Saturday, March 15, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၃)

သစ်ထူးလွင်


Posted: 15 Mar 2014 06:54 AM PDT
ပြီးခဲ့သည့် စနေနေ့ မနက်ပိုင်း ကတည်းက ပျောက်ဆုံး နေခဲ့ပြီး ယခု ထိတိုင် သဲလွန်စ ပင် မရသေးသော မလေးရှား လေကြောင်း လိုင်းပိုင် လေယာဉ် MH370 ပြန်တွေ့ရေး အတွက် မလေးရှား အာဏာပိုင် များသည် နတ်ဆရာ များ ကိုပါ အားကိုး နေသည် ဟူသော စွပ်စွဲချက် ကို သောကြာနေ့ တွင် မလေးရှား အာဏာပိုင် များ က ငြင်းဆို လိုက်သည်။ ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ လေဆိပ် (KLIA) တွင် မူဆလင် နတ်ဆရာ များ ဘာသာရေး အစီအမံ များ ပြုလုပ်ကာ လေယာဉ်
Posted: 15 Mar 2014 06:52 AM PDT
ရွေးကောက်ပွဲ ကော်မရှင် တွင် ခန့်ထား သူများနှင့် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သော ဥပဒေ များကို မ ပြင်ဆင် ပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲ သည် လွတ်လပ် နိုင်သော် လည်း တရား မျှတ မှုမရှိ နိုင်ကြောင်း NLD ပါတီ ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးဉဏ်ဝင်း က The Messenger သတင်းစာ သို့ ပြောသည်။ တရားမျှတဖို့ဆိုရင် ကော်မရှင်ကို လည်းပြောင်းလဲ သင့်တယ်။ ဥပဒေ တွေကို လည်း ပြင်ရမယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ တွေလည်း ပြင်ရမယ်။
Posted: 15 Mar 2014 05:25 AM PDT
ရန်ကုန်၊ မတ် ၁၅ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်နေ ဒေါ်စန္ဒာသည် စီးပွားရေးအတူ လုပ်ကိုင်သူ ဗြူတီးဆလွန်းဆိုင်ပိုင်ရှင် အငယ်လေး(ခ)မခင်သန္တာစောမှ ၆.၃.၂၀၁၄ရက်က အကြွေးဆပ်ထားသော ငွေကျပ် သိန်း(၆၀၀)အား နေအိမ်အိပ်ခန်းကုတင်ပေါ်တွင် ကြွပ်ကြွပ်အိတ်များဖြင့်ထည့်၍ စုပုံထားပြီး ၁၃.၃.၂၀၁၄ရက်နေ့ နံနက်တွင် နေအိမ်အားသော့ခတ်ကာ မိသားစုနှင့် အတူ တာမွေကမ္ဘောဇဘဏ်ခွဲသို့ အငယ်လေး(ခ)မခင်သန္တာစော ပေးထားသည့် ချက်လက်မှတ်ဖြင့်ေ
Posted: 15 Mar 2014 05:11 AM PDT
ရန်ကုန်၊ မတ် ၁၅ ၁၅.၃.၂၀၁၄ ရက်နေ့ ၁၁၀၀အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းရှိ တိုက်အမှတ်(--)၊ (၅)လွှာမှ အမျိုးသမီး (၁)ဦးပြုတ်ကျ သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မတင်တင်ရီ (၃၉)နှစ်၊ ချောက်မြို့နယ်နေသူဖြစ်ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နားနှင့်ပါးစပ်တို့  သွေးထွက်ဒဏ်ရာ၊ ယာလက်ပွန်းပဲ့ ဒဏ်ရာများရရှိကာေ
Posted: 15 Mar 2014 04:22 AM PDT
အစိုးရနှင့် တပ်မတော်ဘက်က ပြည်သူလူထုကို ဖိနှိပ်ပြီး အကြမ်းဖက်ဖြေရှင်းမှုများ ရှိလာပါက ကျောင်းသားတပ်မတော်သည် လက်နက်ပြန်ကိုင်ဖို့ အဆင်သင့်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ဥက္ကဌဦးသံခဲကပြောသည်။ မတ်လ၁၅ရက်၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်တည်ရှိရာ ဒေါင်းတမန်စခန်းတွင် ပြုလုပ်သည့် ဒဿမအကြိမ် ညီလာခံပိတ်ပွဲအခမ်းအနားတွင်ြေ
