Saturday, February 1, 2014

Myanmar Youth Media Club 30 Jan 2014

MYMC - MYMHOT



Posted: 30 Jan 2014 06:29 PM PST
CNY Decoration 
Hangzhou ကတရုတ် လူငယ် တစ်ယောက်က နှစ်သစ်ကူး အချိန်မှာ ဇာတိမြေ ကိုပြန်ပြီး နှစ်သစ်ကူး ပွဲတော်ကို အတူ တက် ရောက်ပေးဖို့ ၇ ရက်တာ ချစ်သူကို ယွမ်တစ်သန်း ($165,300) နဲ့ငှားချင် ပါတယ်တဲ့။
တရုတ် နှစ်သစ်ကူး အချိန်ဟာ မိသားစုတွေ စုံစုံညီညီ တွေ့ဆုံ ကြရတဲ့ အချိန်မို့ ပျော်ရွှင်စရာ ပေမယ့် ချစ်သူ မရှိသေးတဲ့ လူငယ်တွေ အဖို့ တော့ မိဘဆွေမျိုး တွေရဲ့ ချစ်သူ မရှိသေး ဘူးလား ဆိုတဲ့ အမေးကို ရင်ဆိုင်ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။


တရုတ် နှစ်သစ်ကူး အချိန်ဟာ တရုတ် လူမျိုးတွေ အဖို့ တစ်နှစ်လုံးရဲ့ အလေးထားဆုံး ပွဲဖြစ်သလို မိသားစု အားလုံး စုံစုံညီညီ တွေ့ဆုံကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ဝှမ်း မှာရှိတဲ့ တရုတ်လူမျိုး တွေဟာ ဒီနှစ်ကူး ပွဲတော်အတွက် အစား အသောက်တွေ ပြင် ဆင်ရင်း၊ hongbao (အန်ပေါင်း) တွေပြင်ဆင်ရင်း အလုပ်ရှုပ် ကြတဲ့အချိန် ဖြစ်သလို တချို့ အတွက်တော့ မိသားစုကို မိတ်ဆက်ပေးဖို့ ကိုယ် နဲ့ သင့်တော် လိုက်ဖက်တဲ့ အိမ်ထောင် ဘက်ကို ရှာဖွေကြ တဲ့အချိန်လည်း ဖြစ်ပါတယ်။ မကြာသေး မီကတော့ ချမ်းသာ ကြွယ်ဝတဲ့ တရုတ် အမျိုးသား တစ်ဦးက သူ့ရဲ့ ဇာတိမြို့ ကို ပြန်ပြီး နှစ်သစ်ကူး ပွဲတော်ကို အတူ တက်ရောက် ပေးဖို့ ချစ်သူ တစ်ယောက်ကို တရုတ်ယွမ် တစ် သန်း (အမေရိကန်ဒေါ်လာ 165,300 ခန့်) နဲ့ငှားရမ်းဖို့ ကမ်းလှမ်း ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပိုက်ဆံ အပုံလိုက် ကြီးက တောင်မှ အလုပ် ဖြစ် မယ့် သဘော မရှိပါဘူး။

