Monday, February 10, 2014

သားချစ်ဇော်သို့

November 10, 2013 at 3:21am
သားချစ်ဇော်ရေ ......
လူငယ်လေးတွေ ဗဟုသုတရအောင်...Notes အနေနဲ့ပဲ တင်လိုက်တယ်

                                                        *************************

သားချစ်ဇော်ရေ….ခုလိုဆွေးနွေးလာတာကိုကျေးဇူးတင်ပါတယ်။
အဲဒီခေတ်က အဖြစ်အပျက်တွေက သိပ်မြန်ဆန်လွန်းတယ်။ ဒါကြောင့် time Line နဲ့ ချရေးပြီး facts တွေကို ဆွဲမထုတ်နိုင်ရင် ရောသွားတတ်ပါတယ်။ သားချစ်ဇော်အမှတ်မှားလို့လား ၊ သူတပါးပြောတာကြား ပြီး..တော့..ရောသွားတာလား.လို့ အတိအကျ.. မပြောနိုင်ပေမဲ့… ညီလေး..ရောနေတဲ့ အချက်အလက် တွေ ရှိပါတယ်။ ဦးအသေးစိပ်ဆွေးနွေးပါရစေ။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လာရင်….. academic တွေ research လုပ်ထားတဲ့ historical facts တွေရှိပါ တယ်။ Assumption တစ်ခုထဲနဲ့ ပြော၍မရပါဖူး။

နောက်..နိုင်ငံရေးမှာ အရေးကြီးတဲ့ အချက်တစ်ခုက …perception နဲ့ reality ကွာတာတွေ. .ရှိတတ် ပါတယ်။ အထူးသဖြင့် (အာဏါ) ဆိုတာပါလာရင်ပေါ့….

ပထမ Bush သမ္မတဖြစ်တော့ သူ့သား (W) က နိုင်ငံရေးစိတ်ပါ..သေးတာ..မဟုတ်လှသေးဖူး။ Inauguration day မှာ သမ္မတလောင်းဟာ အိမ်ဖြူတော်နဲ့ မျက်နှာချင်းဆိုင်က Blair House ဆိုတဲ့ Town House မှာတဲရတယ်။ ဒီကနေမှ Congress မှာကျမ်းသစ္စာကြိမ်ဆိုရတယ်။ ကျမ်းသစ္စာပွဲကို မသွားခင် သားအဖ နှစ်ယောက်ကျိပ်ဆွေးနွေးနေကြတယ်။ အားလုံးကအဝေးကနေကြည့်ပြီး နိုင်ငံရေးတွေပြောနေကြ တယ်ပေါ့။ ဒါက perception။ တကယ့် reality က baseball အကြောင်းပြောနေကြတာတဲ့…

နိုင်ငံရေးမှာ perception နဲ့ reality ကွာတာတွေ အများကြီးရှိတတ်ပါတယ်။

Power is Proxy ဆိုတာကိုလည်း နားလည်ဖို့လိုတယ်။

ညီလေးဆွေးနွေးသွားတဲ့ အထဲမှာ assumptions တွေအများကြီးပါပါတယ်။ assumption က perception ကိုဝိုးဝါး စေတတ်တယ်။

နိုင်ငံရေးမှာ perception is reality ဆိုတဲ့ စကားလည်းရှိပြန်တယ်။

ဒါကိုနားလည်တဲ့ ကွန်မြူနစ်တွေက wrong perception ရအောင် historical facts တွေကို ၀င့်တင်ထွန်း လို တမင်ပြောင်းရေးကြတာပေါ့။

အင်္ဂလိပ်က စစ်ပန်းနေတယ်ဆိုတာဟုတ်ပေမဲ့ သူဟာ အမေရိကန်ကိုသာ ခေါင်းဆောင်မှုနေရာပေး လိုက် ရတယ်ဆိုပေမဲ့ အင်္ဂလိပ်ဆိုတာ ဟာ world power အဆင့်မှာရှိနေပါသေးတယ်။ ဖြစ်နိုင်ရင် ကိုလိုနီ စနစ် ကို ရနိုင်သလောက် ထိန်ဖို့ကြိုးစားပါသေးတယ်။ ဒါကြောင့် မလေးရှားမှာ ကွန်မြူနစ်တွေကို ဖြတ်-လေး-ဖြတ် နဲ့အသေနှိပ်ကွပ်တာမဟုတ်လား။ ဒီ ဖြတ်လေးဖြတ် ကို ဗမာစစ်တပ်က မလေးရှားကိုသွား လေ့လာ ရာမှာ ရလာတာပါ။ ဗိုလ်မှူးကြီးတင်မောင်ရဲ့ “တိုင်းပြည်ကနုနု ၊ မုန်တိုင်းကထန်ထန်” ကိုဖတ်ကြည့်ပါ။ 50’s ထောက်လျှောက်ရ သလောက်ထိန်းသွားတာပဲ။ Rhodesia မှာလည်း အလျော့မှမပေးပဲ။ ပြင်သစ်လည်း ထိုနည်း၎င်း ၊ Indo China မှာလွယ်လွယ်နဲ့မှ ထွက် မပေးတာပဲ။

ရန်သူဟာ အားနဲနေပြီ ၊ တော်လှန်ရေးအောင်ပွဲဟာလက်တကန်း အလိုပဲရှိတော့တယ် ၊ ပြည်သူတွေ အောင်ပွဲ ခံတော့မယ် ဆိုတာတွေဟာ (လက်ဝဲ) သမားတွေသုံနေကြ rhetoric တွေပါ။ ကြားရလွန်း လို့.. (ရိုးနေပါပြီ) သားချစ်ဇော်ရေ။ ဒါတွေဟာ perception ဖြစ်အောင် သရုပ်ဖေါ်ကြတဲ့ rhetoric တွေပါ။ Reality မဟုတ်ပါဖူး။

ကွန်မြူနစ်တွေ ဗိုလ်ချုပ်ကို သွားအကဲစမ်းကြလို့ ၊ ဗိုလ်ချုပ်က ဖဆပလ ကမောင်းထုတ်ပြီးကတည်းက ကွန်မြူနစ်တွေရဲ့ role ဟာ (ဖျက်မြင်း) အဆင့်ပဲ..ရှိပါတော့တယ်။ဗိုလ်ချုပ်ဦးဆောင်တဲ့ဖဆပလကလွပ်လပ် ရေးရဖို့ နိုင်ငံရေးတိုက်ပွဲဝင်နေရတဲ့ (နိုင်ငံရေးဦးဆောင်အဖွဲ့) မို့ (တာဝန်)ယူရတဲ့ အဖွဲ့။ ကွန်မြူနစ်တွေ က ဘေးက လစ်ရင် အရိုးကိုက်ဖို့ချောင်းနေရတဲ့ ပါတီပါ။

နိုင်ငံရေးမှာ (တာဝန်) ရှိတဲ့ အဓိက အတိုက်အခံပါတီအဖွဲ့အစည်းနဲ့ (တာဝန်) မရှိတဲ့ (ဘေး) ပါတီတွေရဲ့ အနေအထားက မတူနိုင်ပါဖူး။ ဗိုလ်ချုပ်အောင်ဆန်းတို့က perception နဲ့ နိုင်ငံရေးလုပ်လို့ မရဖူး ၊ reality အပေါ်မှာ (မူတည်) ပြီး နိုင်ငံရေးတာဝန်ယူကြရတာ။