Posted: 15 Mar 2014 04:16 AM PDT
မော်လိုက်၊ မတ် ၁၅ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၊ သရက်ကုန်း မြို့မ(၁)ရပ်ကွက်တွင် ယခုလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က အမျိုးသားတစ်ဦးသည် မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့ရာတွင် ကြိုးပြတ်ကျသဖြင့် သေကံမရောက်ခဲ့သော်လည်း မိမိကိုယ်ကို အဆုံးစီရင်းမှုဖြင့် ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ရကြောင်း မော်လိုက်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ထိုသို့ မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့သည့်
Posted: 15 Mar 2014 05:32 AM PDT
ရန်ကုန်၊ မတ် ၁၅ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ နေ့စဉ် ဖြစ်ပွားနေသော မှုခင်းသတင်းများ နှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ Yangon Police Facebook မှ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သတင်းထုတ်ပြန်ရေးအဖွဲ့၊ မှုခင်းဌာနမှလည်းကောင်း ထုတ်ပြန်ပေးလျက်ရှိပြီး သတင်းဂျာနယ်များမှ ထုတ်ပြန်နိုင်ရေး အတွက်နေ့စဉ် သတင်းမီဒီယာအဖွဲ့များ လာရောက် သတင်းရယူပါက ဆောင်ရွက်ပေးခြင်း၊ MRTV၊ MRTV 4 နှင့် Sky Net Police Channel
Posted: 15 Mar 2014 04:06 AM PDT
ရန်ကုန်၊ မတ် ၁၅ ၁၄.၃.၂၀၁၄ရက်နေ့ ၁၇၀၀အချိန် လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ အ၀င်ကားလမ်းဘေး ငမိုးရိပ်ချောင်း တံတားထိပ်တွင် ယာဉ်မောင်း ဦးရဲနိုင်မောင်းနှင်သည့် 3B---UD(၁၀)ဘီးယာဉ်ပေါ်မှ ကျောက်မီးသွေးများကို အလုပ်သမားများ ဖြစ်ကြသောဒဂုံမြို့သစ်(အရှေ့ပိုင်း)မြိုကနယ်နေနိုင်မင်း၊ မျိုးမြင့်တို့မှ ယာဉ်မောင်းနေလင်းထွန်း မောင်းနှင်သည့် 2G--- Faw အမျိုးအစား ယာဉ်ပေါ်သို့ ပြောင်းကာ တင်ဆောင်ခဲ့ပြီး
Posted: 15 Mar 2014 04:02 AM PDT
လက်ပံတောင်းဒေသ ကြေးနီ စီမံကိန်းကြီး အနီး တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု များ ကို နယ်စပ် ဒေသ များမှ လာရောက် လုပ်ကိုင် နေသည့် တရုတ် ကပြား များမှ ကျယ်ပြန့် စွာ လုပ်ကိုင် နေကြောင်း ကြေးနီ စီမံကိန်း အတွင်းရှိ အလုပ်သမား ၀န်ထမ်း များက The Messenger သတင်းစာ သို့ ပြောသည်။ အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ် နေမှု ကို ၂၀၁၃ ခုနှစ် ကတည်း က စတင်လုပ် ကိုင်နေပြီး၊ မူးယစ် ဆေးသုံးစွဲသူအများစုမှာ နယ်စပ် ဒေသ များတွင်ေ
Posted: 15 Mar 2014 03:58 AM PDT
