Saturday, February 15, 2014

"ဗုဒ္ဓ ကို ကျောခိုင်းလိုသူများ"

"ဗုဒ္ဓ ကို ကျောခိုင်းလိုသူများ"

FB သုံးတဲ့ မြန်မာတွေမှာ အဆိုးဆုံး အကျင့်တစ်ခုက ထင်ပေါ်ချင်တဲ့စိတ်ကြောင့် 
မလုပ်ထိုက် မလုပ်သင့် မလုပ်အပ်သော ..
အများမလုပ်ရဲ / မလုပ်လို သော .. လုပ်ရပ်တို့ကို လုပ်ပြခြင်းဖြင့် မိမိကိုယ်မိမိ သတ္တိရှိသူ အောင်နိုင်သူလို့ စိတ်ကြီးဝင် ဘဝင်မြင့်တဲ့ ပြဿနာတစ်ခုပါဘဲ။

ဒီစိတ်ဟာ ဘာမှ မဟုတ်သလိုလိုနဲ့ သိတ်အန္တရာယ်ကြီးတဲ့ အခြေအနေတွေကို တွန်းပို့စေတတ်တဲ့ စိတ်ရောဂါ အကြီးစားတစ်ခုပါတယ်။
အထူးသဖြင့် အများလေးစားတဲ့သူကို ဆဲရေးတိုင်းထွာစော်ကားလိုက်ခြင်း ...
ဘုရားရှင် / ဘာသာတရား နှင့် ဘာသာတရား၏ အဆုံးအမတို့အား မထီမဲ့မြင်ပြုခြင်း ...
ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကို ဆဲရေးတိုင်းထွာခြင်း ဆိုတာမျိုးတွေကို လုပ်ပြလိုက်ခြင်းနဲ့ အများက သတ္တိရှိသူအဖြစ် ဝိုင်းထောပဏာပြုမှုကို မိန်းမောသာယာခြင်းဆိုတဲ့ စိတ်ဝေဒနာ လက္ခဏာတွေ ထင်ရှားစွာ ဖေါက်ပြန်လာပါတော့တယ်။ 

အဆိုပါ စိတ်ဝေဒနာရှင် အများစုဟာ ငယ်စဉ်ဘဝကြီးပြင်းလာစဉ်အချိန်မှာ
၎င်း၏ ပါတ်ဝန်းကျင်မှ အသိအမှတ်ပြု ဂရုထားမှုကို မရရှိခဲ့ခြင်းကြောင့် 
လူစိတ်ဝင်စားအာရုံထားမှုကို သာမန်ထက် လွန်ကဲစွာ တောင့်တခြင်း (Attention Disorder)
နွေးထွေး၍ ယဉ်ကျေးသိမ်မွေ့သောသော မိဘ ဆွေမျိုးအသိုင်းအဝိုင်း၏ မေတ္တာဖြင့် စနစ်တစ်ကျ ဆုံးမသွန်သင်မှုအောက်တွင် ကြီးပြင်းခွင့်မရရှိခဲ့ခြင်း ဆိုတဲ့ အားနည်းချက်တွေကြောင့်ဖြစ်ပါတယ်။

ဒီစိတ်ဝေဒနာနဲ့ပါတ်သက်ပြီးပြောချင်တာက အခုတစ်လော ဗုဒ္ဓဘာသာမြန်မာ FB User တွေကြားမှာ ခေတ်စားနေတဲ့ Hot Theme တစ်ခုက ဘာသာမဲ့ ခံယူတော့မယ်ဆိုတဲ့ အချက်ဘဲဖြစ်ပါတယ်။

လိုရင်းကိုဖြတ်ပြောရရင် အဲ့ဒိခံယူချက်ဖြစ်လာစေပါတယ်ဆိုတဲ့ မြစ်ဖျားခံရာကတော့ FB စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေတဲ့ ဘုန်းကြီးတွေက စစ်သားတွေဘေးမှာ သေနပ်ပစ်ဖို့သင်ယူနေတဲ့ပုံတစ်ချို့ပါဘဲ။