ဒါကြောင့် တန်းတပင်မှာ ဆန္ဒပြကြတော့ လူသေသွားတယ်။ ကွန်မြူနစ်တွေက ဗိုလ်ချုပ်တို့ကိုတိုင်ပင် အသိ ပေးပြီးလုပ်တာမဟုတ် တာမို့လို့ ဖဆပလစီက သဘောတူညီချက် အရင်ရအောင်မယူလို့အရှိန်မြှင့်ဖို့ ဖဆပလ က သဘောမတူဖူး။ ကွန်မြူနစ်တွေကို မကူဖူး။ ဒါကြောင့် သခင်သန်းထွန်းက ဖဆပလ အထွေ ထွေအတွင်းရေးမှူးရာထူး က ဆန္ဒပြ တဲ့ အနေနဲ့ထွက်ရတာ။ နောက်အရေးကြီးဆုံးအချက် လူတွေ မသိ တာက ဒီမတိုင်ခင် သခင်သန်းထွန်းက ဖဆပလခေါင်းဆောင်မှု ကို ဗိုလ်ချုပ်နဲ့ ခြေရာလိုက်တိုင်း နေသေး တယ်။ ဒီကိစ္စမှာသခင် သန်းထွန်း မျက်နှာ ပျက်ရပြီးဗိုလ်ချုပ်ကိုမယှဉ်နိုင်တော့တာလို့ Joesph Silverstein ကသူ့စာအုပ်မှာရေး ပြထားတယ်။

အင်္ဂလိပ်နဲ့ တိုက်ပွဲမှာ အင်္ဂလိပ်ကို ပုလိပ်တွေပါ ပါလာတဲ့ ဆန္ဒပြပွဲမှာ ကွန်မြူနစ်တွေက confrontation Line ကိုအတင်းဆွဲ ခေါ်လာတာ ဟုတ်တယ်။ ဒါကြောင့် Dorman Smith အင်္ဂလန်ပြန်ရပြီး Interim Governor ကိုခန့်ပြီး ။ နောက်မှ Hubert Rance ရောက်လာတာ။ Strategically အင်္ဂလိပ်ကို စနစ်အတွင်း က တိုက်မယ်ဆိုတဲ့ ပေါ်လစီကို ကွန်မြူနစ်တွေလည်းသဘောတူထားတာပဲ။  ဒါကြောင့် ဦးသိန်းဖေမြင့် ဟာ ဗြိတိသျှအင်ပါယာအတွင်း ပထမဦးဆေုံးသော ကွန်မြူနစ်ဝန်ကြီးဖြစ်လာတာပဲ။ ဒီတုန်းက ကွန်မြူနစ် တွေ က Browderism ကိုလက်ခံထားတယ်လေ။ နောက်မှ အိန္ဒြိယကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ဂျိုရှီ က အင်္ဂလိပ်အစိုးရထဲ ၀င်ပါရသလားဆိုပြီးဝေဖန်တာရယ် ၊ Indian Communist ပါတီအတွင်း radical line ပြောင်းလာတော့ ဗမာကွန်မြူနစ်တွေ ကုလားနောက်လိုက်ပြီး လေသံပြောင်းလာကြတယ်။

ဖဆပလခေါင်းဆောင်တွေကို တိုက်ခိုက်လာလို့ ဗိုလ်ချုပ်က ဆုံးဖြတ်ချက်ချပြီးရင် အချင်းချင်းမပုတ်ခပ်ရ ဆိုတဲ့ စည်းမျဥ်းးကိုဖေါ်ထုတ်လာရတယ်။ ဘကြီးဘဘေကို သခင်စိုးကတိုက်တာ ကိုတိုင်လို့ …ဒီစည်းမျဉ်း ကိုချရတာ။ နောက်မှ ဖဆပလ ခေါင်းဆောင်တွေ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဗကပ တွေရဲ့ ဂျာနယ် ကနေတိုက်ခိုက် လာတာ ကြောင့် ၀ိုင်းပြောကြတော့ ဗိုလ်ချုပ်က တောင်းပန်ရင်ပြီးတာပဲ ဆိုပြီး ဖြေပြောတာကို (မတောင်းပန်နိုင်ဖူး ၊ နောက် လည်းဝေဖန်ဦးမှာပဲ) ဆိုပြီးကြွေးကျော်သံတွေနဲ့ ဆိုပြီး အစည်းအဝေးကထွက်သွာပြီး ဖဆပလကို ကြောခိုင်း သွားတာပါ။

ဒီမှာ…ဦးနုက ကွန်မြူနစ်စနစ်အောင်မြင်ပါစေ ၊ ဗမာကွန်မြူနစ်ပါတီကျဆုံးပါစေ ဆိုပြီး ထအော်ရတာ မဟုတ်လား။

အမှန်က ကုလားမြှောက်ပေးလို့ Browder ကနေ radical line ပြောင်းလို့ Strategy ပြောင်းသွားတာပါ။

ဒါကကွန်မြူနစ်တွေရဲ့ ဖဆပလကြား အဖြစ်အပျက်ပါ။

Hughes Tinker ရဲ့ the Union of Burma ကိုဖတ်ကြည့်ပါ။ ဗိုလ်ရဲတွဋ်တို့ပြုစုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတိ ၊ သခင်တင်မြရဲ့ ဘုံဘ၀မှာဖြင့် အမှားနဲ့အမှန် တို့ကိုဖတ်ကြည့်ပါ။

ဗိုလ်ချုပ်နဲ့ ဖဆပလဟာ မြန်မာနိုင်ငံပြည်သူတွေရဲ့ ထောက်ခံမှုကိုရတယ်ဆိုတာသိလို့ အင်္ဂလိပ်က စကား ပြောဖို့ကမ်းလှမ်းလာတာပါ။ ဒါတောင် ဦးတင်ထွဋ် ၊ ဦစော ၊ သခင်ဗစိန်တို့ကို balance လုပ်ဖို့ ဘုရင်ခံက ထဲ့လိုက်သေးတယ်။ ဗိုလ်ချုပ်ရဲ့ PSO ဗိုလ်ထွန်းလှ၊ (၀ါ) တက္ကသိုလ်နေ၀င်းရေးတဲ့ (ဗိုလ်ချုပ်အောင်ဆန်း  နှင့် လွပ်လပ်ရေးမှတ်တမ်း) မှာ အောင်ဆန်းအက်တလီ ခရီးစဉ်အကြောင်းပါ ပါတယ်။

ကွန်မြူနစ်တွေဟာ ဖဆပလအထဲမှာပါခဲ့ပြီး ၊ သူတို့က ဗိုလ်ချုပ်ကို လူလည်လုပ်လို့ရမယ်ထင်ပြီး လာလူးပါး ၀ လို့ ဗိုလ်ချုပ်ကဖဆပလအထဲက ကန်ထုတ်ခဲ့ရပြီ။ ဒီလို ဗျုဟာကွဲသွားတဲ့ လူတွေကို ဗိုလ်ချုပ်ကဘာ ကြောင့် စောင့်ပြီး အင်္ဂလိပ်နဲ့ဆွေးနွေးရမှာလဲ။ ဘာအကျိုးရှိမှာလဲ။ဘာအဓိပ္ပါယ် မှမရှိပါဖူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ လွပ်လပ်ရေးအတွက် တာဝန်ယူဆွေးနွေးရတဲ့သူ။ responsibility ကိုနားလည် ရတယ်။

