Monday, February 10, 2014

အားသာချက်ကို ပိုကောင်းအောင် တွန်းအားပေးပါ (Push Your Advantage by Guy Perring)

သြဇာသက်ရောက်ခြင်းဆိုတာ လိုချင်တာရဖို့ အခြားသူများရဲ့ ပံ့ပိုးမှုနဲ့ ကတိက၀တ်ပြုမှုကို ရယူတာ ဖြစ်ပါတယ်။ အခြားသူတွေက မိမိအပေါ် အထင်အမြင်၊ ပြုမူပြောဆိုတဲ့ အမူအရာ၊ စကားပြောပုံ၊ အခြားသူများနဲ့ ဆက်ဆံရေး စတာတွေနဲ့ သက်ဆိုင်ပါတယ်။

မန်နေဂျာတစ်ယောက်ဆိုရင် ရာထူးကြောင့် သြဇာသက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် တကယ် အောင်မြင်တဲ့ သြဇာသက်ရောက်သူတွေဟာ အခြားအပြုအမူတွေကို အသုံးပြုပြီး အားကောင်းတဲ့ ဆက်ဆံရေးများကို တည်ဆောက်ပြီး စိတ်ကူးစိတ်သန်းတွေကို ထိရောက်စွာ ဆက်သွယ်ပြောဆိုကြတယ်။


ထိရောက်စွာ သြဇာသက်ရောက်ဖို့ တွန်းအားနဲ့ ဆွဲအား အပြုအမူတွေကို သိနားလည်ဖို့ လိုအပ်တယ်။ တွန်းအားဆိုတာ ရည်မှန်းချက်ပန်းတိုင်တွေကို ဖော်ပြရာမှာ အသုံးပြုတဲ့ ကျွမ်းကျင်မှုနဲ့ စကားအသုံးအနှုန်း ဖြစ်တယ်။ တစ်ဘက်သားရဲ့ ရှုမြင်ပုံတွေကို အပြုသဘော နည်းလမ်းများနဲ့ ပြောင်းလဲဖို့ ရည်ရွယ်တယ်။ တွန်းတာ များလွန်းရင် aggressive  ဖြစ်လွန်းတယ် (သူလိုချင်တာဘဲ သိတယ်) လို့ တစ်ဘက်သားက ထင်သွားမယ်။

ဆွဲအားဆိုတာ အခြားသူရဲ့ ရှုမြင်ပုံကို နားလည်ပြီး စူးစမ်းလေ့လာလိုတဲ့အခါ အသုံးပြုနိုင်တယ်။ ဒီအပြုအမူမျိုးတွေကို များလွန်းရင် non-assertive(ပျော့လွန်းတယ်) လို့ တစ်ဘက်သားက ထင်သွားမယ်။

သြဇာသက်ရောက်ခြင်းနဲ့ လိုချင်တာကိုရအောင် လုပ်နိုင်ခြင်းတို့မှာ ယဉ်ကျေးမှုအားဖြင့် အဓိပ္ပာယ် သက်ရောက်မှုတွေ ရှိတယ်ဆိုတာ ဒီနေရာမှာ သတိပြုရမှာ ဖြစ်တယ်။ အရေးကြီးတဲ့ ဒါမှမဟုတ် အဆင့်မြင့်တဲ့ ပြင်ပအဆက်အသွယ်တွေနဲ့ ဆက်ဆံတဲ့အခါ တွန်းအား အပြုအမူတွေကို သတိထားသုံးရမှာ ဖြစ်တယ်။

တွန်းအားပေး အပြုအမူ အဓိကနယ်ပယ် ၃ခု ရှိတယ်။

၁။ မိမိရှုမြင်ပုံများကို ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားခြင်း
ရှုမြင်ပုံတွေအတွက် အကြောင်းရင်းတွေကို ထင်သာမြင်သာအောင် ရှင်းလင်းပြောကြားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းတာဝန် ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း ဒါမှမဟုတ် ဆက်ဆံရေးအပေါ်မှာ အဓိကထားရမှာ ဖြစ်ပါတယ်။
ဥပမာ
In my view the system is inadequate as it does not automate the customer database. (task)
ကျွန်တော့်အမြင်ကတော့ စနစ်က ကပ်စတမ်မာ (၀ယ်သူ) အချက်အလက်မှတ်တမ်းချုပ်ကို အလိုအလျောက် အသုံးပြုလို့ မရတဲ့အတွက် လုံလောက်တဲ့ စနစ် မဟုတ်ဘူး။ (လုပ်ငန်းတာဝန်)

