" အမွေ "
(၁)
" အမွေ"
အမေသေတော့
အမွေ…အမွေ၊ မက်သူတွေက
ရွှေတစ်စ ငွေတစ်စ၊ ကြေးတစ်စနှင့်
မြေစတောင်မှ မကျန်ရအောင်
ယူကြငင်ကြ၊ လုယက်ကြ…။
အမေသေလည်း
မသေသေးတာ စိတ်ဓာတ်ပါပဲ
ငါမှာ ခုထိ အမွေရှိတယ်
သတ္တိဇွဲတွေ ဒီအမွေကို
ခွဲဝေမယူတော့ဘူးလား။ ။
သြော်.. အမွေ..အမွေ..အမွေ။ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လထုတ် ရွှေအောင်လံမဂ္ဂဇင်းမှာပါဝင်သ
(၂)
ကျွန်တော်တို့ လင်ယားနှစ်ယောက် မင်္ဂလာဦးညက စကားများခဲ့ကြသည်။ ဖြစ်ပုံကတော့ ကျွန်တော့် အမေကို ချွေးမဖြစ်သူ ကျွန်တော့်ဇနီးက အထင်လွှဲပြီးစကားပြောရာမှ ရန်ဖြစ်ကြခြင်းဖြစ်သည်။ ဘေးအိမ်တွေ ကပါရောက်ရှိလာပြီး ဖြန်ဖြေရသည်။
ဤတွင် မိဘဆီမှ ကျွန်တော်အမွေတစ်ခုရခဲ့ပါသည
" နင်တို့အစား ငါရှက်ပါတယ်ဟယ်။ ရန်ဖြစ်တာ ဘေးအိမ်တွေသိလောက်အောင် အော်ကြီးဟစ်ကျယ် နဲ့။ နင်တို့သားသမီးတွေရလာရင် ပိုဆိုးမယ်။ အဲဒီကျရင်ဒီလိုရန်ဖြစ်လို့မ
အမေက ကျွန်တော်တို့ကို ဆုံးမခြင်းဖြစ်သည်။ ဟုတ်သည် ရန်ဖြစ်နေသည့် အဖေအမေကြားတွင် သားသမီးဖြစ်သူတို့ မည်သို့နေမည်နည်း။ ထည့်တွက်သင့်သည်။ ပြီးတော့ ရန်ဖြစ်သည်ကို တိုးတိုးတိတ်တိတ် ဖြစ်သည်တဲ့။ အော်ကြီးဟစ်ကျယ်ဖြစ်မှ ရန်ဖြစ်သည်ဟု အထင်မှတ်ခဲ့ကြသော ကျွန်တော်။ ခုလို တိုးတိုးတိတ် တိတ်ရန်ဖြစ်တတ်ဖို့လိုမည်။ လင်မယားလျှာနှင့်သွားဆိုသလု
ကျွန်တော် ရယူခဲ့သောအမွေတစ်ခုဖြစ်ပါသည
(၃)
ကျွန်တော်တို့ခပ်ငယ်ငယ်က ကုဋေရှစ်ဆယ် သူဌေးသား အကြောင်းကို သင်ခဲ့ကြရပါသည်။ မိဘ နှစ်ပါးက ရှစ်ဆယ်သော ကုဋေတွေကို ပေးအပ်ခဲ့ပါသည်။ ဖခင်ဖြစ်သူက " တို့မှာ ဒီသားတစ်ယောက်ပဲရှိတာ၊ အမွေဥစ္စာတွေက ကုဋေရှစ်ဆယ်တောင်ရှိတာ တစ်သက်စားကုန်မှမဟုတ် " ဟုဆိုကာ ပညာသင်ရွယ်တွင် ပညာမသင်ခဲ့ရပါ။
ကျွန်တော်တို့ကို ဆရာများက သင်ကြားခဲ့ရသည်မှာ သူဌေးသားသည် ပညာအမွေမရခဲ့သည့်အတွက် ဆင်းရဲပြီး သူတောင်းဖြစ်သွားသည်ဟု သင်ခဲ့ကြရပါသည်။ မဟုတ်ဘူးလားဟုဆိုလျှင် ဟုတ်ပါသည်။ သို့သော် ကျွန်တော်ဆက်တွေးကြည့်မိသည်
နောက်တစ်ချက်မှာ ပေးအပ်သည့် မိဘတို့၏ အမွေ။ ဥစ္စာအမွေ၊ အသိပညာအမွေ၊ ပညာအမွေ တို့တွင် ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာအမွေကို မပေးခဲ့ခြင်းကြောင့်ဖြစ်သည်