ကွန်မြူနစ်တွေက ဘေးထိုင် ဘုပြောနေကြတဲ့သူတွေ။ ဘာတာဝန် responsibility မှမယူရ။ ကြိုက်သလို ဝေဖန်လို့ရတယ်။ပြောလို့ရတယ်။ နိုင်ငံရေး ဘ၀ မတူကြတော့ဖူး။

အခုလည်း ဖိုးသံချောင်းတို့ ကြိုက်သလို ဆဲလို့ရတယ်။ ဒေါ်စုက လက်လွပ်စပယ်ပြောလို့မရဖူးလေ…

ဗိုလ်ချုပ်တို့က reality ကိုရင်ဆိုင်ပြီးဆွေးနွေးရတဲ့သူတွေ။

ညီလေးက သူတို.စိတ်ကြိုက်ဖြစ်အောင် အင်္ဂလိပ်အလိုလိုက်နိုင်အောင် လုပ်ခိုင်းဖို့.ခေါ်တဲ. သဘော ပါပဲ၊ တကယ်လဲသူတို့.အလိုကျ ဖြစ်အောင်ချုပ်ဆိုပေးခဲ.ရတယ် လို့ဆိုလာတော့….စိတ်မကောင်း..ဖြစ်မိတယ်။ သားချစ်ဇော် ရာဇ၀င်ကို မဖတ်တာလား ၊ ကွန်မြူနစ်တွေရဲ့ လေ..မိသလား….ဝေခွဲ မရလို့ပါ။

အင်္ဂလိပ်အလိုကျ ဘာများဗိုလ်ချုပ်အောင်ဆန်းတို့က အညံ့ခံခဲ့ကြလို့လဲ။

Responsibility ယူရတဲ့ ဗိုလ်ချုပ်တို့နဲ့ ဘေးက ကြည့်သူတွေ (အမြင်) မတူနိုင်ကြတာကို နားလည်စေချင် တယ်။

ဦးတင်ထွဋ်ကို ဘုရင်ခံကထဲ့လိုက်ပေမဲ့ ၊ ဗိုလ်ချုပ်က ဆွဲစားလိုက်တယ်။ အင်္ဂလိပ်စနစ်ကို အတွင်းကျကျသိတဲ့ ICS ဦးတင်ထွဋ်က ဗိုလ်ချုပ်တို့ကို ကူရှင်းပြတယ်။ reality မှာ ဘတ်ဂျက်က ဘာမှရှိဖူး။ဗမာနိုင်ငံဟာ မိအေး နှစ်ခါနာ၊ ဂျပန်အ၀င် နဲ့ ဂျပန်အထွက်၊ တိုင်ပြည်ဟာ စစ်ဒဏ်ခံရလို့ ဖွပ်ဖွပ်ညက်ညက် ကြေနေပြီ။စစ်ကြောင့် လူတွေလည်းသေ ၊ တိုင်းပြည်လည်း ပြာပုံဖြစ်နေရပြီ။ ဒါက.. ဗိုလ်ချုပ်တို့ရင်ဆိုင်နေရ တဲ့ ပကထိ အခြေ အနေ။

ရရင်ရ ၊ မရရင်ချ ဆိုတာ ပြောလို့ကောင်းပေမဲ့ ၊ တကယ်လက်တွေ့ မှာ လွယ်လှတာဟုတ်ဖူး

ဒါကြောင့် လွပ်လပ်ရေးရဖို့ ..ဗိုလ်ချုပ်က အင်္ဂလိပ်တွေတောင်းတဲ့ infrastructure စရိတ်ကိုပေးဖို့ သဘော တူလိုက်တယ်။

ဒါကို ဒေါက်တာဘမော်ကတောင် နားမလည်ဖူး။ 

မျိုးချစ်စိတ်သက်သက် နဲ့ ကြည်ရင် ၊ emotion ပါလာရင် အင်္ဂလိပ်တွေ လူပါးဝလိုက်တာ ၊ ဗိုလ်ချုပ်တို့ အညံ့ခံခဲ့တယ်လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကိုသန်း (ကြည့်မြင်တိုင်) ရေးပြထားတဲ့ ဆောင်းပါးရှိတယ်။ ဘယ်လောက် ပြင်ဆင်ကြရတယ်။ ဗိုလ်ချုပ်တို့ အစည်းအဝေးပွဲကို ရင်တထိပ်ထိပ်နဲ့ စောင့်နေကြရတယ် ဆိုတာ တွေ့ရလိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်း က ဒေါက်တာဘမော်ကို ဆရာကြီးလို့ခေါ်တယ်။ ဗိုလ်ချုပ်က ဆရာကြီး ဒီတခါစစ်ဖြစ် ရရင် အာလုံးသေကြမှာမှာ လို့ရှင်းပြတယ်။

Intellect အမြင်နဲ့ကြည့်ရင် ဒီငွေဟာ ဘာမှမရှိဖူး။လွပ်လပ်ရေး ရရင် ပြန်ရှာနိုင်တယ်။လွပ်လပ်ရေး အတွက် down payment ပဲ။  မာန နဲ့ သွားတွက်ရင် လွပ်လပ်ရေးမရပဲ လူတွေလည်းသေ၊ တိုင်းပြည်လည်း ထပ်နာ ဦးမယ်။ ကျန်တဲ့ သူတွေက စိတ်ကူးယဉ်လို့ရတယ်။ ဗိုလ်ချုပ်တို့ က (ဆုံးဖြတ်) ရတာ။ မတူဖူး။ နောက် ဗိုလ် ချုပ်တို့ ဂျပန်ကို တကယ်လက်နက်ကိုင်တော်လှန်ခဲ့ကြသူတွေ။ လက်တွေ့ အခက်အခဲကို (သိ)တယ်။ နား   လည်ကြတယ်။ ကွန်မြူနစ် တွေ ဘ၀င်မြင့်နေကြပြီး လက်နက်ကိုင်တော်လှန်လိုက်ကြတာ ၊ အင်္ဂလိပ် စစ်တပ် မပြောနဲ့ ၊ ဗမာစစ်တပ်ကိုတောင်နိုင်အောင်မတိုက်နိုင်ဖူး မဟုတ်လား။

ဒါကြောင့် ဦးက ဗိုလ်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုနားလည်တယ်။ ထောက်ခံတယ်။

ခေါင်းဆောင်ဆိုတာ တာဝန်ယူရဲရတယ်။ သတ္တိရှိရှိ ဆုံးဖြတ်ရဲရတယ်။ အစ္စရေးနဲ့ အာရဖတ်တို့ ဆွေးနွေး ကြတော့ ငြိမ်းချမ်းရေးရဖို့ နဲနဲလေးလိုတော့တယ်။ Jerusalem ကိစ္စမှာ အာရဖတ် သွေးကြောင်သွားတယ်။ မဆုံးဖြတ် ရဲဖူး။ ရလဒ်က ခုထိ မဆုံးတဲ့ တော်လှန်ရေးမှာ အဖြေလည်းမရ ။ လူတွေလည်း သေလို့မဆုံးဖူး။ ဒီလို ရာဇ၀င်အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ကြည့်တတ်ရင် ဗိုလ်ချုပ်ကို ပိုလေးစားလာလိမ့်မယ်။