ပုံကဘာကြောင့်ရိုက်ထားတယ်ဆိုတာ မသိပေမယ့် သေနပ်ပစ်တယ်ဆိုတာ လူသတ်ဖို့တစ်ခုထဲလို့ အသေမှတ်ယူလို့မရပါဘူး။ အားကစားမှာလဲ သေနပ်ပစ်တာပါပါတယ်။
ထားပါလေ ဘာကြောင့်ဖြစ်ဖြစ်ပါ ဒီပုံအကြောင်းကို အကျယ်မချဲ့ချင်ပါဘူး။
အဓိကအချက်က ဒီပုံတွေကြောင့် ဗုဒ္ဓသာသနာဟာ ပျက်ဆီးနေပြီဆိုတဲ့ အယူအဆနဲ့နောက်ဆက်တွဲ ဗုဒ္ဓဘာသာကိုပါ မကိုးကွယ် နိုင်/သင့် တော့ဘူးဆိုတဲ့ ပြောဆိုယူဆချက်တွေဘဲဖြစ်ပါတယ်။

ဒီပုံထဲက ဘုန်းကြီးတွေရဲ့ မြင်ကွင်းဟာ ဗုဒ္ဓဘာသာရဲ့ ရှုထောင့်မှာ အမြင်မတော်တဲ့လုပ်ရပ်ဆိုတာ မှန်ပါတယ်။
ဒါပေမယ့် ဒီဘုန်းကြီး ၃ ၄ ပါးဟာ သင်္ဃန်းဝတ်ထားသော်ငြား ဗုဒ္ဓသာသနာတစ်ခုလုံးကို ကိုယ်စားပြုနေသူတွေ မဟုတ်ပါဘူး။
ဒီတော့ ဒီပုံတစ်ပုံကို မြင်ရုံနဲ့ ဗုဒ္ဓဘာသာကိုစွန့်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန် မှားယွင်းမိုက်မဲတဲ့ လုပ်ရပ်သာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ရဲ့ မူလအနက်အဓိပ္ပါယ်ကိုက မည်သည့် ပုဂ္ဂိုလ် ရုပ်ထု တို့ကိုမှ ရွေးချယ်ကိုးကွယ်ခိုင်းတဲ့ဘာသာ မဟုတ်ပါဘူး။

မေတ္တာတရားကို လက်ကိုင်ထားပြီး ကိုယ်ချင်းစာနာစိတ်ထားဖို့ ...
ငါးပါးသီလဆိုတဲ့ ကိုယ်ကျင့်တရား စင်ကြယ်ကောင်းမွန်ဖို့ ...
ရတနာ သုံးပါး ဦးထိပ်ထားပြီး အန္တနော အန္တန ငါးပါး ကို ရိုသေမြတ်နိုးဖို့ .. စသည့်အချက်များကို အဓိက တိုက်တွန်းညွှန်ကြားထားတဲ့ ...
သစ္စာလေးပါးဆိုတဲ့ စစ်မှန်သောတရားကိုသာ မျက်မှောက်ပြုပြီး ၃၁ ဘုံတည်းဟူသော သံသရာကလွတ်ကြောင်းကို မိမိဖာသာ အားထုတ်ကျင့်ကြံရတဲ့ ... ဘာသာပါ။

ဒီတော့ ခုလို ဘုန်းကြီးတစ်ချို့ရဲ့ မသင့်တော်တဲ့ပုံကိုကြည့်မြင်မိတာနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ မြင့်မြတ်တဲ့ဘာသာတရားကို စွန့်ခွာမယ်လို့ ကြွေးကျော်တဲ့သူတွေဟာ စကထည်းကိုက ဗုဒ္ဓဘာသာ ရဲ့ အနက်အဓိပ္ပါယ်ကို စစ်မှန်စွာ နားလည် ယုံကြည်ခြင်းမရှိတဲ့သူတွေသာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာစစ်မှန်ခဲ့ရင် တရားဆိုတာ သူများဆီမှာ မိမိခန္တာကိုယ်ရဲ့ပြင်ပမှာ တစ်ကူးတစ်က လိုက်ရှာရတာမဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်ရမှာပါ။