ဒီတော့ မိဘတွေဆီက ဥစ္စာအမွေထက် အသိပညာအမွေ၊ စိတ်ဓာတ်ကောင်းအမွေတို့ကို ရယူတတ်ဖို့ လိုပါမည်။ လက်ခံတတ်ဖို့လိုပါမည်။ များသောအားဖြင့် ဥစ္စာဓနအမွေကိုသာ အမွေအဖြစ် ရယူတတ်ကြပါ သည်။ တစ်သက်လုံးချစ်ခင်စွာ နေထိုင်လာခဲ့သော ညီအစ်ကိုမောင်နှမများသည် မိဘသေလွန်၍ ဥစ္စာများအား ခွဲဝေသည့်အခါမှ ရုံးရောက်ဂါတ်ရောက် ဖြစ်ကြရတော့သည်။ အမွေလုသည်၊ အမွေဆိုင်ခွဲသည်။
မိဘနှစ်ပါး၏ ဘ၀တစ်လျှောက်လုံးဖြတ်သန်းခဲ
(၄)
" ချစ်သား…သုံးပါးသော လောက၀ယ် အတုမရ အသဒိသစစ်ဖြစ်တော်မူ၍ နတ် လူ အလုံးတို့ ညွတ်ရုံးဦးခိုက်ကြကာ ရဟန္တာနှစ်သောင်း ခြံရံလျက် စံပယ်တော်မူသော ဤပုဂ္ဂိုလ်မြတ်သည်ကား အခြားမဟုတ်၊ သားမောင့်ဖခင် ကျေးဇူးရှင်တည်း၊ မွေးမိခင်နှင့် ရွှေနန်းပြင်ဝယ် စံရွှင်တော်မူသော ကာလက တစ်ယူဇနာသုံးဂါဝုတ်မျှကြီးက
" ဘယ်အရပ် ဘယ်ကွက် ဘယ်သူ့လက်၌ လျှို့ဝှက်ခဲ့သည်ဟု မသိရပါ၊ ငါ့သားမှာမူ အောင်ချာပြည်ကြီး ရွှေထီးရွှေနန်း သည်တိုင်းခန်းကို သိမ်းမြန်းစိုးချုပ် ရှစ်ဖြူအုပ်၍ မင်းလုပ်ရမည့်သူ ဖြစ်ချေသည်။ ဘိုးတော် ဘွားတော် မယ်တော်တို့အား နှစ် လ ရှည်လျား သင်ချစ်သားပင် စောင့်စား ကျွေးမွေးရလိမ့်မည်၊ သားဟူသမျှသည် အဘအမွေကို ခံရစမြဲဖြစ်သည်။ သို့ဖြစ်သောကြောင့် မောင်ဘဘုရားမှာ သွား၍ အမွေတောင်းချေလော့" ဟု ယသောဓရာမိဖုရားသည် သားတော်ရာဟုလာအား မြတ်စွာဘုရားရှင်ထံ အမွေတောင်းရန် စေလွှတ်လိုက်သည်။
ဘုရားသခင်ဆွမ်းဘုဉ်းပေးပြီး
ထိုအခါ မြတ်စွာဘုရားရှင်က " ငါ့သား ရာဟုလာသည် ဥစ္စာအမွေကို အလိုရှိ၏။ ထိုဥစ္စာကား ၀ဋ်တရား၌ ရှည်လျားစွာ ကျင်လည်ရ ကြောင်း မကောင်းသော အဆောက်အဦသာ ဖြစ်သည်။ မောင့်ဘမြတ်စွာ ငါဘုရားသည် ကြိုးစားကုတ်ကပ်၍ ရှာသဖြင့် မဟာဗောဓိပင် ပလ္လင်ရွှေဘုံ၌ အလုံးစုံရအပ်သော လောကုတ္တရာ ဓမ္မအမွေကိုသာ ငါပေးတော်မူမည်" ဟုမိန့်တော်မူပြီးလျှင် ရှင်သာရိပုတ္တရာကို ခေါ်တော်မူ၍ " ဤရာဟုလာမင်းသားကို ငါအမွေ သနားတော်မူလိုသည်၊ ရှင်ပြုဘိလော့ " ဟုမိန့်တော်မူသောကြောင့် ရှင်မဟာမောဂ္ဂလာန်သည် ဆံရိတ်၍ သင်္ကန်းဝတ်ပေး၏။ ရှင်သာရိပုတ္တရာသည် သရဏဂုံပေး၏။ ရှင်မဟာကဿပသည် သြ၀ါဒဆရာ ဖြစ်၏။
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြ
ကျွန်တော်တို့ မြန်မာ့မှုလူဝန်းကျင်တွင် သားဖြစ်လျှင် ရှင်ပြုပေး၍၊ သမီးဖြစ်လျှင် နားသမှုတို့ကို မဖြစ် မနေလုပ်ကြသည်။ သားဖြစ်သူကို ရှင်ပြုပေးရန်အတွက် ဘ၀မျိုးစုံကို ရုန်းကန်ရင်း ခြစ်ခြုတ်၍ ရှင်ပြုပွဲလုပ်ကြ သည်။ အဘယ့်ကြောင့် ရှင်ပြုပေးကြသနည်း။ သားဖြစ်သူအား ရှင်ပြုရဟန်းခံပေးခြင်းဖြင့