大默飛鷹百萬現金租女友

နှစ်သစ်ကူး အချိန်ဟာ တရုတ်လူမျိုး တွေအတွက် အရေးကြီးတဲ့ အချိန်အခါ သမယ ဖြစ်ပေမယ့် အတော်များများ ကတော့ အဲဒီလို မိသားစု နှစ်ပတ်လည် တွေ့ဆုံပွဲကို ကြိုက်သလိုလို၊ မကြိုက်သလို စနောင့်စနင်း ဖြစ်နေ ကြပါတယ်။ အစဉ်အလာက နေရာပေါ် မူတည်ပြီး အနည်းအ ပါး ကွာခြားတာ ရှိနိုင် ပေမယ့် လူကြီးတွေနဲ့ အိမ်ထောင်သည် တွေကတော့ သူတို့အောက် အငယ် မိသားစုဝင် တွေကို ကံကောင်းခြင်း၊ ပျော် ရွှင်ခြင်း တွေရရှိဖို့ ရည်ရွယ်ပြီး အန်ပေါင်း ပေးကြရ ပါတယ်။ အိမ်ထောင်စု ကြီးတဲ့ မိသားစု တွေကတော့ အန်ပေါင်း များများ ပေးရတဲ့ အ တွက် ပိုက်ဆံ အကုန်အကျ များကြ တာပေါ့။ အပျို၊ လူပျိုတွေ အတွက် ကတော့ အန်ပေါင်း အတွက် အကုန်အကျ မများလှ ပေမယ့် သူတို့ ရဲ့ အချစ်ရေးနဲ့ ပတ်သက် လို့တော့ ချစ်သူ ရှိပြီလား ဒါမှမဟုတ် အခုထိ မစွံသေး ဘူးလား ဆိုတဲ့ မေးခွန်းတွေကို မပြတ် မေး ခံရတတ် တာပါ။ တစ်ခါ နှစ်ခါ လောက်တော့ ရယ်စရာ လုပ်ပစ် လိုက်လို့ ရပေမယ့် ဦးလေး၊ အဒေါ်တွေနဲ့ အမျိုးတွေက ဒီမေးခွန်း ကိုပဲ ထပ်ခါ တလဲလဲ မေးလာ တဲ့အခါ  အဲဒီလို အမေးခံ ရတာကိုက စိတ်ဆင်းရဲ စရာ ဖြစ်လာပြီး အိမ်ကို အတွဲ မပါဘဲ တစ်ယောက်တည်း ပြန်ဖို့ကလည်း တစ်နှစ်ထက် တစ်နှစ် ခက်လာ ပါတယ်။

CNY Family Gathering

အဲဒီလို အခြေအနေ မျိုးမှာ တစ်ယောက် ယောက်ကို ကိုယ့်ချစ်သူ အဖြစ် ဟန်ဆောင် ခိုင်းတယ် ဆိုတာ အထူးအဆန်းတော့ မဟုတ်တော့ ပါဘူး။ ဒါပေမယ့် Hangzhou ကလူငယ် တစ်ယောက် ကတော့ သူ့ရဲ့ ချစ်သူအဖြစ် ၇ရက် သရုပ်ဆောင် ပေးရုံနဲ့ တရုတ်ယွမ် တစ်သန်းပေး မယ် လို့ ကြေငြာ လိုက်ပါတယ်။ ယွမ်တစ်သန်း တင်မကသေးဘဲ တရုတ်ပြည် တောင်ပိုင်း မှာရှိတဲ့ Shenzhen ကိုသွားဖို့ လေယာဉ်လက် မှတ် ကိုလည်း သူကပဲ စီစဉ် ပေးမယ်လို့ ပြောလိုက် ပါတယ်။ သူက သန်းပေါင်း များစွာနဲ့ ချစ်သူ ငှားမယ့် ကြီးမား တိတ်ဆိတ်တဲ့ သိမ်း ငှက်လို့ အဓိပ္ပါယ် ရတဲ့ အမည်နဲ့ တရုတ် လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ Weiju Website မှာ အသက်၂၅ နှင့်အောက် အရွယ် ချောမော လှပ တဲ့ ချစ်သူ ရှာနေတဲ့ အကြောင်း ကြော်ငြာတင် ခဲ့ပါတယ်။ သူ့ချစ်သူ နေရာ အတွက် လျှောက်ထား ချင်တဲ့ မိန်းကလေး တွေက အရပ်က 168cm (5' 5'') ထက်မြင့်ရ မှာဖြစ်ပြီး ကိုယ်အလေးချိန်က 50 kg (110 lbs) ထက်နည်းရ ပါမယ်တဲ့။ အနည်းဆုံး ဘွဲ့တစ်ခုလည်း ရထား ရပါဦး မယ်တဲ့။ အဲဒီ ကြော်ငြာမှာ Ph.D ရထားတဲ့ မိန်းကလေး ဒါမှမဟုတ် အပျိုစင် စစ်စစ်ဖြစ်ရင် ဦးစားပေး ရွေးချယ်မယ်။ 10 % အပိုဆောင်း ဆုကြေး လည်း ပေးမယ်လို့ ဖော်ပြထား ပါသေးတယ်။ မိန်းကလေးပေါင်း ၅၀၀၀ ထက်မနည်း လျှောက်လွှာ တင်ပြီးကြ ပါပြီတဲ့။

