Monday, March 17, 2014

Myanmar Youth Media Club 16 Mar 2014

MYMC - MYMHOT



Posted: 16 Mar 2014 07:43 PM PDT
Men Baldness

လေ့လာမှု တွေအရ ၉၉.၉ ရာခိုင်နှုန်းသော အမျိုးသမီး တွေက ကတုံးပြောင် တာကို ပြဿနာ တစ်ခုလို့ မမြင်ကြ တဲ့အပြင် ဆွဲဆောင်မှုတောင် ပိုရှိသေးတယ်လို့ ထင်တဲ့ သူတွေတောင် ရှိပါသေးတယ်။
WebMD နဲ့ Mayo Clinic တို့က ရတဲ့ အချက်အလက် တွေအရ အမျိုးသား တွေမှာ ခေါင်းမွှေး ပြောင်တဲ့ ပြဿနာက အသက် ၇၀နှစ်အောက် လူတွေရဲ့ ၈၀ရာခိုင်နှုန်းမှာ ဖြစ်ပွားလေ့ ရှိပါတယ်။
ဆံပင် မရှိတာဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုး ထားတတ်ခြင်း၊ ဆန့်ကျင် ဘက်လိင် ဒါမှမဟုတ် အလုပ်ရှင်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု အပေါ်မှာ အနှုတ်သဘော ဆောင်တဲ့ အကျိုးသက် ရောက်မှုတွေ ဖြစ်စေပြီး ရှက်တာ၊ မလုံခြုံဘူးလို့ ခံစားရတာ အပြင် စိတ်ဓာတ်ကျ တာမျိုး တွေတောင် ဖြစ်ပွား နိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်လူက ကိုယ့် အပေါ် ဘယ်လို မြင်ပါသလဲ။ အထူးသဖြင့် ကတုံးပြောင် နေတဲ့ အမျိုးသား တွေအပေါ် အမျိုးသမီး တွေက ဘယ်လို မြင်ပါသလဲ။



အသက် ၄၀၊ ၅၀၊ ၆၀ ပိုင်းရောက် နေတဲ့ အမျိုးသမီး တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော် စိတ်ဝင်စား ကြပါတယ်။ Kathi ဆိုတဲ့ အမျိုးသမီး တစ်ယောက်က ကတုံး တစ်ယောက်ကို ခင်ပွန်းအဖြစ် ပေါင်းလာတာ ၂၃နှစ်တောင် ရှိနေပါပြီ။ သူမအတွက် ဒါက ပြဿနာ မဟုတ်ပေမယ့် သူ့ အတွက်တော့ ဒါက မဟာပြဿနာ ပါပဲ။ ယောကျာင်္း တော်တော် များများက မိန်းမတွေက ဘာမှ မဟုတ်ပါဘူး ဆိုတာတောင် ချဲ့ကားပြီး စိုးရိမ် တတ် ကြသလား။ သူကသာ ကြင်ကြင်နာနာနဲ့ ယုယုယယ ဆက်ဆံ တတ်သူ ဖြစ်ပါစေ၊ ဆံပင် ပေါက်တာ၊ မပေါက်တာက ကိစ္စ မရှိပါဘူးလို့ ဆိုပါတယ်။ Shari ဆိုတဲ့ တက်တက်ကြွကြွ နေတတ် တဲ့ အမျိုးသမီး ဆိုရင် အမျိုးသား တစ်ယောက် အတွက် ဆံပင်ကို တသသ နေတတ်တဲ့ ပုံစံ မျိုးက ဆွဲဆောင်မှု မရှိပါဘူး။ ဆံပင်နဲ့ တစ်ခုခုကို ဖုံးကွယ် ထားတာမျိုး မရှိတဲ့ အတွက် ပိုပြီးတောင် ယုံကြည်မှု ရစေပါ တယ်လို့ ဆိုပါတယ်။

