Sunday, March 16, 2014

◊ ကိုရီးယားထမင်းလိပ်(ဂင်ဘတ်) (သို့) ရေညှိထမင်းလိပ် လုပ်နည်းလေး

အရင်ဆုံး ပါဝင်တဲ့ ပစ္စည်းလေးတွေ အရင် ပြင်ဆင်ရအောင်
۩ရေညှိ
۩ထမင်းဖြူ
۩ကြက်ဥ
۩ကြက်အသားပြား (ကြက်အူချောင်း (သို့) အသား ထည့်ချင်လဲ ရပါတယ်)
۩သခွားသီး
۩ကြက်သွန်မြိတ်
۩မုန်လာဥနီ
۩ကြက်သားမှုန့်

ကဲ.......ပြုလုပ်နည်းလေးပြောပါတော့မယ်



(၁)ပထမဆုံးကြက်ဥ ကို ခေါက်ပါမယ်.....

ခပ်ထူထူလေးဖြစ်အောင်လို့

ညီမကတော့ဂျုံမှုန့်နဲနဲသုံးပါတယ်

ဆားအပေါ့အငန်လိုသလောက်ထည့်ပါ...

ဒယ်အိုးအပြားနဲ့ ခပ်ထူထူလေးကြော်ပါ....

ရရင် လိုသလောက်လေးတွေ လှီးထားလိုက်ပါ

(၂)သခွားသီးကိုအခွံနွှာပြီးအချောင်းလေးတွေလှီးပါ.....

(၃) ကြက်သွန်မြိတ်ကိုလဲ အမြိတ်လေးကိုပဲ လိုသလောက်ဖြတ်ယူပါ

(၄)မုန်လာဥနီ ကိုတော့ ခြစ်ထားပါတယ်....

အချောင်းလေးတွေ လှီးလဲ အဆင်ပြေပါတယ်..

(၅)ကြက်သားပြားကတော့ အကင်ဆိုင်တွေမှာ ရတတ်ပါတယ်....

.ကြက်သားပြားမဟုတ်လဲ ကြက်အူချောင်းး အသား နှစ်သက်တာကို

ထည့်နိုင်ပါတယ်....ကြော်ပြီး လိုသလောက်လေးတွေပိုင်းလိုက်ပါ

» « » « » « » « » « » « » « » « » « » « » « » « » «

ကဲ...ခုလိုလေး ရပြီဆိုရင်......ထမင်းလိပ် စလိပ်လို့ရပြီ.....

.အော် ရေလေးတစ်ခွက် ခပ်ထားဦးနော်

(1) ထမင်းပူပူကို နဲနဲအငွေ့သေအောင် ထားပြီး

နှမ်းဆီ ( သို့ ) ဟင်းရွက်ဆီ နဲနဲထည့်

ကြက်သားမှုန့်အနေတော်လောက်ထည့်ပြီး သမအောင်နယ်ပါ

ပြီးရင် ရေညှိပေါ်မှာ ထမင်းကိုဖြန့်ပါ......

အပေါ်က နည်းနည်းတော့ဖိပေးပါ.....

ထမင်းထည့်တဲ့အခါ နည်းနည်းလေးတော့ အလွတ်ချန်ထားနော်....

ထမင်းဖြန့်ပြီးပြီ ဆိုရင် အသီးအနှံအစာပလာတွေ ထည့်လို့ရပြီ

အစုံအလင်လေးထည့်........

.ထမင်းထည့်ရင်.အများကြီးတော့ သွားမထည့်နဲ့ဦး လိပ်ရခက်နေဦးမယ်..

ခုနက ရေခပ်ထားတယ်ဟုတ်.....

လွတ်နေတဲ့နားလေးကို ရေလေးနည်းနည်းဆွတ်ပြီး လိပ်လိုက်ပါ

ယင်းလိပ်နဲ့လိပ်.......

ယင်းလိပ်မရှိရင်လဲစက္ကူထူထူလေး ကတ်ထူစက္ကူနဲ့လဲ လိပ်လို့ရပါတယ်

ကျစ်သွားအောင် ယင်းလိပ်ကို ခပ်ကျစ်ကျစ်လေးညှစ်ပေးပါ

အဲဒါဆိုရင်တော့ ကျစ်ကျစ်လစ်လစ်နဲ့ အရသာရှိတဲ့ ထမင်းလိပ်လေးရပါပြီ

ထမင်းလိပ်ကို မလှီးခင် ဓါးကို ရေလေးနည်းနည်းဆွတ်ပါ....

.ဆီလဲရတာပဲ....လှီးရလွယ်တာပေါ့

အိမ်မှာပဲ အပျင်းပြေသူငယ်ချင်းတွေနဲ့လုပ်စားစားးးးးးးးး

  ပျော်ပွဲစားထွက်ပဲ ထည့်သွားသွား အဆင်ပြေပါတယ်နော်.....

စားဖိုမှူးညီအမ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...