"ဘီလူးလက်လျော့ နေလေတော့"
ကိုဟောင်း Ko Houn နဲ့ ကိုကျေးညို Htun Nyo Hmuu Thwin တို့ညီအကိုနှစ်ယောက် သူတို့အိမ်မှာ မွေးထားတဲ့ ကြောင်မလေးသေသွားလို့ တောစပ်မှာ မြေမြုပ်ဖို့ ထွက်လာတယ်။
အဲဒီ ကြောင်မလေးကို မြေမြုပ်ဖို့ မြေကြီးကို တူးနေတုန်း၊ ရှေးမီးခွက်ဟောင်းကြီးတစ်လုံး မြေကျင်းထဲက ထွက်လာတယ်။
ညီအကိုနှစ်ယောက် အံ့သြတကြီးဖြစ်သွားပြီး မီးခွက်ကြီးကို ပွတ်ကြည့်လိုက်တာ မီးခိုးလုံးတွေ အူထွက်လာပြီး 'ဝုန်း' ဆို... မီးခွက်စောင့်ဘီလူးကြီးတစ်ကောင် ထွက်လာပါလေရော... ..
ဘီလူးကြီးက ပြောတယ်... ..
"သင်တို့ ၂ယောက်ကြောင့် ကျွန်ုပ် လွတ်မြောက်ရတာဖြစ်တယ်၊ လိုတဲ့ ဆုတစ်ခုတောင်း ဖြည့်ဆည်းပေးမယ်"
... ဆိုတော့ ညီအကိုနှစ်ယောက်စလုံးက ပြန်ပြောတယ်... ...
"ကျနော်တို့ရဲ့ ကြောင်မလေးကို ပြန်ရှင်အောင် လုပ်ပေးပါ"... တဲ့။
အဲဒီတော့ ဘီလူးကြီးက ငြင်းတယ်... ...
"အာ... သေသူကို ရှင်အောင် လုပ်ခွင့်မရှိဘူးကွ၊ အထက်နတ်မင်းကြီးတွေက င့ါကို ဒဏ်ခတ်လိမ့်မယ်"
ဒါနဲ့ ညီအကိုနှစ်ယောက်လည်း ဝမ်းနည်းသွားပြီး သူတို့ကြောင်မလေးကို မြေမြုပ်လိုက်ကြတယ်။
မြေမြုပ်လို့ပြီးတော့ ဘီလူးကြီးက မေးပြန်တယ်... ...
"မင်းတို့ ဆုတစ်ခု မတောင်းရသေးဘူး၊ တောင်းကြအုံးလေ"
၂ယောက်သား တီးတိုးတီးတိုး တိုင်ပင်ပြီး ခဏနေတော့ ဘီလူးကြီးကို ပြောသတဲ့... ...
"ကျနော်တို့ ၂ယောက်လုံး ရုပ်လေးတွေက ချောပေမယ့်၊ အသားတွေက တအားမဲနေတော့ ဆော်မကြည်ဘူးဗျာ၊ အဲဒါ ကျနော်တို့ကို အသားဖြူအောင် လုပ်ပေး"
အဲဒီမှာ ဘီလူးကြီးခမျာ ချောင်းတွေဆိုး၊ တံတွေးသီးနဲ့ ဒေါသတကြီး ပြန်ပြောသတဲ့... ...
"အဟမ်း အဟွတ် ဖွတ် ဘွတ်၊... ကဲ... တော် တော် ဟဲ့အကောင်တွေ၊ ခုနက သောက်ကြောင်မကိုသာ ပြန်ဖော်ပေး"
သန်၎ကို-မူးရစ်ရီဝေ ဆေးထိုးနေသည်။
https://www.facebook.com/thanlayko
0 comments:
Post a Comment