Monday, March 17, 2014

**လှေကားထစ်များ**

**လှေကားထစ်များ**

နံနက်စာ စားရင်း ယောက်ကျားဖြစ်သူက မိန်းမကို ညက မက်သော အိမ်မက်အကြာင်းကိုပြောပြနေ၏။

ယောက်ကျားဖြစ်သူမှ......

" ည က ငါအိမ်မက်တခုမက်တယ်ကွ မိန်းမရ။ အိမ်မက်ထဲမှာငါသေသွားတယ်။

အဲဒီနောက် ငါနတ်ပြည်ကိုေ၇ာက်သွားတယ်ဟေ့။

အဲဒီ နတ်ပြည် အ၀င်ဝ လှေကားမှာတင် သိကြားမင်းနဲ့တွေ့ရော။

သိကြားမင်းက ငါ့လက်ထဲ မြေဖြူတစ်ချောင်း ထည့်ပေးပီး ခုမြင်နေရတဲ့ လှေကားထစ်တွေမှာ အသက်ရှင်စဉ်တုန်းက ပြုခဲ့တဲ့ 

မကောင်းမှူ တခု...အတွက် လှေကားတစ်ထစ်ကို အမှတ်အသားတခု...ရေးခြစ်ရမယ်....လို့ပြောတယ်။

၊လှေကားထစ်အရေအတွက်ကြည့်ပီး ၊ မကောင်းမှူ နည်း၇င်နည်းသလို နတ်ပြည်ကို ၀င်ခွင့်ပြုမဲ့ပုံပဲ။

ဒါနဲ့ ငါလည်း လှေကားထစ် အနည်းငယ် ရေးပီးချိန်မှာ ....မင်း လှေကားအတိုင်း အပေါ်ကနေ ဆင်းလာတာကို ငါရုတ်တရက်တွေ့လိုက်ရတယ် " 

ထိုအခါ မိန်းမဖြစ်သူက မျက်နှာထား တင်းတင်းနဲ့

" ဘာလဲ။ ကျမကို နတ်ပြည်က လက်မခံပဲ ပြန်လွှတ်လိုက်လို့လား။ "

ထိုအခါယောက်ကျားဖြစ်သူ ဆက်ပြောလိုက်တာက

" မဟုတ်ပါဖူး မိန်းမရယ်။ငါက လှမ်းမေးတော့ မြေဖြူကုန်လို့ မင်း လာဆင်း ယူတာတဲ့ "

;-)

  1 comment:

  1. ချစ်လို့လား?... ကြောက်လို့လား?..........ဟီးးးးးးးးးးးး

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...