I suggest that we have a chairperson for this meeting because they will focus our discussion around the agenda. (procedure)
ဒီအစည်းအဝေးမှာ သဘာပတိထားဖို့ အကြံပြုပါတယ်။ အစည်းအဝေးအစီအစဉ်အတိုင်း ဆွေးနွေးနိုင်အောင် သဘာပတိက စုစည်းပေးနိုင်မှာ မို့လို့ပါ။ (လုပ်ထုံးလုပ်နည်း)

I think that the way in which you developed Rani has really helped the team working in this department. (relationships)
ရာနီ တိုးတက်လာအောင် လုပ်ပေးခဲ့တဲ့အတွက် ဒီဌာနမှာ အစုအဖွဲ့လိုက် လုပ်ဆောင်မှု တကယ်တမ်း တိုးတက်လာတယ်လို့ ထင်ပါတယ်။ (ဆက်ဆံရေးများ)

၂။ မည်သို့ ခံစားရကြောင်း ပြောကြားခြင်း

စိတ်ခံစားမှုကြောင့် ပေါက်ကွဲပစ်လိုက်တာမျိုး မဖြစ်ဘဲ စိတ်ခံစားမှုကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆို နိုင်မယ်ဆိုရင် အခြေအနေတစ်ရပ်မှာ ဘယ်လိုခံစားရတယ်ဆိုတာကို အလေးအနက် ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဘာကြောင့် အဲဒီလို ခံစားရတယ်ဆိုတာကို ရှင်းလင်းပြောကြားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဥပမာအချို့ ဖော်ပြလိုက်ပါတယ်။

Right now, I am angry because I am not being listened to.  ပြောတာကို နားလည်းမထောင်ဘူးဆိုတော့ အခု ဒေါသထွက်နေပါတယ်။

I am confused about the way that you behaved at this meeting because you did not state your opinion.
ထင်မြင်ချက်ကို မပြောတဲ့အတွက် ဒီအစည်းအဝေးမှာ ပြုမူခဲ့ပုံနည်းလမ်းကို မရှင်းလင်းဘဲ ဖြစ်နေပါတယ်။

၃။ မျှော်မှန်းချက်ကို ရှင်းလင်းပြောကြားခြင်း

အခြားသူတစ်ဦးဆီက ဘာကို လိုချင်တယ်၊ မျှော်မှန်းတယ်ဆိုတာကို ရှင်းလင်းစွာ ပြောကြားခြင်း ဖြစ်ပါတယ်။ မျှော်မှန်းချက်အတိုင်း မဖြစ်ဘူးဆိုရင် ဘာအကျိုးဆက်တွေ ရှိလာမယ်ဆိုတာကိုလည်း ဖော်ပြပါတယ်။

ဥပမာအချို့ ဖော်ပြလိုက်ပါတယ်။
I need you to give me the forecast for December’s sales. If this is not done, then we will not be able to forecast the figures for the next financial year.
ဒီဇင်ဘာလအတွက် အရောင်း ခန့်မှန်းချက်တွေ လိုအပ်နေပါတယ်။ မပေးဘူးဆိုရင် နောက်ဘဏ္ဍာနှစ်အတွက် ကိန်းဂဏန်း ခန့်မှန်းချက်တွေ ထုတ်နိုင်မှာ မဟုတ်ဘူး။

I expect you to give me feedback on my performance so that I can build on my strengths and improve my weaknesses.

အားသာချက်တွေကို ဆက်လက်တည်ဆောက်ပြီး အားနည်းချက်တွေကို တိုးတက်ကောင်းမွန်စေနိုင်ဖို့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ပြန်လည်အသိပေးပြောကြားချက် ပေးမယ်လို့ မျှော်လင့်ပါတယ်။

တွန်းအားပေး လုပ်ဆောင်ရာမှာ သတိပြုရမယ့် အန္တရာယ်ကတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ်တွေက ကိုယ့်အပေါ် တွန်းတွန်းတိုက်တိုက် လုပ်တတ်သူလို့ ရှုမြင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ လေသံ၊ ကိုယ်ဟန်အမူအရာနဲ့ ပြောတတ် ဆိုတတ်မယ်ဆိုရင်တော့ လိုအပ်ချက်တွေကို သူတပါးသိအောင် ပြောနိုင်မှာ ဖြစ်ပါတယ်။

[ British Council မှ Guy Perring Push Your Advantage အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာလေ့လာလိုသူများသည် Myanmar Network (www.myanmar-network.net) တွင် အခြားစိတ်ဝင်စားဖွယ်ဆောင်းပါးများ နှင့် သင်ခန်းစာများအား နေ့စဉ်အခမဲ့ ဖတ်ရှုနိုင်ပါသည်။ ]

Read more: အားသာချက်ကို ပိုကောင်းအောင် တွန်းအားပေးပါ (Push Your Advantage by Guy Perring) - Myanmar Network http://www.myanmar-network.net/forum/topics/push-your-advantage#ixzz2syaePg1f

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...