Myanmar Youth Media Club 11 Feb 2014
MYMC - MYMHOT |
Posted: 11 Feb 2014 06:15 AM PST
colonoscopy
မလုပ်နိုင်တဲ့ လူနာတွေ အတွက် ဆေးတောင့် တစ်တောင့်စာ အရွယ်လောက်ပဲ ရှိတဲ့
ကင်မရာ PillCamကို အသုံးပြု ခွင့်ပေးဖို့ FDA ကခွင့်ပြုပေး လိုက်ပါပြီ။
ဒီဆေးတောင့်လေးရဲ့
နှစ်ဖက်စလုံးမှာ ကင်မရာ ပါဝင်ပြီး သင့်ရဲ့ အူလမ်းကြောင်း ထဲမှာ ၈နာရီစာ
နေပြီး ရုပ်ပုံတွေ ရိုက်ပြီး လူနာမှာတပ် ထားတဲ့ စက်ပစ္စည်း ကနေ တဆင့်
ဆရာဝန်က ကြည့်ရှု စစ်ဆေးမှာပါ။
ဒီကင်မရာ ဆေးတောင့် လေးကို PillCam လို့နာမည် ပေးထားပြီး အစ္စ ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Given Imaging ကထုတ်လုပ် တာပါ။ အမေရိကန် တစ်နိုင်ငံ တည်းမှာပဲ colonoscopy ပေါင်း ၇သိန်းခွဲလောက် က ပြီးအောင် မဆောင်ရွက် နိုင်ပါဘူးလို့ ကုမ္ပဏီက ဆိုပါတယ်။ မပြီးမြောက် ဘူးဆိုတာက ဆရာဝန် တွေက အကြောင်းကြောင်းကြောင့် သူတို့ သိဖို့ လိုအပ်တာ တွေကို မမြင်နိုင် ခဲ့ကြပါဘူး။ ၀မ်းဗိုက်မှာ ခွဲစိတ်မှုတွေ လုပ်ခဲ့ဖူးလား။ ဒါမှမဟုတ် အူမကြီးကို ထိခိုက်စေမယ့် တခြားဘာရော ဂါ တွေဖြစ်ခဲ့ဖူး သလဲ ဆိုတာတွေကို မသိနိုင် ခဲ့ပါဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဒီလိုအပ်ချက်ကို ဖြည့်ဆည်း ပေးဖို့ PillCam လိုအပ်လာ ပါပြီ။ အဖြစ်များတဲ့ ရောဂါ မဟုတ်ပေမယ့် အူမနဲ့ ပတ်သက်တဲ့ မမြင်နိုင်တဲ့ ကိစ္စတွေ အတွက်တော့ ကောင်းမွန်တဲ့ နည်းတစ်ရပ် ပါလို့ Indiana University က Dr. Douglas Rex ကဆိုပါတယ်။ PillCam ရဲ့ပုံရိပ် တွေက အရမ်းကြီး ထင်ရှား ပြတ်သားတာ မဟုတ်တာကြောင့် colonoscopy ကိုအစားထိုးမယ့် အရာ တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် PillCamရဲ့ ကုန်ကျ စရိတ်က $500 လောက်ပဲ ရှိချိန်မှာ လုပ်နေကျ colonoscopy နည်းက ထောင်ပေါင်း များစွာ ကုန်ကျ တာကြောင့် စရိတ် သက်သာပါ တယ်။ ဒါတင်မက PillCam ကိုနိုင်ငံပေါင်း ၈၀လောက်မှာ သုံးဖို့ ခွင့်ပြု ပြီးပါပြီ။
Images from cnn, gizmodo, thefutureofthings. Source: mashable.com

0 comments:
Post a Comment