိုင်ငံရေး ဗရုတ်ဗရက်ဖြစ်တဲ့ အချိန်မှာ အာဏာသိမ်း စစ်အုပ်စုဟာ ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ ဒေသခံလူမိုက်အဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ကွန်မြူနစ်လို့ ယူဆရတဲ့ လူပေါင်း မြောက်မြားစွာကို သတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ ထုံးစံအတိုင်း ကွဲပြားမှု ရှိနေပါတယ်။ တစ်ချို့က လူတစ်သန်းကျော်လို့ ဆိုကြသလို တစ်ချို့တော့ ငါးသိန်းကျော်လို့ ဆိုကြပါတယ်။

ဒီဇာတ်ကားဟာ သမိုင်းသင်ထောက်ကူဇာတ်ကား မဟုတ်တာကြောင့် သမိုင်းနောက်ခံ ကိစ္စတွေကို အနည်းအကျဉ်းပဲ ဖော်ပြထားပါတယ်။ ဒီတော့ကာ ဒီဇာတ်ကားကို ကြည့်မယ်ဆိုရင် ၁၉၆၅ - ၆၆ ခုနှစ် အင်ဒိုနီးရှား လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အနည်းအကျဉ်း လေ့လာ ဖတ်ရှုဖို့ လိုပါလိမ့်မယ်။ ၀ီကီပိဒီယားမှာ ဖတ်ကြည့်လို့ ရပါတယ်။ http://is.gd/PRGXCl

ကွန်မြူနစ်လို့ ယူဆရတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေနဲ့ ဒေသခံ တရုတ်လူမျိုးတွေကို အငြိုးတကြီး သတ်ဖြတ်ခဲ့သူတွေဟာ ကနေ့ခေတ်မှာ အောင်မြင်တဲ့ သတင်းစာတိုက်ပိုင်ရှင်၊ သြဇာညောင်းတဲ့ ပြည်သူ့စစ်ခေါင်းဆောင်၊အစွယ်မကျိုးသေးတဲ့ လူမိုက်ခေါင်းဆောင် အစရှိတဲ့ ဘ၀တွေမှာ ရှင်သန်နေကြတုန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၀မ်းနည်းဖို့ ကောင်းတဲ့ အချက်က ဒီလူသတ်သမားတွေဟာ တိုင်းပြေကို ကွန်မြူနစ်ရန်ကနေ ကယ်တင်ခဲ့တဲ့ သူရဲကောင်းတွေ အဖြစ်နဲ့ အခုအချိန်အထိ ရပ်တည်နေကြတုန်းပဲ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူတွေ လိပ်ပြာလုံရဲ့လား ဆိုတာကို ဒါရိုက်တာက တူးဆွပြီး တင်ပြထားပါတယ်။ သူတို့ လုပ်ရပ် မှန်ကန်တယ်လို့ ယူဆကြပေမယ့် သတ်ဖြတ်မှု အတွက် လိပ်ပြာ မလုံ ဖြစ်ရတယ် ဆိုတာကို ပေါ်လွင်အောင် တင်ပြထားပါတယ်။ ဒီလို သတ်ဖြတ်ခဲ့တာ အပြစ်မရှိဘူး။ အတိတ်က လုပ်ရပ်အတွက် နောင်တ မရဘူး ဆိုတဲ့ လူသတ်သမားကိုလည်း ဖော်ပြထားပါတယ်။

အနောက်တိုင်း အက်ရှင်ဇာတ်လမ်းတွေကို စွဲလမ်းတဲ့ လူသတ်သမားတွေဟာ ကွန်မြူနစ်လို့ စွပ်စွဲခံရတဲ့ လူတွေကို ရုပ်ရှင်ဇာတ်ကားထဲက လူသတ်နည်းတွေ သုံးပြီး သတ်ဖြတ်ခဲ့တာကို လူသတ်မှုမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် အဏ္ဏ၀ါကွန်ဂိုနဲ့ လူမိုက်ခေါင်းဆောင် ဟာမန်ကိုတို တို့က သူတို့ လူတွေကို ဘယ်လို သတ်ခဲ့သလဲ ဆိုတာကို ပြန်လည်ပြီး သရုပ်ပြ ဆောင်ရွက်ထားပါတယ်။

လူပေါင်းမြောက်မြားစွာကို သတ်ဖြတ်ခဲ့တဲ့ ပါးကွက်သား အဏ္ဏ၀ါကွန်ဂို အခု အချိန်မှာ ဘယ်လို ခံစားရသလဲ၊့  အင်ဒိုနီးရှား တိုင်းပြေမှာ နေထိုင်တဲ့ အဏ္ဏ၀ါကွန်ဂို အနေနဲ့ အိန္ဒိယရဲ့ အယူအဆ ဖြစ်တဲ့ ကမ္မ၀ါဒကို ဘယ်လို သဘောပေါက်သလဲ၊ ခေတ်စနစ်နဲ့ အယူဝါဒဟာ လူသားတွေကို ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သလဲ ဆိုတာကို ကြည့်ရှုပြီး သံဝေဂ ယူနိုင်ကြဖို့ ဒီဇာတ်ကားကို ကြည့်ရှုသင့်ပါတယ်။

Torrent Download - http://mgnet.me/.THE_ACT_OF_KILLING

IMDB Review - http://www.imdb.com/title/tt2375605/

WIKI Article on Indonesian Killings of 1965–66 - http://is.gd/PRGXC

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...