Thursday, February 6, 2014

တရားသဖြင့် တွေးတတ်အောင် လေ့ကျင့်ယူပါ

လူဟာ တစ်ခုခုကို လုပ်ပါများရင် စွဲနေတတ်ပါတယ်။ 
(Negative-အဆိုးမြင်)နဲ့ ကြည့်တတ်တာ အကျင့်ဖြစ် 
နေရင် ဘယ်မြင်ကွင်းပဲ ကြည့်ကြည့် နဂ္ဂတစ်နဲ့ပဲ ကြည့်
နေတော့တာပါ။ စွဲနေတဲ့ အစွဲကို ဖျောက်ဖို့ သိပ်ခက်
ပါတယ်။ နဂ္ဂတစ်နဲ့ ကြည့်မိလိုက်လို့ စိတ်ဆင်းရဲရတယ်
ဆိုတာလည်း မသိတော့ပါဘူး။ အဲဒီ မသိတာက ပိုခက်
နေတော့တာပါ။

■ (Negative)နဲ့ ကြည့်တတ်တာ စွဲနေရင် ကောင်းတဲ့မြင်ကွင်း၊ 
ကုသိုလ်ဖြစ်စေတဲ့ မြင်ကွင်းကိုမြင်ဦး တော့ နဂ္ဂတစ်နဲ့ပဲ 
ကြည့်နေတော့တာပါ။

■ ဒီနေရာမှာ ကိုယ့်ကို ဖေးမပြောပြပေးမယ့် မိတ်ကောင်း 
ဆွေကောင်း သိပ်လိုပါတယ်။ ကိုယ်တိုင် ကလည်း ကိုယ့်
ကိုယ်ကို(Negative)သဘော ဖြစ်နေတယ်ဆိုတာ သိဖို့ 
အရေးကြီးပါတယ်။ ဒါမှ ဖေးမပေး ရတဲ့သူလည်း လွယ်
တာပါ။ ကိုယ့်ကိုချစ်တဲ့ သူကပဲဖေးမမှာပါ။ မုန်းတဲ့သူကတော့ 
တကူးတကလာပြီး မဖေးမပါဘူး။ ဒီသဘောလေးတွေကို 
အာရုံပြုလိုက်ရင်လည်း ဖေးမလာသူကို တန်ဖိုးထားလာ
နိုင် ပါတယ်။ အဓိက ကိုယ်ကပြုပြင် ပြောင်းလဲချင်စိတ် 
ရှိဖို့ပါ။ ဆိုလိုတာက ကိုယ်က အဓိကပါ။

--->www.facebook.com/youngbuddhistassociation.mm

■ မြင်ကွင်းတစ်ခုကို ကြည့်တဲ့အခါ ပေါ့စတစ်နဲ့ ကြည့်တတ်တာ၊ 
(Negative)နဲ့ ကြည့်တတ်တာ တွေဟာ အတိတ်ပါရမီတွေနဲ့ 
လည်းဆိုင်နေပါတယ်။
ပါရမီပါခဲ့တဲ့ သူကတော့ ပေါ့စတစ်နဲ့ ကြည့်ပြီး ပါရမီမပါခဲ့တဲ့ 
သူကတော့ (Negative)နဲ့ ကြည့်တော့ တာပါ။ ကိုယ်က
(Negative)နဲ့ ကြည့်တတ်သူဆိုရင်လည်း ပြန်လေ့ကျင့် ယူ
ရမှာပါ။ ပါရမီပါသူနဲ့ မပါသူဟာ နေရာတိုင်းမှာ သိပ်ကွာပါတယ်။

■ တစ်ခါက ဦးဇင်းအရှင်ဆန္ဒာဓိကနဲ့ တစ်နေရာကို ဆွမ်းစားကြွ ဖြစ်
ပါတယ်။ ဆွမ်းစားပြီးလို့ ပြန်ထ တော့ ဦးဇင်းအရှင်ဆန္ဒာဓိကက 
လက်အုပ်လေးချီပြီး“ အရှင်ဘုရားကို နေရာထိုင်ခင်း လှူပါတယ်။ 
ဤထိုင်ခင်းလှူရသော ကုသိုလ်ကောင်းမှုကြောင့် ဗောဓိဉာဏ်၏ 
အထောက်အပံ့ ဖြစ်ပါစေ”လို့ ပြောလာတော့ အောက်ကိုငုံ့ကြည့်
မိလိုက်ပါတယ်။ အောက်မှာ မိမိထိုင်ထားတာက ဦးဇင်း အရှင်
ဆန္ဒာဓိကရဲ့ ထိုင်ခင်းပါ။ ဦးဇင်းအရှင်ဆန္ဒာဓိက ကလည်းမိမိရဲ့ 
ထိုင်ခင်းပေါ်ထိုင်ထားပါတယ်။ ထိုင်ခင်းမှားထိုင်မိကြတာပါ။

ဒီတော့မိမိကလည်း “ဘုန်းကြီးကိုလည်း ထိုင်ခင်းလှူပါတယ်၊ 
ဤကုသိုလ် ကောင်းမှုကြောင့် နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေ”လို့ 
ကောက်ခါငင်ခါ အမြန်ဆုတောင်း လိုက်ရပါတယ်။ “သြော်.. အရှင် 
ဘုရားရယ် ကုသိုလ်ယူတတ် လိုက်တာ”လို့ စိတ်ထဲက လေးစား
ကြည်ညို လိုက်မိပါတယ်။

■ တရားနဲ့ တွေးတတ်တာဟာ အတိတ်ပါရမီ, အလေ့အကျင့်တွေနဲ့ 
လည်းဆိုင်နေတာ ဆိုတော့ ပါရမီဆိုတာလည်း အလေ့အကျင့်ကြောင့် 
ဖြစ်လာရတာပါ။ ဒီတော့ကိုယ်က အထုံဖြစ်အောင် လေ့ကျင့်ယူ
ရမှာပါပဲ။

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...