Monday, March 17, 2014

ချစ်ခဲ့ဖူးသမျှ အခွေဖြင့် ရေပန်းစားနေတဲ့ တေးသံရှင် ပိုပိုနှင့် တွေ့ဆုံခြင်း

ကျော်လင်းနိုင် (ရိုးရာလေး) 

ယခုလတ်တလော လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ တေးသံရှင် ပိုပိုနှင့် တွေ့ဆုံခဲ့ပါတယ်။ 
လူငယ်ရင်ထဲကို ထိစေတဲ့ စာသားလေးတွေကို သီဆိုခဲ့တဲ့ ပိုပိုကို ခုလိုမေးမြန်းခဲ့ပါတယ်။

မေး ။       ။ အနုပညာလောကထဲကို ဘယ်အချိန်မှာ စပြီးဝင်ရောက်ခဲ့တာပါလဲ

ဖြေ ။          ။ ပိုပိုက အနုပညာလောကထဲက အသက် ၁၇ နှစ်လောက်က ရောက်လာခဲ့တာပါ။ 

မေး  ။                 ။ ပထမဆုံး သီချင်းဆိုခဲ့တာက ဘယ်နေရာမှာလဲ

ဖြေ  ။                   ။ အဲဒါကတော့ နယ်ဘက်မှာပါ။ မကွေးမြို့ဘက်က နယ်ပွဲလေးတစ်ခုမှာ စတင်ပြီး ဖျော်ဖြေခဲ့ပါတယ်။ 

မေး ။                     ။ ဆိုခဲ့တဲ့ သီချင်းကရော

ဖြေ ။               ။ အဲဒီမှာ သီဆိုဖျော်ဖြေခဲ့တဲ့ သီချင်းကတော့ ခုထွက်တာတဲ့ အခွေထဲမှာ မပါပါဘူး။ အဲမှာဆိုခဲ့တာတွေက အသစ်လေးတွေပါ။

မေး ။                  ။ ဘာမှမလိုဘူး သီချင်းကို ရေးဖြစ်ခဲ့တဲ့ အကြောင်းလေးကရော 

ဖြေ  ။                   ။ အမှန်တော့  အဲသီချင်းလေးက လမ်းဘေးမှ ရေးခဲ့တာပါ။ အဲသီချင်းကို အစကတော့ အဆိုတော် တစ်ယောက်က သူ့အခွေထဲမှာ
ထည့်သုံးဖို့ ကမ်းလှမ်းခဲ့တယ်။ နောက်ပိုင်းတော့ အဲသီချင်းကို မထည့်ဖြစ်လိုက်ဘူး။ 

မေး  ။                  ။ ဒုတိယအခွေကို ဘယ်တော့ စထွက်ဖြစ်မလဲ။

ဖြေ  ။                 ။ ဒုတိယခွေ ကတော့ ခုနှစ်လပိုင်း ထွက်ဖြစ်မှာပါ။ ခေါင်းစဉ်ကတော့ မပေးရသေးပါဘူး။ ပထမ ထွက်ထားတဲ့ 
ခွေထက်ပိုပြီး ကောင်းအောင် လုပ်ဖို့ ရှိပါတယ်။ 

မေး။             ။ အနုပညာနဲ့ ပတ်သက်ပြီး အဆိုတော် တစ်ခုပဲ စိတ်ဝင်စားတာလား 

ဖြေ  ။                ။ အနုပညာနဲ့ ပက်သက်ရင်တော့ သီချင်းရေးတာ ၊ သီချင်းဆိုတာ ၊ ဓာတ်ပုံရိုက်တာတွေကို စိတ်ဝင်စားပါတယ်။

မေး   ။             ။ သရုပ်ဆောင် လုပ်ဖို့ အစီအစဉ်ရှိလား

ဖြေ ။                ။ သရုပ်ဆောင် အလုပ်ကတော့ အခုတော့ မသိသေးပါဘူး။ အဲဒါကတော့ နောက်ပိုင်းအခြေ အနေပေါ်မှု တည်ပြီး လုပ်ဖြစ်မယ် ထင်ပါတယ်။ 

မေး  ။                    ။  အဝတ်အစား ဝတ်ရင် ဘယ်လိုလေးတွေ ကြိုက်လဲ 

ဖြေ  ။               ။ အဝတ်အစား ဝတ်ရင်တော့ လွတ်လွတ်လပ်လပ်လေး နေလို့ရတဲ့ အဝတ်အစားတွေကို ကြိုက်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ပရိသတ်တွေ
ကြည့်လို့ အဆင်ပြေမယ့် အဝတ်အစားလေးတွေကို ရွေးဝတ်ဖြစ် ပါတယ်။ 

မေး  ။                     ။ ပရိသတ်တွေ အတွက် စကားလက်ဆောင်လေး ပြောပေးပါလား

ဖြေ  ။                      ။ ပရိသတ်တွေ ခုလိုအားပေးလို့သာ ပိုပိုဆိုတာ ဖြစ်လာတာပါ။ ဒါကြောင့် ပရိတ်သတ်တွေကို အားပေးကြပါအုံးလို့ ပြောချင်တယ်။ 
နောက်ထပ်ထွက်မယ့် အခွေကိုလည်း အကောင်းဆုံး ဖြစ်အောင် လုပ်ထားပါတယ်။  ပိုပိုကို မိသားစု တစ်ယောက်လို့ ချစ်ပေးကြပါလို့ ပြောချင်ပါတယ်။
ချစ်တဲ့ ပရိတ်သတ်တွေ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။

ရိုးရာလေး အင်တာဗျူးကဏ္ဍ

ရိုးရာလေး အင်တာဗျူးးကဏ္ဍ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...