ရွှေပြည်သာ စက်မှုဇုန် ရှိ Shining Access အထည်ချုပ် အလုပ်သမား များမှ အလုပ်ရှင် သို့ အလုပ် ထုတ် နစ်နာကြေး တောင်း မှုနှင့်ပတ်သက် ၍ ခုံ သမာဓိ ကောင်စီ က စက်ရုံ ပိုင်ရှင် အနေ ဖြင့် လျော်ကြေး ငွေ ကျပ် သိန်း (၁၀၀) ပေးရန် ဆုံးဖြတ် လိုက်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ခုံသမာဓိ ကောင်စီ အတွင်း ရေးမှူး ဒေါ်နွဲ့ နွဲ့ရီ က The Messenger သတင်းစာသို့ ပြောသည်။ အလုပ်ရှင်က လိုက်နာ၊ မလိုက်နာကို စောင့်ကြည့် သွားမယ်။
Posted: 15 Mar 2014 03:48 AM PDT
တပတ်ကြာပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်တွေကို လေယာဉ်ပေါ်မှာ ပါတဲ့ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ ပိတ်ပစ်ခဲ့တာ ဖြစ်ဖို့ သေချာသလောက်ပဲလို့ မလေးရှား ၀န်ကြီးချုပ်က မတ် ၁၄ ရက်နေ့မှာ ပြောပါတယ်။ ဂြိုလ်တု ဆက်သွယ်ရေးစနစ်နဲ့ ရေဒါ အချက်အလက်တွေကို ခြေရာခံပြီး ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောလိုက်တာပါ။ လေယာဉ်ပေါ်က ဆက်သွယ်ရေးစနစ်ကို တယောက်ယောက်က ရည်ရွယ်ချက် ရှိရှိြ
Posted: 15 Mar 2014 03:44 AM PDT
မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာ တွင် ဘင်္ဂါလီများက မိမိတို့အိမ်များကို မီးရှို့သဖြင့် မီးများလောင်နေကြောင်းသိရသည်။ နေ့လည် ၁၂နာရီမှစပြီးလောင်နေရာ ယခု အချိန်တွင် မောင်တောပတ်ဝန်းကျင်ဒေသတွင် လေတိုက်နေသဖြင့် မီးများငြိမ်းသတ်၍ မရနိုင်သေးကြောင်းသိရသည်။ ယင်းလောင်ဒုံရွာတွင် လွန်ခဲ့သော တစ်ပတ်ကလည်း ဘင်္ဂါလီများမီးရှို့သဖြင့် အိမ် တစ်ရာ နီးပါးမီးလောင်ခဲ့ကြောင်းသိရသည်။ Coral
Posted: 15 Mar 2014 03:28 AM PDT
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ ဆက်သွယ်ရေး စနစ်တွေကို ခြေရာခံလို့မရအောင် လေယာဉ်ပေါ်က တစ်စုံတစ်ယောက်က ရည်ရွယ်ချက်နဲ့ ပိတ်ပစ်ခဲ့တယ်လို့ မလေးရှား ၀န်ကြီးချုပ် Najib Razak က ပြောလိုက်ပါပြီ။ ထပ်မံသိရှိရတဲ့ ဂြိုဟ်တုနဲ့ ရေဒါ အချက်အလက်တွေ အရ လေယာဉ်ဟာ ခြေရာပျောက်သွားပြီးနောက်မှာ လမ်းကြောင်းပြောင်းလိုက်ပြီး နောက်ထပ် ၇ နာရီလောက် ဆက်လက် ပျံသန်းနေခဲ့တယ်လို့ သူက ပြောပါတယ်။ လေယာဉ်ဟာ ထွက်ခွာပြီး
Posted: 15 Mar 2014 03:26 AM PDT
ခရီးသည် ၂၃၉ ယောက်နဲ့ အတူ အရင် တပတ်က ပျောက်ဆုံး သွားတဲ့ မလေးရှား လေကြောင်းက လေယာဉ် ဆက်သွယ်ရေး စနစ်တွေ ပျက်ပြား ချို့ယွင်းအောင်လုပ်တဲ့ သဘောတွေ့ရတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောကြား လိုက်ပါတယ်။ လေယာဉ်ပေါ် ပါသူ တယောက်က တမင် လုပ်သလား ဆိုတဲ့ တွေးစရာ တွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။ နောက်ဆုံး တွေ့ရှိချက် တွေ အရ လေယာဉ် လှည့်ပြန် လာတယ် လို့ အတည်ပြု နိုင်ကြောင်းလည်း မစ္စတာ ရာဇက်က ပြောပါတယ်
Posted: 15 Mar 2014 03:16 AM PDT