ဗုဒ္ဓဘုရားရှင်ဟာ လူဟာ မျောက်က ဆင်းသက်လာတယ်ဆိုတဲ့ Evolutionary Theory ကိုထုတ်ဖေါ်ခဲ့တဲ့ Charles Darwin ဆိုသူ 1809 AD မှာမမွေးခင် နှစ်ပေါင်းနှစ်ထောင်ကျော်ထဲက ... 
လူဆိုတာ သံသေတစ်စ Ameboa (Unicellular Organisms) ဆိုတဲ့ ရေမြေသဘာဝကနေ အလိုအလျောက်ဖြစ်တည်လာတဲ့ ဆဲလ်တစ်ခုတည်းပါတဲ့ သက်ရှိဇီဝ ပိုးလေးတွေကနေ ဇီဝမျိုးတွေဆင့်ပွားပေါင်းကူးရင်း ယနေ့ သက်ရှိမျိုးနွယ်စုတွေအားလုံး ဖြစ်ပေါ်မွေးဖွားခဲ့တယ်ဆိုတာကို သိပ္ပံနည်းကျကျ ကြိုတင်ဖွင့်ဆိုခဲ့တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ပါ။

ဗုဒ္ဓဟာ သူကိုယ်တိုင်လဲ ဖန်ဆင်းရှင် မဟုတ်သလို သူဟာ Immortal သို့မဟုတ် Indestructible ဆိုတဲ့ ဘယ်တော့မှ ပျက်ဆီးအိုမင်း သေဆုံးခြင်းတို့က လွန်မြောက်နေတဲ့ မဟာလူသား Super Man မဟုတ်ဘူးလို့ ထုတ်ဖေါ်ဟောကြားခဲ့တဲ့ လူသားစင်စစ်သာဖြစ်ပါတယ်။

ဒါကြောင့်လဲ Albert Einstein တို့လို 
လက်တွေ့သိပ္ပံပညာရှင် ၊ အတွေးအခေါ်ပညာရှင် ၊ စိတ်ပညာရှင် အကျော်အမော် အတော်များများဟာ ဗုဒ္ဓကို လက်ခံယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။  

ဗုဒ္ဓဟာ ဘာဝနာကိုသာ ကျင့်ကြံခိုင်းတဲ့ ဘုရားရှင်ပါ။
ဗုဒ္ဓဘုရားရှင်ဟာ ဘယ်တုန်းကမှ မျက်စေ့မှိတ်ယုံကြည်ကိုးကွယ်ခြင်းကို မတိုက်တွန်းခဲ့ပါဘူး။
သူ့ကိုတောင် အကြောင်းမဲ့ တစ်ဖက်သတ် ယုံကြည်ခိုင်းခဲ့တာ မဟုတ်ပါဘူး။

"ဧဟိပသိကော" = (လာလော့ ရှုလော့ လေ့လာ/ကျင့်ကြံ/အားထုတ် လော့) ဆိုပြီး ပွင့်လင်းမြင်သာစွာ ဖိတ်ခေါ်ရဲတဲ့ ကမ္ဘာမှာတစ်ခုတည်းသောဘာသာတစ်ခုကို ဟောကြားသင်ပြခဲ့သူ ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့ ကျန်းဂန်တွေထဲမှာ ဘာသာမတူသူ မယုံကြည်သူတွေကို ပေးမဖတ်နိုင်တဲ့ ဘာလျှို့ဝှက်ချက်တွေမှ မပါရှိပါဘူး။
ဗုဒ္ဓရဲ့ စေတီပုထိုးတွေထဲမှာ ဘာသာမတူသူတွေကို မပြနိုင်တဲ့ မည်သည့် လျှို့ဝှက်သောအရာဝတ္ထုတွေမှ မရှိပါဘူး။

ဗုဒ္ဓဘုရားရှင် ရဲ့ ဘာသာတရားဆိုတာဟာ ...

"ငါ့ ကိုမကိုးကွယ်ပါက ကြီးစွာသော ရန်သူအဖြစ်သတ်မှတ်စေလော့" လို့ မယုံကြည်သူတွေကို ရန်လိုမုန်းတီးတဲ့ ဘာသာ မဟုတ်ဘူး ...