ဒေါက်တာဘမော် အဓိပတိ ဘ၀မှာ အောင်ဆန်းရယ်၊ သန်းထွန်းရယ် ကျော်ငြိမ်းရယ် ဒီ ၃ယောက် အ ထက်ဆုံးလို့ ဒေါက်တာဘမော်ကပြောဖူးတယ်တဲ့။ ဒါပေမဲ့ ဒေါက်တာဘမော်က မျက်နှာလိုက်တတ်တယ်။ သခင်သန်းထွန်းကို အရေးအပေးဆုံး။ ဒေါက်တာဘမော်ကိုကျေးဇူးတင်ရမှာရှိသေးတယ်။ နောင် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာမဲ့ လူငယ်တွေကို အုပ်ချုပ်ရေးပညာကို သူသင်ပေးတာ။

ဒါတွေကို ဦး ၊ ဒေါက်တာဘမော်ရဲ့ သားမက် ဦးရဲထွန်းနဲ့ မကြာခဏဆွေးနွေးဖူးတယ်။ ဦးနဲ့ထောင်ထဲမှာ အတူနေလာသလို  ၊ ဦးရဲထွန်းက family friend။ ဦးချန်ထွန်းဟာ ၁၉၄၈ ဖွဲ့စည်းအုပ်ချုပ်ပုံကိရေးစဉ်က ဖဆပလရဲ့ ရှေ့နေ။ key player ဖြစ်ပြီး နောင် Chief Justice ဖြစ်လာတာ။ ဒေါက်တာဘမော်ရဲ့ သမီးဒေါ် ဥမ္မာနဲ့ရတာ။

ဒေါက်တာဘမော် ဂျပန်ပြည်သွားတော့ အဓိပတိဆိုပြီး ဟန်နဲ့ လွပ်လပ်ရေးကိစ္စပြောတာပေါ့။ ဂျပန်တွေက ဟုတ်ရဲလားလို့ မေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း က (ဦးကျော်ငြိမ်းနဲ့အတူ) ရသလောက်ယူမယ်ဆိုပြီး ပြောထားကြတယ်။လူငယ်တွေ နိုင်ငံရေးပါး မ၀သေးတာလည်း ပါသလို လွပ်လပ်ရေးလိုချင်စိတ်လည်း ပါတာပေါ့။

ဂျပန်ခေတ်မှာ ဦးကျော်ငြိမ်းက ကက်ဘိနက်အတွင်းဝန်။ ဒေါက်တာဘမော်က သူ့လူတွေသူခန့်တယ်။ ဒီတော့ ဦးကျော်ငြိမ်းက ထိပ်မှာဓမ္မပါတီလူတွေထားပြီး အောက်မှာ သခင်တွေ ၊ လူငယ်တွေထားပြီး အဓိပတိရဲ့ လက်မှတ်ရအောင်ယူရတယ်။ ရာထူးမရတဲ့သူတွေက ဦးကျော်ငြိမ်းကိုပဲ လာဆဲကြတယ်။ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ Burma NATIONALIST Movement စာအုပ်မှာကြည့်ပါ။

ဒေါက်တာဘမော်က အင်္ဂလိပ်ခေတ် လက်ဟောင်းနိုင်ငံရေးသမားကြီး၊ လူတော်။ ဒါပေမဲ့ မာနသိပ်ကြီး တယ်။ ဗျူရိုကရက်ဆန်တဲ့ နိုင်ငံရေးသမား။ ချာထိပ် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်မှု အောက်မှာ ဘယ် ခေါင်းလျှိုမှာလဲ။ ဒေါက်တာဘမော်ဟာ ခေတ်ကုန်သွားတဲ့ နိုင်ငံရေးသမာကြီးလို့ပြောလို့ လည်းရတယ်။ လူငယ် တော်လှန်ရေးသမားတွေနဲ့ ကွာသွားပြီ။ ဒေါက်တာဘမော် ကို စောင့်ပြီးမှ အက်တလီနဲ့တွေ့ရအောင် ဘာ များ အကျိုး ထူးလာမှာ မှမဟုတ်တာ။ အတွေး..မချော်ပါနဲ့ သားချစ် ဇော်ရေ။

ဗိုလ်ချုပ်တို့ လွပ်လပ်ရေးတောင်းတဲ့ အချိန်မှာ ကရင်တွေက လွပ်လပ်တဲ့ပြည်နယ်ကနေ independent State တောင်းတာ အောက်ဗမာပြည် တ၀က်ပါသွားတယ်။ ကရင်တွေ (မညီ)ကြလို့ အင်္ဂလိပ်က ဗမာတွေနဲ့ ဆွေးနွေးပါလို့ ပြန်ပြောတာ။ နိုင်ငံရေးအခြေအနေက very complex and fluid. Reality က ကြာလေရှုပ် လေပဲ

ဂဠုန်ဦးစောဟာ very cunning politician ပါ။ right wing အင်္ဂလိပ်တွေနဲ့ပေါင်းပြီး ဆင်ကြံ ၊ ကြနေသူပါ။

အခုထိ အင်္ဂလိပ်တွေက စာရွက်စာတန်းတချို့ကို လျှို့ဝှက်ထားတုန်းပဲ။ ဘီဘီစီ Who killed Aung San documentary မှာအတိ အကျပါတာပဲ။

ဦးစောက ဗိုလ်ချုပ်သေရင် ဘုရင်ခံက သူ့ကိုခေါ်မယ်တွေးက ပထမတွေးရင် ရူးတယ်လို့ထင်ရပေမဲ့ ၊ ကံ ကောင်းလို့ ၊ ဘုရင်ခံက သူစဉ်းစားပါတယ်လို့ နောက်ပိုင်း ဦးလောရုံနဲ့ တွေ့တော့ ပြောတယ်လို့ ဦးလောရုံ Atlantic Journal မှာရေးတာဖတ်လိုက်ရဖူးတယ်။ Archive လုပ်ထားတယ်။ ပြန်ရှာရင်ရပါတယ်။

ဒီလိုလူတွေ မသိတဲ့ facts တွေအများကြီးရှိပါတယ် ညီလေးရေ။ ပြည့်စုံအောင် အချိန်ယူ research လုပ်ရပါတယ်။

ညီလေးရေးလာတဲ့ “တကယ်တော.ဗမာ.လွတ်လပ်ရေးအတွက်တောင်တန်းဒေသ စည်းလုံး မှုလုပ်နေစရာ မလိုပဲ တခါထဲပဲ အပြတ်တောင်းဆိုနိုင်ရင် ခုလိုတိုင်းရင်းသားပြသ၁နာ တွေဖြစ်လာနိုင်စရာ မရှိဘူးလို့ .မြင် မိတယ် ”  ဆိုလာတာကတော့ ၊ စိတ်မဆိုးပါနဲ့ ညီလေးရာဇ၀င်အချက်အလက်ကို (မသိ) ပဲ Naïve ဖြစ် တယ်ဆိုတာ ဘွင်းဘွင်းးကြီးပေါ်နေတယ်။ It is so far from the truth.

