Saturday, March 15, 2014

လူမဆန်တဲ့ပိတောက်



ပိတောက်
မင်း မရောက်ခင် ...
လူတွေ
ပြုံးပျော်နေလိုက်ကြတာ
တူးပို့ တူးပို့ ။



ပိတောက်
မင်း ရောက်လာတော့လည်း
လူတွေ
မြူးပျော်နေလိုက်ကြတာ
ဟောတော့ ရေတွေစိုကုန်ပြီ ။

ပိတောက်
မင်း ပြန်သွားတော့
လူတွေကပြောတယ်
''သင်္ကြန်ပြီးရင်
သင်္ကြန်သီချင်းတွေက
ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး ''တဲ့။

ပိတောက်
စိတ်မနာဘူးနော်
နောက်တစ်ခေါက်
မင်း ရောက်လာပြန်ပြီ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...