ကြာသပတေးနေ့ ညနှောင်းပိုင်းက စင်္ကာပူနိုင်ငံ ဘီရှန်းအရပ် လမ်းနံပါတ် ၂၂ တိုက်အမှတ် ၂၆၃ အောက်တွင် အမျိုးသမီးတစ်ဦးလဲကျနေကြောင်း အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များသွားရောက်ခဲ့ရာ အသက် ၃၀ ကျော်အရွယ်ရှိသူ အမျိုးသမီးအား ငြိမ်သက်လျှက်တွေ့ရှိရကြောင်း သိရသည်။ ဆေးဘက်အကူများက သေဆုံးကြောင်း အတည်ပြုခဲ့ပြီး သေမှုသေခင်းအား စင်္ကာပူရဲတပ်ဖွဲ့က သွေးရိုးသားရိုးမဟုတ်သော သေဆုံးမှုအဖြစ် စုံစမ်းစစ်ဆေးလျှက်ရှိသည်။ ေ
Posted: 15 Mar 2014 03:14 AM PDT
ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ
Posted: 15 Mar 2014 02:53 AM PDT
နေပြည်တော်၊ မတ်လ ၁၅ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့၊ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့မရဲစခန်းသို့ ဆင်ပေါင်ဝဲမြို့နယ်၊ xxxxxxxရွာနေ မxxxxx(၁၆)နှစ်ရောက်ရှိလာပြီး လွန်ခဲ့သော(၅)လခန့်၊ ရက်မမှတ်မိနေ့ ည(၆)နာရီအချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် အရက်မူးနေသည့် ဖခင်အရင်းဖြစ်သူ ဦးကုလား(ခ)တင်ငွေ(၅၂)နှစ်မှ ““သမီးရေ လာအုံး””ဟုခေါ်ကာ ဓါးနှင့်ထောက်ပြီး အလိုမတူဘဲ
Posted: 15 Mar 2014 02:43 AM PDT
လက်ရှိရရှိနေသည့် ဝင်ငွေ အတိုင်း မြန်မာနိုင်ငံတွင် မရရှိနိုင် သောကြောင့် ထိုင်းနိုင်ငံရောက် ကြေး ကွင်းဝတ် ကယန်း(ပဒေါင်)တိုင်းရင်း သားများအနေဖြင့် မြန်မာနိုင်ငံသို့ပြန် မလာကြခြင်းဖြစ်ကြောင်း ကယား ပြည်နယ်အခြေစိုက် ကယန်းအမျိုး သားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးပေါလုချမ်းကပြောသည်။ ''သူတို့ကို ပြန်လာစေချင်တယ်။ သွားခေါ်တော့ ပြန်လာတဲ့သူလဲ ပြန် လာပါတယ်။ သွားလိုက်လာလိုက် ပေါ့။ ပြန်လာနေဖို့ အဓိကအခက်အခဲ
Posted: 15 Mar 2014 02:39 AM PDT
ရန်ကုန်၊ မတ် ၁၄ ရှမ်းပြည်နယ် အတွင်းရှိ တိုက်ပွဲများ လျှော့ချရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆက်ဆံရေး ရုံးများ သုံးလတစ်ကြိမ် တွေ့ဆုံရန် နှစ်ဖက် သဘောတူညီမှု ရရှိကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက ပြောကြားသည်။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှုများ ရှိနေသောကြောင့် တောင်ကြီးမြို့တွင် မတ်လ ၁၃ ရက်နှင့် ၁၄
Posted: 15 Mar 2014 02:37 AM PDT
ရန်ကုန်၊ မတ် ၁၄ ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ လူဦးရေနှင့် အိမ်အကြောင်း ဆိုင်ရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး ထောက်ပံ့ငွေများကို သွားလာရေး ခက်ခဲသော ဝေးလံဒေသများသို့ လွှဲပြောင်းရာတွင် ကမ္ဘောဇဘဏ် လီမိတက်နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း UNFPA ဌာနေ ကိုယ်စားလှယ် Ms. Janet Jackson က ပြောကြားသည်။ ရန်ကုန်မြို့တော် Chatrium Hotel တွင် မတ်လ ၁၄ ရက်နေ့က ပြုလုပ်သော