ဦးရှင်းပြ…ပါရစေ။

အင်္ဂလိပ်တွေဟာ သိပ်လည်တယ်။ Local population ကို local တွေနဲ့ အုပ်ချုပ်ခိုင်းပြီး သူတို့က အပေါ် က ရေပေါ်ဆီ ခပ်စားတာ။ ဒါကြောင့် ရှမ်းပြည်မှာ စောဘွားတွေအုပ်ချုပ်တဲ့ ပဒေသရာဇ်စနစ်နဲ့ အုပ်ချုပ်စေတာ။ ရှမ်းစောဘွားတွေဟာ ပညာတတ်တွေ။ အင်္ဂလိပ်လိုကောင်းကောင်းတတ်ကြတယ်။ ကရင်တွေက ရိုးတယ်။ ရှမ်းတွေက ပို Sophisticated ပိုဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ အက်တလီနဲ့ ဆွေးနွေးနေတုန်းမှာ ရှမ်း စော်ဘွား တွေစီက သံကြိုးဝင်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ၊ ရှမ်းတွေကို ကိုယ်စားမပြုပါဖူးတဲ့။ ဒီ သံကြိုးစာကို ပြပြီး အင်္ဂလိပ်တွေက မေးခွန်းထုတ်လာတယ်။ ဖဆပလက တောင်ကြီးမှာ ဦးထွန်းအေးတို့ ခေါင်းဆောင်ကြတဲ့ လူထုထောက်ခံပွဲကြီး ကျင်းပပြီးမှ သတင်းစာထဲပါလာမှ အင်္ဂလိပ်တွေကိုပြပြီး ဆွေး နွေးရတယ်။ ရှမ်းပြည်မှာ စောဘွားတွေနဲ့ progressive ဖြစ်တဲ့ လူထုကိုယ်စားလှယ် နှစ်ဖွဲ့က အပြိုင်။

ဒီပြဿနာကြောင့် တိုးရင်းသားတွေနဲ့ ဆွေးနွေးရအောင် (ပင်လုံ) ကိုလုပ်ပေးမယ်ဆိုပြီး ညှိယူခဲ့ရတာ။ တိုင်းရင်းသာတွေ မပါရင် ပြည်မပဲ လွပ်လပ်ရေးရမှာပေါ့။

ပြီးမှ Arthur Bottomley ဦးဆောင်တဲ့ တောင်တန်းကော်မီရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရေးလုပ်သေးတယ်

ကြေးနန်းပို့တဲ့ အဓိကပုဂ္ဂိုလ်က စောရွှေသိုက်။ အများက နံမည်မဖေါ်ရဲကြဖူး။ စော်ရွှေသိုက်ရဲ့သား ကို ယူဂျင်းသိုက်ကိုယ်တိုင်ရေး ရှမ်းတော်လှန်ရေး ကိုယ်တွေ့ စာအုပ်မှာမှ လူတွေကဒီအတွက်အပြစ် ပြောကြ တယ်ဆိုပြီး သူ့အဖေကိုသူကာကွယ်ရေးပြသွားတယ်။

မျှမျှတတကြည့်တတ်ရင် ။ ရှမ်းတွေဖက်ကကြည့်ရင် မှန်တာပေါ့။ သူတို့အကျိုးအတွက် သူတို့ကန့်ကွက်ရမှာ ပေါ့။ ဒါကြောင့် ပင်လုံ ကိုခေါ်ရတာပါ ၊ သားချစ်ဇော်ရေ။ ပင်လုံခေါ်ရတာ အကြောင်းမဲ့ မဟုတ်ပါဖူး

ခွဲထွက်ခွင့်က ရှမ်းတွေကတင်လာတာ။ ကယားတွေက ရာဇ၀င်ရှိတယ်။ ဒါကြေင့် (ခွဲထွက်ခွင့်) ကို ဒီပြည်နယ်တွေပဲပေးခဲ့တာ။ ကချင်ကိုပြည်နယ်တောင်မပေးပါဖူး။ ဗိုလ်ချုပ်က လွှတ်တော်ကပဲ ဆုံးဖြတ် ခွင့်ရှိပါတယ် ဆိုပြီး ငြင်းခဲ့တာပါ။ ကချင်တွေကိုတော့ မြစ်ကြီးနား နဲ့ ဗန်းမော်ကို ပြည်မကပေးရမှာမို့ ခွဲထွက်ခွင့် မပြုဆိုပြီး ဆွေးနွေးခဲ့ကြတယ်။

အင်္ဂလိပ်ကို ညီညွပ်ကြကြောင်းပြချင်လွန်းလို့ ခွဲထွက်ခွင့် တောင်းဆိုချက်ကို စဉ်းစားခဲ့တာပါ။ ဗိုလ်ချုပ်က သူ့ကိုယ်သူယုံတာရော fair-minded ဖြစ်တာရောပါပါလိမ့်မယ်။

ဗိုလ်ချုပ်က ပြည်နယ် definition ကို Russian Constitution ကိုထောက်ပြပြီး ။ ရှမ်းပြည်နယ်တစ်ခုပဲ ပြည်နယ်အင်္ဂါနဲ့ ညီတယ်လို့ထောက်ပြခဲ့တယ်။

ရှမ်းတွေအတွင်းမှာလည်း ဗမာပြည်ထဲမှာပဲနေမှာလား ၊ ထိုင်းနဲ့ပေါင်းမလားဆိုတဲ့ ဆွေးနွေးမှုတွေရှိတယ်။ ဗိုလ်ချုပ်နဲ့ဖဆပလက လည်း ဘုရင်စနစ်ပြန်ထောင်ရင်ကောင်းမလားဆိုပြီး ဘုရင်မျိုးဆက်ကိုလိုက်ရှိကြ သေးတယ်။ နောက်ဆုံး နိုင်ငံရေးအရ သမ္မတရာထူးကို တလှည့်စီ rotate လုပ်မယ်။ ရှမ်း vote ကိုလိုချင်လို့ ရှမ်းကိုအရင်ပေးမယ်ဆိုပြီး ဆုံးဖြတ်ကြတာ။ ပြီးမှ စောရွှေသိုက်ကို ဆွဲယူလိုက်တာ။ ဒါနိုင်ငံရေးပဲ။

ဦးက အဖေအကြောင်းဆွေးနွေးနိုင်ဖို့ လွပ်လပ်ရေးသမိုင်းကို အချိန်ယူလေ့လာရတာ။

လေ့လာရင်းဘာသွားတွေ့သလဲ ဆိုတတော့ ဦးကျော်ငြိမ်းနဲ့ သခင်သန်းထွန်းတို့က ပါတီရေး၊ ၀ါဒရေး။ ပုဂ္ဂိုလ် ရေးပြိုင်ဆိုင်မှုတွေ အားကောင်းနေတဲ့ အချိန်မှာ (    UNITY IS STRENGTH ) ဆိုတာကို သဘော ပေါက် တာ ဗိုလ်ချုပ်အောင်ဆန်းပဲရှိတယ်။ ဒီအတိုင်းထောက်လျှောက် ကျင့်ကြံခဲ့တယ်။

ဒါကြောင့် သူထက်အသက်ကြီးတဲ့ သခင်မြ၊ ဦးနု၊ ဒီဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဘကြီးဘေဘေ အားလုံးကို ဆွဲခေါ် လာ တာ။ စိတ်ဓါတ်ပြည့်ရုံမက ၊ Honest ဖြစ်ရုံ မက ၊ Capacity က Statesman Level ၊ Iconic level မှာရှိတယ်။ သူလိုလူ အနှစ် ၁၀၀ မှာ တစ်ယောက်မပေါ်ပါဖူး။

ဖဆပလဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့် လွပ်လပ်ရေးကို အရယူပေးနိုင်ခဲ့တယ်။ Success story ပါ။

ကွန်မြူနစ်ပါတီဟာ သေသေခြာခြာ စဉ်းစားတတ်ရင် FAILURE ပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဦးကျော်ငြိမ်းထက်လည်း တော်တယ်။ သခင်သန်းထွန်းထက်လည်း တော်တယ်။

