အိုင်တီ-ဖွံ့ဖြိုးတိုးတက်မှုနှင့် ယနေ့လူငယ်များ
February 1, 2014 at 7:11am

သည်လို မနီးလှတဲ့ ခရီးအစကို ဖန်တီးပေးခဲ့ကြသူများကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ် ။
ဟိုတစ်ချိန် ဟိုခေတ် ဟိုကာလမှာတော့ သည်လိုစာပေဟောပြောပွဲတွေနွှဲကြတဲ့ ရာသီရောက်လာ ပြီဆိုမှဖြင့် (ဗိုလ်မှူး) ဆရာစိန်လွင်လေး - (ဗိုလ်မှူးကြီးတင်မောင်)သိပ္ပံမှူးတင်- (ဗိုလ်မှူးကြီး) ဆရာမြတ်ထန် နှင့်ဇနီးဖြစ်သူ တက္ကသိုလ်ကြည်မာ-ဒါရိုက်တာဗိုလ်မြင့် - ဒါရိုက်တာနေမျိုး- ယုဝတီခင်စိန်လှိုင်- ယုဝတီခင်လင်း စသည့် စာပေအဖွဲ.ဝင်များနှင့်အတူ အမြို.မြို.အနယ်နယ်သို. ဟော ကြပြောကြ-စကားရည်လုပွဲ (စကားအခြေ အတင်ပြောပွဲ)များတက်ရောက်ခဲ့ရတာဖြင့် ဒီကနေ. တိုင်အောင်မြင်ယောင်နေမိပါတယ်။
ဒီနေ. ဒီကာလရောက်ြပန်တော့ စကားရည်လုပွဲ(စကားအခြေအတင်ပြောပွဲ)ဆိုတာကလည်း မရှိသလောက်ကို ရှားသွားပြီပဲ။ ဟောပြောပွဲတွေကတော့ရှိနေဆဲ ဟောနေ-ပြောနေကြဆဲ။ကွန်ပျူတာ-အင်တာနက်စတဲ့ အိုင်တီနည်းပညာ တွေကလည်း ဖွံ.ဖြိုး တိုးတက်လာနေတဲ့အတိုင်း လူကြီးပိုင်းတွေ ကပါ လေ့လာအသုံးပြုနေကြပြီမဟုတ်ပါလား ။ ဒါပေမဲ့ အချို.သောလူကြိးများခမြာမလေ့လာ မကိုင်တွယ်ကြတော့ ဒီနည်းပညာဆိုတာတွေကလည်း အလကားပဲပေါ့ ။ ဒါကိုအခွင့် ကောင်းတစ်ခုအနေနဲ.နိုင်ငံတစ်နိုင်ငံရဲ့ဟောပြောမှာ စာရေးဆရာမကြိးတစ်ယောက်က သူ.ဘေး နားမှာထိုင်နေသူစာရေးဆရာကြီးတစ်ယောက်ကို ပြောလိုက်ပုံက အတော်လေးကို ရင်နာစရာ ကောင်းပါတယ် ။
“ ဒီဆရာကြီးတွေက အင်တာနက်ဆိုတာကိုမသုံးတတ်ကြတော့ ကျမပဲ အစစ အရာရာ online ကနေမေး - ဖြေပြီး စီစဉ်နေရတာပါ“--- တဲ့။ အင်တာနက်မှာနားထောင်နေသူကျမလည်း စိတ်မ ကောင်းဖြစ် မိပါတယ်။ ဆိုလိုတာကတော့ ဒီကနေ. ဒီခေတ်မှာလူကြီးလူငယ် အရွယ်မရွေး ဒီလို အင်တာနက် နည်းပညာများကို လေ့လာ အသုံးပြုသင့်နေပြီ ဖြစ်ပါလျက်မလေ့လာ အသုံးမပြုသူ များအတွက် အခုလိုပဲ မထေမဲ့မြင် ပြောဆိုခြင်းကိုခံရမှာဖြစ်ပါတယ်။
ဒီနှစ်အတွက် ရန်ကုန်Computer တက္ကသိုလ်မှာ ပထမဆုံးပြောခဲ့ရပြီး - ပဲခူး အမှတ်(၁) အထက် တန်းကျောင်းမျာပြောခဲ့ပါတယ်-ညနေဟိုတယ်ပြန်ရောက်ပြီး ပြန်မယ့်ရက်နံနက်ပိုင်းမှာ ယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှာဟောပြောခဲ့ရပါတယ်။
ဒီပုံလေးတွေကတော့ အမှတ်တရပေါ့နော်-
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
ဆရာမမေကျော့ ရှင်း
ရန်ကုန် Computer တက္ကသိုလ်မှာ
ယဉ်ကျေးမ၍အနုပညာတက္ကသိုလ်မှာပါ

0 comments:
Post a Comment