မည်သို့ပင်ဖြစ်စေ သာသနာ့ဘောင်တွင်းသို့ သွပ်သွင်းပေးခြင်းသည် အင်မတန်ကောင်းမွန်သော အလုပ်တစ်ခုဖြစ်သလို အဖိုးဖြတ်မရသော သာသနာ့အမွေပင်ဖြစ်ပါသည်။ သို့သော် တစ်ခါတစ်ခါတွင် ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များ၊ စိတ်သဘောထားများကွဲလွဲလာသည်
ပျော်သလောက်ဝတ်စေ၊ ရာသက်ပန် ၀တ်စေ၊ တရားအသိ သိအောင်အားထုတ်စေ ဟူသော စိတ်မျိုးဖြင့် သားသမီးအပေါ် ဓမ္မအမွေ၊ သာသနာ့အမွေပေးအပ်ခြင်းသည်ကာ
(၅)
" သားတို့ သမီးတို့ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ"
" ပေးတဲ့ဆုနဲ့ ပြည့်ပါစေ "
ကျွန်တော်တို့ ဦးသုံးကြိမ်ချ ကန်တော့လိုက်သည်။ လုပ်ငန်းရှိရာ တစ်နေတစ်ကျေးသို့ ပြန်ရတော့မည် ဖြစ်သဖြင့် မိဘနှစ်ပါးအား ကန်တော့နေခြင်းဖြစ်ပါသည်။ ခရီးသွားသည့်အခါတိုင်း မိဘကို ကန်တော့ခြင်းမှာ ကျွန်တော်တို့ မြန်မာမှုဓလေ့တစ်ခုဖြစ်သလို ဘာသာတရား၏ ဆုံးမသွန်သင်မှုကြောင့်လည်ြး
ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် ဂါရဝေါစ၊ နိဝါတောစ တရားတို့ကို လိုက်နာကျင့်သုံးနေထိုင် တတ် ကြပါသည်။ ဤသည်မှာ ကျွန်တော်တို့ကို ရှေးဘိုးဘေးဘီဘင်တို့က လက်ဆင့်ကမ်းခဲ့သော လူ့ယဉ်ကျေးမှု အမွေဖြစ်သည်။
ယဉ်ကျေးသော၊ သိမ်မွေ့သော၊ သည်းခံတတ်သော၊ စာနာတတ်သော၊ ဖော်ရွေတတ်သော မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့အမွေ၊ လောကီ၊ လောကုတ္တရာတို့အတွက် ကောင်းကျိုးကိုလိုလား တတ်သော ဆိုဆုံးမစကားအမွေအနှစ်တို့က
ထို့ပြင် သဘာဝသယံဇာတ၊ တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်ကြီးတု
(၆)
ဥစ္စာဓနအမွေ၊ အသိပညာအမွေ၊ လောကအကျိုးသယ်ပိုးချင်သော စိတ်ဓာတ်ကောင်းမွန်သောအမွေ၊
နောင်မျိုးဆက်တို့ကို ကျွန်တော်လက်ထဲတွင်ရှိနေသာ အမိမြန်မာပြည်ကြီး၏ သဘာဝအမွေ၊ ယဉ်ကျေးမှု ဓလေ့စရိုက်အမွေ၊ ဆိုဆုံးမစကားအမွေတို့ကို ကောင်းမွန်သော၊ ကြံ့ခိုင်သောအနေအထားဖြင့် ပြန် လည် လက်ဆင့်ကမ်းရမည်ဖြစ်ပါသည်။ နောင်လား နောင်သားတို့အတွက် ဆိုးသောအမွေတို့ကို လက်ကမ်း ပေးရန်၊ ချန်ထားပေးရန် မသင့်ပါပြီ။
အမွေ..အမွေ..အမွေ…။
ကျွန်တော့်တို့ကို ပေးခဲ့သည့်အမွေ။
ကျွန်တော်တို့ လက်ထဲက အမွေ။
ကျွန်တော်တို့ ပြန်လည်ပေးရမည့်အမွေ။
***************
မောင်ပိုင်
၂-၂-၂၀၁၄။
0 comments:
Post a Comment