အပြစ်ပြောချင်ရင် ဦးနု က ကွန်မြူနစ်တွေထက်သာအောင် (တနှစ်အတွင်း လွပ်လပ်ရေးရမယ်) ဆိုပြီး ကြွေးကျော်လာတာ၊ အမှန်က VERY DANGEROUS။ ဗိုလ်ချုပ်တို့ အောင်မြင်လို့သာပေါ့

သခင်မြ က ကွန်မြူနစ်တွေရဲ့ တိုက်ခိုက်မှုကို စိုးရိမ်လွန်ပြီး Commonwealth ထဲမနေတာလည်း တိုင်းပြည် သိပ်နာတယ်။ development အတွက် chances and funds တွေ လွပ်သွားရတယ်။

ကွန်မြူနစ်တွေ အတွက်က နိုင်ငံရေးအမြတ်ရဖို့ပဲ့မြင်ကြတာ။ တိုင်းပြည်နာခဲ့ရတယ်။

ရိုးရိုးသားသား ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်ရောင်းစားတယ်ထင်ပြီ သေသွားကြတဲ့ ကွန်မြူနစ်တွေ အများကြီးပဲ။ ကွန်မြူနစ် တွေ ဥါဏ်မမှီလို့ ဗိုလ်ချုပ်ကို နားမလည်တာ ဘယ်လိုရှင်းပြ ရမှာလဲ

နိုင်ငံရေး..ဆိုတာ …. Level ပေါင်းစုံက ကြည့်လို့ ရတဲ့ အလွန်သိမ်မွေ့ တဲ့ ပညာရပ်ပါ။

မိမိလေ့လာမှု မပြည်စုံသေးလို့….Full Context ကိုမမြင်နိုင်သေးလို့ ဗိုလ်ချုပ်အောင်ဆန်း လိုလူမျိုးကို အပြစ်တင် မစောစေချင်ဖူး။

Full Context ကိုမြင်လာတဲ့ တနေ့မှာ ဗိုလ်ချုပ်ကို လေးစားလာပါလိမ့်မယ်။

တက္ကသိုလ်များစာကြည့်တိုက် ကထုတ်ဝေတဲ့ မြန်မာ့နိုင်ငံရေး ပထမပိုင်း က စတ္တု္ထုတပိုင်း ၊ မြန်မာစာသမိုင်း ဌါနက ထုတ်တဲ့ တိုင်းရင်သားများနဲ့ ၁၉၄၈ ဖွဲ့သည်းအုပ်ချုပ်ပုံသမိုင်း တွေကိုဖတ်ကြည့်ပါ။ ပို  သဘော ပေါက်သွားပါလိမ့်မယ်။

ပြီးခဲတဲ့ အပတ်က ပြည်သူ့ခေတ်ဂျာနယ်မှာ ဒေါက်တာဖေမြင့်ရေးသလို ထောင့်တစ်ထောင့်ထဲဖတ်တဲ့ လူမျိုး မဖြစ်စေဖို့ သတိရှိစေချင်တယ်။

9-11 ကိုတောင် ဂျူးတွေကြိုသိနေပါတယ်။ အမေရိကန်အစိုးရကိုယ်တိုင် တမင်လုပ်တာပါလို့ ကြံဖန်စွပ်စွဲ ကြတဲ့ Conspiracy theories တွေရှိသေးတာပဲ။ ယုံတဲ့သူတွေလည်းရှိတာပဲ။

ကွန်မြူနစ်ရဲ့ အခြအမြစ် မရှိတဲ့ လဘက်ရည်ဆိုင်နိုင်ငံရေးစကား တွေကိုနားမယောင်ပါနဲ့ ညီလေးရေ။

Research လုပ်ပြီးမှ ရေးတဲ့ စာအုပ်တွေကိုရှာဖတ်ပါ။

Aung San Atlee အကြောင်း အသေးစိပ်သိချင်ရင် Hugh Tinker ရေးထားတဲ့ စာအုပ်ရှိတယ်။ official documents တွေကို အသေးစိပ် research လုပ်ပြီး events တွေကို ပြန်ရေးပြထားတာ။ အကြီးကြီး အထူ ကြီးပဲ။ ဦးတွေးမြင့်စီမှရှိတယ်။ သွားဖတ်ကြည့်ပါ။ ဦးအကို ဒေါက်တာထွန်းကျော်ငြိမ်းစီမှာ လည်းရှိတယ်။
ဦးတို့ လိုရင် reference လုပ်နိုင်အောင်။ လိုအပ်ရင် သူ့အိမ်သွားဖတ်ရတယ်။ ဒေါ်လာ ၂၅၀ တောင်ပေး ရတယ်။

ညီလေးနဲ့ လူငယ်တွေ facts based knowledge တိုးပွားပါစေ

ဘိုဘိုကျော်ငြိမ်း
နိုဝင်ဘာ ၁၀ရက် ၂၀၁၃

                             **************************************


  Tharchit Zaw ဦးဘို ရေ၊ အပြစ်ပြောလက်ညှိုးထိုးရ်ျ ပြောလိုသည်.သဘောလုံးဝမပါပါဘူး၊
ဗိုလ်ချုပ်လဲ လူသားပဲမို.အမှားဆိုတာ လဲရှိမှာပါပဲ၊ဗုဒ္ဓတောင်ဘုရားမဖြစ်မီ
၆နှစ်မှားခဲ.တာဆိုတော. ဗိုလ်ချုပ်မှားတာ မဆန်းပါဘူးလို.ပဲဆိုပါရစေ၊

ဆိုလိုချင်သည်မှာ ဤလူကြီးတွေမကောင်းလို. ငါတို.နစ်နာခဲ.ရတာပါလို.ပြော
လိုခြင်းမဟုတ်၊အမှားထဲက သင်ခန်းစာယူဖို.သက်သက်တခု(Learn from the mistakes)ပါပဲ
အောင်ဆန်းအက်တလီစာချုပ်ကိုပြန်မကြည်.ခင်စာချုပ်ရဲ. နောက်ခံကိုပြန်သုံးသပ်ချင်လို.ပါ
အဲဒီအချိန်က အဂ်လိပ်တို.ရဲ. ပါဝါကြီးစိုးမှုတော်တော်ဖရိုဖရဲနိုင်တယ်အချိန်လို.ပြောရပါမယ်

မြန်မာ နိုင်ငံရေးဘက်ကလည်း လွတ်လပ်ရေးအတွက်အင်အားအတော်ကောင်းနေချိန်ကာ
လလဲဖြစ်တယ်၊ကမ္ဘာ.နိုင်ငံတွေကလဲနယ်ချဲ.ဝါဒကြီးစိုးမှုကိုတွန်းလှန်အားကောင်းနေတဲ.အချိန်အခါပါ၊အာရှတိုင်းပြည်တွေမှာ အင်္ဂလိပ်ဟာကိုလိုနီဆက်လက်ပြုဖို. မဖြစ်နိုင်တဲ.အခြေအနေမှာရှိနေပြီမို.ဆုတ်ခွါဖို. ခြေလှမ်းစပြင်နေချိန် လဲဖြစ်ပါတယ်၊ဒါကိုလဲ အာရှတိုင်းပြည်တွေကသိနေကြလို. လွတ်လပ်ရေးအတွက် မိမိတို.ဘက်မှ လုံးဝ အလျော.မပေးပဲအရေးဆိုတိုက်တွန်းနေကြပါတယ်အင်္ဂလိပ်ကလူလည်လူပါး၊ဗမာလွတ်လပ်ရေးကိုမဖြစ်မနေပေးရတော.မယ်ဆိုတာသိတော.ဗိုလ်ချုပ်