Posted: 15 Mar 2014 02:28 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပညာရေးကွန်ရက်ရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်းတွေ ရေရှည်ဆက်လက်ဖွင့်လှစ်နိုင်ဖို့နဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးဖို့ ရန်ပုံငွေလို အပ်နေတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပညာရေးကွန်ရက်အနေနဲ့ နိုင်ငံတ၀န်း ပညာဒါနစာသင်ကျောင်းပေါင်း ၁၅၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းသား ၁ သောင်းခွဲကျော်ကို အခမဲ့ပညာသင်ကြားပေးနေတာပါ။
Posted: 15 Mar 2014 02:21 AM PDT
မောင်တော၊ မတ် ၁၄- မြန်မာ- ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနိုင်ငံနယ်စပ် များ တွင် ဆောင်ရွက်နေသည့် နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် အတူ နယ်စပ်တစ်လျှောက် လုံခြုံရေး စခန်း ၃၅ခုကိုလည်း တည်ဆောက်နေ ကြောင်း သက်ဆိုင် ရာမှ သိရသည်။ အဆိုပါနယ်စပ်လုံခြုံရေးကင်း စခန်းများကို ချောင်းဝင်ပေါက် တစ် နေရာတွင် တစ်ခုစီ တည်ဆောက် ထား ခြင်းဖြစ်ပြီး ချောင်း ၀င်ပေါက်မရှိသော် လည်း လူဝင်/လူထွက်များသည့် နေရာ များတွင်လည်း
Posted: 15 Mar 2014 02:14 AM PDT
မန္တလေး၊ မတ် ၁၄ အလုပ်သမား ဝန်ကြီးဌာနက ကောက်ယူနေသည့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး စစ်တမ်းကို ၂၀၁၄ ခုနှစ် ဇွန်လ နောက်ဆုံးထားကာ ကောက်ယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ရက်အတိအကျ ပြောလို့ မရပေမယ့် ဇွန်လ အပြီးသတ် ကောက်ယူဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ယင်းစစ်တမ်း ကောက်ယူရေး
Posted: 15 Mar 2014 02:11 AM PDT
မန္တလေး၊ မတ် ၁၄ လူမျိုးရေး၊ ဘာသာရေးစသည့် အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက စနစ်တကျ ထိန်းသိမ်းနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲတပ်ရင်းများကို လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်း ဥရောပသမဂ္ဂ (EU) က မတ်လ နောက်ဆုံးပတ်ခန့်တွင် သင်ကြားပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ သင်တန်းကို ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ရွှေစာရံကျေးရွာ ရဲတပ်ရင်း အမှတ် (၄) တွင်
Posted: 14 Mar 2014 06:36 PM PDT
ပျောက်ဆုံးနေဆဲ ခရီးသည် ၂၃၉ ဦးပါ မလေးရှားလေကြောင်းလိုင်းက ဂျက်လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာထဲကို ပျက်ကျသွား ဖွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ခရီးစဉ် အမှတ် ၃၇၀ ဟာ လွန်ခဲ့တဲ့သီတင်းတစ်ပတ်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာအပေါ် ခိုင်မာ တဲ့အထောက်အထားကို စုံစမ်းစစ်ဆေးသူတွေ ခုထိ မတွေ့သေးပါဘူး။ ခန့်မှန်းသုံးသပ်ချက်တွေထဲမှာတော့ ပြန်ပေးဆွဲခံရတာ၊ စက်ပိုင်းဆိုင်ရာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...