စိတ်အိုင်ထွန်းချိန်.
ဒီနေ့ကျတော့ အချိန်ပိုတယ်
နေရောင်ခြည်အောက်
အစာ ချက်လုပ်တဲ့ ရှင်သန်ခြင်းတွေလား...
သမိုင်းပေး တာဝန်လား...
လုပ်သင့် လုပ်ထိုက်တာလား
လားပေါင်းများစွာထဲ
ငါ ပိတ်မိနေတုန်း...
မျောက်ကလေး ပြောသလို
လူလုပ်ရတာ ပင်ပန်းလိုက်တာ။
ဒီလို...
တမာလည်းနု.. .
ကျေးလည်းဥ...
ကံ့ကော်ဖူးတဲ့နွေဦးမှာု
တိတ်ဆိတ် အေးချမ်းတဲ့
အမြဲစိမ်းတောနက်ထဲက
အမည် မသိ သစ်ပင်ကြီးရဲ့
ဂွကောင်းကောင်း
သစ်ခွ သစ်ခက်တွေကြား တစ်ရေးတမော
အိပ်စက်ခွင့်ပေးရမှာ
ခုတော့
မိုးနတ်မင်းကြီးရေ.,
မင်းပေးတဲ့ တစ်နေ့တာတွေဟာ သတ္ထုဆန်လိုက်တာ လွန်ပါရော...။
0 comments:
Post a Comment