အောင်ဆန်းတို.ကိုဘိလပ်ကိုလာပြီးဆွေးနွေးဖို. အတင်းတိုက်တွန်းတယ်၊ဆွေးနွေးခိုင်းရတဲ.သဘောက

သူတို.စိတ်ကြိုက်ဖြစ်အောင် အင်္ဂလိပ်အလိုလိုက်နိုင်အောင် လုပ်ခိုင်းဖို.ခေါ်တဲ.သဘောပါပဲ၊တကယ်လဲ

သူတို.အလိုကျ ဖြစ်အောင်ချုပ်ဆိုပေးခဲ.ရတယ်၊
47 minutes ago · Like


Tharchit Zaw ဗိုလ်ချုပ်ဘိလပ်မသွားခင်က အောင်ဆန်းအက်တလီစာချုပ်မှာတောင်းရမယ်.အချက်၃ချက်ကိုအဓိကထားခဲ.တယ် လို.ဒေါက်တာဘမော်က ပြောသွားတယ်၊ဗမာလွတ်လပ်ရေးကို တနှစ်အတွင်းကန်.သတ်ပေးဖို.၊တိုင်းပြုပြည်ပြုလွုတ်တော်ကိုဗမာသာ ချုပ်ကိုင်ထားဖို. နဲ. အာဏာပိုင်အစိုးရကို တစ်လ အတွင်းပေးဖို.ဆိုတာတွေပါပဲ၊ဒါပေမယ်.အဲဒီအချက်တွေမရခဲ.ပဲ ပင်လုံစာချုပ်ထပ်တိုးလုပ်ဖို.တောင်တန်းပြည်နယ်ခွဲခြားမှုအတွက်လိုက်လျောပေးခဲ.ရတာအဓိကအမှားလို.မြင်မိတယ်၊
တကယ်ကအဲဒီခေတ်ပိုင်းဗမာလွတ်လပ်ရေးမှာဗမာကနိုင်ငံရေးအခြေအနေပိုင်းမှာအသာစီးရထားပြီးလဲဖြစ်တယ်၊လူထုကလဲလွတ်လပ်ရေးလိုချင်မှုကအားအရမ်းကောင်းအရှိန်ကောင်းနေတဲ.ကာလဖြစ်နေတယ်၊ဗမာတွေရဲ.လွတ်လပ်ရေးကိုကမ္ဘာကလဲအသိအမှတ်ပြုနေတဲ.ကာလ၊ဗမာတွေလွတ်လပ်ရေးမရရင်ဗမာတမျိုးသားလုံးလွတ်လပ်ရေးသူပုန်ထမယ်.အခြေအနေမှာရှိနေတာကိုလဲ အင်္ဂလိပ်ကသိထားတယ်၊အဲဒီအတိုင်းလဲ
ဗိုလ်ချုပ်တို.ကလုပ်ဖို.ရှိတယ်၊ဒါကြောင်.ဗမာလူထုကသာဆန္ဒရှိလို.ခပ်တင်းတင်းတောင်းဆိုရင်တောင်တန်းဒေသတွေပါခွဲနေစရာမလိုတဲ.ဗမာ.လွတ်လပ်ရေးရနိုင်မယ်လို. ဒေါက်တာဘမော်တို.ကယူဆခဲ.ကြတယ်
45 minutes ago · Like


Tharchit Zaw ကျွန်တော.အမြင်အရ အဂ်လိပ်က တောင်တန်းဒေသတွေကိုပါ အပိုင်ကိုင်လာတာကိုဗိုလ်ချုပ်ကပင်လုံနည်းလမ်းနဲ.သွားတာတော.အပြစ်ပြောစရာမရှိပေမယ်. နောင်လွတ်လပ်ရေးရအပြီးကာလတွေမှာတောင်တန်း
ဒေသ နဲ. ပြည်နယ်ခွဲထွက်ရေးတွေဖြစ်လာနိုင်စရာအမှန်ရှိလာခဲ.ရတယ်၊တကယ်တော.ဗမာ.လွတ်လပ်ရေးအတွက်တောင်တန်းဒေသ စည်းလုံးမှုလုပ်နေစရာမလိုပဲ တခါထဲပဲ အပြတ်တောင်းဆိုနိုင်ရင် ခုလိုတိုင်းရင်းသားပြသ၁နာတွေဖြစ်လာနိုင်စရာမရှိဘူးလို.မြင်မိတယ်၊ရှိနေပြီးသားပဲ၊ဒါပေမယ်.ဘိလပ်သွားတော.အင်္ဂလိပ်တွေရဲ.ဆန္ဒနောက်ကိုလိုက်ခဲ.ရတယ်၊လွတ်လပ်ရေးရတာတောင်အင်္ဂလိပ်ကို စစ်လျော်ကြေးပေးခဲ.ရတာဗမာပြည်အတွက် နစ်နာမှု တရပ်ပါပဲ၊ဗိုလ်ချုပ်တဦးထဲရဲ.အမှားရယ် လို.တော.မယူဆပါဘူး၊၊ဖဆပလ အဖွဲ.ကြီးတခုလုံးရဲ.လုပ်တဲ.အမှားလဲဖြစ်ပါတယ်၊ဒါကြောင်.ဒေါက်တာဘမော်တို.နဲ.ကွန်မြူနစ်
တွေရဲ.ထောက်ခံမှု မရခဲ.တာပဲဖြစ်ပါတယ်၊
43 minutes ago · Like


Tharchit Zaw တကယ်တော.အောင်ဆန်းအက်တလီကို ဘိလပ်သွားအလောတကြီးမချုပ်ပဲ ဗမာပြည်မှာပဲ ဗမာ.လွတ်လပ်ရေးကိုဒေါက်တာဘမော်တို.ဦးဆောင်မှု နဲ.သွားရင် ပိုကောင်းနိုင်မယ်လို.ထင်မိတယ်၊ဒါဆိုရင် ကိုယ်လိုချင်တာ ကိုအားလုံးပူးပေါင်းပြီးတောင်းဆိုခွင်.ရမှာအမှန်ပါပဲ၊ဗိုလ်ချုပ်လဲ လုပ်ကြံခံရနိုင်တဲ. ဘေးက ကင်းသွားလိမ်.မယ်လို.ထင်မိတယ်
ဗိုလ်ချုပ်အပါအဝင် အာဇာနည်ကြီးတွေလုပ်ကြံခံရမှုမှာအောင်ဆန်းအက်တလီစာချုပ်ကို နိုင်ငံရေးအရ တခြားအဖွဲ.အစည်းတွေနဲ.ပူးပေါင်းဆောင်ရွက်မှုအားနဲခဲ.လို. ဦးစောတို.က မကျေနပ်လို.လုပ်ကြံခဲ.တာလဲဖြစ်နိုင်ချေများပါတယ်၊