Men Baldness

တစ်ချို့ အမျိုးသမီး တွေမှာဆိုရင် ရယ်စရာ ကောင်းတဲ့ အဖြစ်အပျက် တွေတောင် ရှိပါသေးတယ်။ ခေါင်းတုံးကို ဖုံးကွယ်ဖို့ ဆံပင်အတု စွပ်လာ ကာမှ ပြုတ်ထွက် သွားတာမျိုး တွေပေါ့။ နောက်ပြီး အဲ့အတုမှာ သုံးထားတဲ့ ကော်ရဲ့ အနံ့ ကလည်း တော်တော် ဆိုးရွား ပါတယ်တဲ့။ Andreaက သူမရဲ့ အမျိုးသားမှာ ဆံပင် မရှိတော့မှ သူ့ရဲ့အပြုံးက ဘယ်လောက် တောက်ပလဲ ဆိုတာ ပိုသိလာ ပါတယ်တဲ့။ အရင်တုန်းက ဆံပင်က ရှုပ်ပွ ပြီး မြင်ရတာ ညင်းသိုးသိုးကြီးလို့ ဆိုပါတယ်။ Anne ကပိုဆိုးပါတယ်။ George Clooney လိုရုပ်ရည် မျိုးနဲ့ ကိုယ့်အတွက်ပဲ ကိုယ်သိမယ့် ယော င်္ကျားမျိုး အစား သူမကို တစ်လောကမှာ တစ်ယောက်လို့ မှတ်ယူမယ့် ကတုံးကိုပဲ ယူပါမယ်တဲ့။ ပြောရရင် ကတုံးတွေက ခုချိန်မှာ ခေတ်စားနေ တဲ့ ပုံစံပါတဲ့။ ကဲအချိန်မဆွဲ နဲ့တော့။ အပြောင်သာ ရိတ်လိုက် ပါတော့။ အမျိုးသမီး တွေက ခေါင်းမှာ ဆံပင် မရှိတာကို ဗွေမယူ ပေမယ့် ကိုယ် မှာ အမွှေးတွေ ထူလပြစ် ကိုတော့ မနှစ်မြို့ ကြပါဘူး။

Men Baldness

Susan ဆိုတဲ့ အမျိုးသမီးက သူမ ယောကျာင်္းနဲ့ ပေါင်းလာတာ နှစ်အစိတ် လောက်ကြာပြီး နောက်မှာ သူ့ရဲ့ခေါင်းမှာ အမွှေးတွေ လျော့ပါးလာ တာကို သတိပြု မိပါတယ်။ ဒါပေမယ့် ကတုံး ဖြစ်တာနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ သူက သူပါပဲလို့ ပြောပါတယ်။ ဒီလေ့လာ တွေ့ရှိ ချက်တွေက အံ့သြစရာ ကောင်းပါတယ်။ နှစ်ဦးသား ကြာရှည်မြဲမြံ လက်တွဲဖို့ ဆိုတာ ခက်ခဲတဲ့၊ စိတ်ဖိစီးမှု တော်တော်များတဲ့ ပြဿနာ တစ်ခုပါ။ ဒါကြောင့် ဘာမဟုတ်တဲ့ ဆံပင် ပြဿနာကို ထည့်မစဉ်းစား ပါနဲ့တော့။ သင်ကသာ ကြင်ကြင်နာနာနဲ့ ဆက်ဆံ တတ်ပါစေ၊ ခင်ပွန်း ၀တ္တရားနဲ့ အညီ ကျင့်ကြံ နေပါစေ၊ ဆံပင်နဲ့ ပတ်သက်ပြီး စိတ်စနိုးစနောင့် မဖြစ်ဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိတဲ့ ပုံစံနဲ့သာ နေတတ် ပါစေ၊ အမျိုးသမီး တွေအတွက် သင့်ခေါင်း ပြောင်တာ၊ မပြောင်တာက ပြဿနာ မဟုတ်ပါဘူး။

Men Baldness

Images from edn, doznajemo, thegrio, in2town, telegraph. Source: nextavenure.org


Author

Arr Luu

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...