"ငါ့ ကိုဆန့်ကျင်စွန့်ခွာလျင် သတ်ကြလော့" လို့ စွန့်ခွာလိုသူတွေကို ချိန်းခြောက်တဲ့ ဘာသာ မဟုတ်ဘူး ...

"ငါ့ ကိုတောင်းပန်ပါက အကုသိုလ်/အပြစ် ကြီးငယ်ဟူသမျှမှ မုချကင်းလွတ်စေလော့" လို့ စိတ်ဖြေသိမ့်ပေးတဲ့ ဘာသာ မဟုတ်ဘူး ...

"ငါ့ ကို ကိုးကွယ်သူမှန်သမျှ သေလွန်ပြီးသည့်အခါ နတ်ပြည်နတ်ရွာတွင် လောကီချမ်းသာစည်းစိမ်တို့ကို မုချခံစားရစေအံ့" လို့ မဖြစ်နိုင်တဲ့ မက်လုံးပေးထားတဲ့ ဘာသာ မဟုတ်ဘူး ...

ဒီတော့ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဆိုသူတစ်ချို့ ဖေါက်ပြားကျူးလွန်ခြင်းကြောင့် ဗုဒ္ဓရဲ့ သာသနာတော်ဟာ ဘာအကြောင်းနဲ့မှ ယိုင်နဲ့ပျက်ဆီးခြင်းကို မရောက်နိုင်ပါဘူး။
တရားပျက်တဲ့သူ အကုသိုလ်ကျူးလွန်တဲ့သူဟာ ၄င်းတို့ရဲ့ အပြစ်ကို ၄င်းတို့သာ လက်ရှိဘဝ သို့မဟုတ် သံသရာမှာ တိုက်ရိုက်ခံစားရမှာဖြစ်ပါတယ်။
၎င်းတို့ မှားယွင်းမှုအတွက် မိမိရင်ထဲက ရတနာ သုံးပါးကို ဘာအတွက်နဲ့မှ သံသယဖြစ်စရာ မျက်ကွယ်ပြုစရာ အကြောင်းမရှိပါဘူး။

ဒီတော့ FaceBook က ဗုဒ္ဓဘာသာဝင် လူကြီး/လူငယ် မိတ်ဆွေအားလုံးကို ကျွန်တော် လေးနက်စွာ တိုက်တွန်းလိုတာက ...

ဗုဒ္ဓ ဘာသာရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ?
ဗုဒ္ဓ ရဲ့ သစ္စာလေးပါးတရားတော်ဆိုတာ ဘာလဲ?
ကံ ကံ၏အကျိုး ဆိုတာ ဘာလဲ? ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောတရားတွေကို သေသေချာချာနားလည်အောင် ပြန်ကျိုးစားကြပါဆိုတာပါဘဲ။

ထပ်ပြောပါရစေ ယနေ့ထိ ကမ္ဘာမှာ သိပ္ပံပညာအရရော စိတ်ပညာအရပါ လက်တွေ့အကျဆုံး နဲ့ ယုတ္ထိအရှိဆုံး ဘာသာတရားဟာ ဗုဒ္ဓဘာသာဘဲဖြစ်ပါတယ်။

ဒိဌိတစ်ချို့ရဲ့ မှားယွင်းရူးသွပ်မှု လမ်းလွှဲခေါ်ဆောင်မှု သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အဖိုးအတန်ဆုံးရရှိထားတဲ့ ဗုဒ္ဓဘာသာဘဝကို မဆုံးရှုံးကြပါစေနဲ့။

ထာဝရမေတ္တာဖြင့် 

မျိုးချစ်မြန်မာ

FB သုံးတဲ့ မြန်မာတွေမှာ အဆိုးဆုံး အကျင့်တစ်ခုက ထင်ပေါ်ချင်တဲ့စိတ်ကြောင့်
မလုပ်ထိုက် မလုပ်သင့် မလုပ်အပ်သော ..အများမလုပ်ရဲ / မလုပ်လို သော .. လုပ်ရပ်တို့ကို လုပ်ပြခြင်းဖြင့် မိမိကိုယ်မိမိ သတ္တိရှိသူ အောင်နိုင်သူလို့ စိတ်ကြီးဝင် ဘဝင်မြင့်တဲ့ ပြဿနာတစ်ခုပါဘဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...