A screenshot of original ads

အဲဒီလို လိုအပ်တဲ့ အသေးစိတ် အချက်အလက် တွေကို ပြောထားတဲ့ အချိန်မှာ အဲဒီ လူလွတ် လူချမ်းသာ လေးရဲ့ သတင်း တွေကလည်း ပျံ့ နှံ့လာ ပါတယ်။ ငွေပုံကြီးနဲ့ ရိုက်ထားတဲ့ သူ့ရဲ့ဓါတ်ပုံ ကလွဲလို့ သူ့ရဲ့တခြား ကိုယ်ရေး အချက်အလက်တွေ ဘာမှ မဖော်ပြ ထားပုံအရ သူဟာ သူ့မိဘ တွေကို သူ့လှည့်ကွက်က ဘယ်လောက် ကြေးကြီး သလဲဆိုတာ သိစေချင်ပုံ မရပါ ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အင်တာနက် အသုံးပြု သူတွေ ကတော့ သူတကယ်ပဲ အဲဒီ အကြောင်းကို လျှို့ ဝှက် ထားချင်ရင် ဒီလို အွန်လိုင်းမှာ ကြော်ငြာတာ တစ်မျိုးကြီး ပဲလို့ ဆိုကြပါတယ်။ သန်းချီ တန်တဲ့ ချစ်သူရွေးပွဲ သတင်းက တရုတ် ၀က်ဘ်ဆိုက် တွေမှာ အင်တာနက် သုံးစွဲသူ တွေရဲ့ share ပေါင်းများစွာနဲ့ တောမီးလို ပျံ့ နှံ့သွား ခဲ့ပါတယ်။ အဲဒီ ကြော်ငြာက လျှောက်လွှာ တင်တဲ့သူ များစွာ သာမက အင်တာနက် သုံးစွဲသူ တရုတ် လူမျိုးများ အကြားမှာပါ မှတ် ချက်ပေါင်း များစွာနဲ့ မုန်တိုင်း တစ်ခုလို တိုက်ခတ် သွားခဲ့ ပါတယ်။

Image from Stomp

၇ရက်လောက် သူ့ချစ်သူ အဖြစ် သရုပ်ဆောင် ပေးရုံနဲ့ ယွမ်တစ်သန်း ရမှာ။ ဒါ A-list အနုပညာရှင် တွေလောက်ကို ၀င်ငွေ ကောင်းတာပဲ။ ၇ ရက်လောက် သူ့ချစ်သူ အဖြစ် သရုပ်ဆောင် ပေးရုံနဲ့ ၁၅နှစ်လောက် အစား မစားဘဲ စုသလောက် ပိုက်ဆံရမှာ။ ကိုယ့်ဘာသာကိုယ် မိန်းက လေး မဖြစ်ရ လေခြင်း ဆိုပြီး စိတ်တိုမိ တယ်ဗျ။ ခုဆို ချမ်းသာတဲ့ မိသားစု တစ်ခုထဲကို ၀င်နိုင်မယ့် အခွင့်အရေး တစ်ခု လက်လွှတ်လိုက် ရပြီ။ ဒါလူတွေ အာရုံစိုက် တာခံချင်လို့ လုပ်တဲ့ လှည့်ကွက် တစ်ခုလား။ ကျွန်တော့် မှာသာ ယွမ်တစ်သန်း ရှိနေရင် ဘာလုပ်ဖို့ ချစ်သူကို ငှားနေ တော့မှာလဲ။ ၀ယ်ပြီး အိမ်ကို ခေါ်သွားမှာပဲ ဆိုပြီး အမျိုးမျိုး မှတ်ချက်ပြု ကြပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်း မလှစွာဘဲ အလွန် အောင်မြင်တဲ့ ကြော်ငြာက Silent Eagle အတွက် စိတ်အနှောင့် အယှက် ဖြစ်စရာ ဖြစ်လာ ခဲ့ရပြီး သူက အဲဒီ ကြော်ငြာကို လွန်ခဲ့တဲ့ နှစ်ရက် လောက်က ပြန်ရုတ်သိမ်း ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မမျှော်လင့် ထားတဲ့ တုန့်ပြန်မှု ပေါင်းများစွာပာာ သူ့ကို အလွန် စိတ်ဖိစီးမှု ဖြစ်စေ တယ်လို့ သူက ပြောပြခဲ့ ပါတယ်။

Images from china, singaporeseen.stomp, firstwallpaperhd, rocketnews24. Source: en.rocketnews24.com


Author

Ei Pont

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...