Sunday, March 16, 2014

အိမ်ထောင်ဆိုတာဘာလဲ

အိမ်ထောင်ဆိုတာဘာလဲ
================
ခွန် ကိုကို --- “အိမ်ထောင်ဆိုတာဘာလဲ”
ဟာသမင်းသား --- “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။  အထဲရောက်နေတဲ့လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

ခွန် ကိုကို ---- “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ဟာသမင်းသား  ---- “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

ခွန် ကိုကို--- “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ဟာသမင်းသား --- “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

ခွန် ကိုကို ---- “မိန်းမဆိုတာဘာလဲ”
ဟာသမင်းသား ---- “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

ခွန် ကိုကို ---- “မယားငယ်ဆိုတာ ဘာလဲ”
ဟာသမင်းသား ---- “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

ခွန် ကိုကို ----- “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ဟာသမင်းသား  --- “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

ခွန် ကိုကို ---- “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ဟာသမင်းသား ---- “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနိုင်တာတော့ အမှန်ပဲ”

ခွန် ကိုကို ---- “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ဟာသမင်းသား  ---- “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

ခွန် ကိုကို-- -“အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ဟာသမင်းသား - -- “နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့ အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

ခွန် ကိုကို --- “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ”
ဟာသမင်းသား  --- “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား”

ခွန် ကိုကို ---- “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ဟာသမင်းသား ---- “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

ခွန် ကိုကို ---- “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ဟာသမင်းသား ---- “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

ခွန် ကိုကို - ---“ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ဟာသမင်းသား  ----- “ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

ခွန် ကိုကို - ---“ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ဟာသမင်းသား  ----- “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့   လူပါလားလို့ချီးကျုးတဲ့အခါမှာ”

ခွန် ကိုကို --- “ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ဟာသမင်းသား-- “ယောက်ျားအများကြီးရဲ့အာရုံစိုက်မှုကိုခံရတဲ့ဘ၀ကို ယောက်ျားတစ်ယောက်
ထဲရဲ့  အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့”

ခွန် ကိုကို --- “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ဟာသမင်းသား  -- “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည် ၀ယ်ပေးလိုက်”

ခွန် ကိုကို -- “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ဟာသမင်းသား  - --“ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို အဆုံးခံမလားလို့မေးတယ်၊မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

ခွန် ကိုကို --- “စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ဘာများကွာခြားသလဲ”
ဟာသမင်းသား  --- “ခြောက်လုံးပြူး နဲ့ စက်သေနတ်လိုပေါ့ဗျာ”

ခွန် ကိုကို --- “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောက်ျားကို ယူချင်ရင် ဖြစ်မလား”
ဟာသမင်းသား -- - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးယောက်တော့ယူရမယ်”

ခွန် ကိုကို-- -“ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ဟာသမင်းသား -- - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

ခွန် ကိုကို --- “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ဟာသမင်းသား  ---- “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...