ဒေါက်တာဘမော်တိုလိုပညာတတ်ဥပဒေပညာရှင်တွေအောင်ဆန်းအက်တလီစာချုပ်ကိုမ ထောက်ခံခဲ.တာတွေဟာလဲ အထက်ပါအကြောင်းအရင်းတွေကြောင်.လဲဖြစ်ပါမယ်၊ကျွန်တော်ဖတ်ခဲ.သိခဲ.သလောက်ဒေါက်တာဘမော်တို.က
မထောက်ခံပဲ သပိတ်မှောက်ခဲ.ကြတယ်လို.သိရပါတယ်၊ဒီနေရာမှာ ဒေါက်တာဘမော် တို.နဲ.ကွန်မြူနစ်တွေသဘောထားတူညီကြမယ်လို.ထင်တယ်၊ဗိုလ်ချုပ်ကတော.လွတ်လပ်ရေးသည်သာ အ ခရာ မို.လို. ဒီလမ်းကို ရွေးလိုက်တဲ.စေတနာ သဘောပါပဲ၊ နိုင်ငံရေးအတွေ.အကြုံအရ အဲဒီခေတ် ဒေါက်တာဘမော်တို.လောက်မသုံးသပ်မိတာလဲဖြစ်
ကောင်းဖြစ်မယ်လို.ထင်မိတယ်၊

                             ****************************

Tharchit Zaw နောက်ဆုံးသတ္တု ချ ရရင် မြန်မာပြည် နိုင်ငံရေးက ရှေးလူတွေ မှားခဲ.ကြလို.သာ နောက်လူတွေ ခံနေရကြတာပါပဲ၊ ဦးနေဝင်းတင်မကမှားတာ မဟုတ်၊ ဖဆပလကြီးလဲ မှားခဲ.လို. ကွဲခဲ.တာပါပဲ၊ အဲဒီတော.ဦးနုလဲမှား၊ ဦးကျော်ငြိမ်းလဲမှား၊ သခင်စိုးတို. သခင်သန်းထွန်းတို.ကွန်မြူနစ်ကြီးတွေလဲမှား၊ အမှားကြီးမှားခဲ.ကြရတာပဲမဟုတ်လား၊ရှင်းရှင်းပြောရင် ဗိုလ်ချုပ်ကိုယ်တိုင်လဲ လွတ်လပ်ရေး အဓိက ရချင်ဇော နဲ.အောင်ဆန်းအက်တလီစာချုပ် ကို အလောတကြီး ဘိလပ်သွားချုပ်ခဲ.ကြတာတွေမှာ မြန်မာပြည်နိုင်ငံအတွက် ထိခိုက်နစ်နာ တဲ. အမှားတွေ ရှိခဲ.ကြတာပါပဲ၊ စေတနာ အမှား နဲ. ပုဂ္ဂလိက ရှေ့တန်းတင်အမှားပဲ ကွာချင်ကွာနိုင်မှာပါ။


Bo K Nyein သားစချးဇော်ရေ...မမှားသောရှေ့နေ ၊ မသေသောဆေးသမားဆိုသလို လူ့လောကကြီးမှာ (မမှား) ဖူးတဲ့သူ မရှိပါဖူး။ မော်စီတုံးတို့ The Great Leap Forward မှာ မှားလိုက်တာ တရုတ်သန်း (၄၀) လောက်သေသွားခဲ့ရတယ်။ ယဉ်ကျေးမှုတော်လှန်ရေးဆိုတာလည်း တကယ်တော့ အာဏါလုပွဲကို တော်လှန်ရေးသဏ္ဍန် နားလှည့်ပါး ရိုက် လုပ်ပြတာကို ပုဇွန်ခေါင်းတွေက က ယုံလိုက်ကြတာပဲ။ ဒီအမှားမှာလည်း၊ တရုတ်တွေသန်းချီပြီးသေ ခဲ့ကြရတယ်။ ဒါပေမဲ့ မော်ရဲ့အမှားတွေဟာ၊ တိန်လျှေက်ပိန်တို့လိုလူမျိုး အတွက် (နောင်တ) ရစရာသင်္ခန်း စာ လာဖြစ်တာကြောင့် တရုတ်တွေအတွက် အဆိုးထဲက အကောင်းဖြစ်ခဲ့ရတယ်။

ဒါကြောင့် ရှေးလူတွေအမှားကြောင့် နောက်လူတွေခံရတယ်ဆိုတဲ့ အဆိုကို ရာခိုင်နှုန်းပြည့် မထောက်ခံချင် ဖူး။ အရေးကြီးတာက မိမိလူဖြစ်ရတဲ့ အလှည့်မှာ မိမိတာဝန်ကျေနိုင်သလား။ ရှေးလူတွေရဲ့အမှားကို သင်္ခန်း စာယူနိုင်သလားဆိုတာက အဓိကပဲ။ ဥပမာ ၈၈၈၈ အရေးတော်ပုံကြီးဖြစ်ခဲ့တယ်။ မအောင်မြင်ခဲ့ဖူး။ ဒါ Generation အလိုက်၊ ပါဝင်သူတိုင်းမှာ တာဝန်ရှိတာပဲ။ အပြစ်တင်တာမဟုတ်ဖူး။ အခွင့်အရေးရတာပဲ။ မယူနိုင်ခဲ့ကြဖူး။ ဒါရှေ့ကလူကြီးတွေရဲ့ (အမှား) ကြောင့်မှမဟုတ်တာ။ ပြောမယ်ဆိုရင်အများ ကြီးပြောလို့ ရတယ်။ ဗိုလ်ချုပ်တို့ခေတ်ကလူငယ်တွေက capacity မှီအောင် ရေဖြည့်ခဲ့ကြတယ်။ အခွင့်အရေးရတော့ ဒီအခွင့်အရေးကို ရအောင်ယူနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းလို အရည်အချင်းပြည်တဲ့ ခေါင်းဆောင်နဲ့ သူ့ကို ၀န်းရံမဲ့ခေါင်းဆောင်တွေ စုပေါင်းနိုင်လို့အော်မြင်တာပါ။

ဗိုလ်ချုပ်အောင်ဆန်းအက်တလီစာချုပ်၊ချုပ်ဆိုနိုင်တာ (အောင်မြင်မှု)ပါ။ ဒါကို ပြောတာတော့ ဘ၀င်မကျ သလို လက်မခံနိုင်ဖူး။ ဘာကြောင့် အပြစ်ပြောရသလဲဆိုတာကို ရှင်းပြပေးနိုင်မလား။ ဦးအမြင်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းမှားတာတစ်ခုပဲရှိတယ်။ သူကစေတနာသန့်သန့် နဲ့တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့် လုပ် တာမို့ သူ့ကိုလုပ်ကြံနိုင်တယ်ဆိုတာကို လက်မခံပဲ အစောင့်ယူဖို့ အတင်းငြင်းဆိုတာပဲ။ဒီအမှားအတွက် သူအသက်ပေးလိုက်ရတယ်။တိုင်းပြည်လည်း နာခဲ့ရတယ်။
လူတိုင်းကိုယ့်ခေတ်မှာကိုယ် အခွင့်အရေးကိုယူတတ်ရမယ်။ ညီလေးပြောတာကိုနားလည်ပါတယ်။ ပုဂ္ဂိုလ်ရေး မပါ၊ ပါဖူး။ ကိုယ်ကတော့ဘာမှ ဖြစ်အောင်မလုပ်နိုင်ကြပဲ ၊ facts ကိုမဆန်းစစ်ပဲ ဟိုလူ့ ကို အပြစ်တင်၊ ဒီလူ့ကိုအပြစ်ရှာတာကတော့ ၊ စိတ်ဓါတ်အောက်တန်းကျတဲ့ လူညံ့တွေရဲ့ အကျင့်ပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...