Thursday, February 6, 2014

ချစ်သူများနေ့ လက်ဆောင်


ချစ်သူများနေ့ ရောက်တော့မယ် ။ ချစ်သူများနေ့ ကို ချစ်သူတိုင်း
စိတ်ဝင်စားကြသည်ကို အပြစ်တင်လို့ မရနိုင်ပါဘူး ။ ချစ်သူတွေအတွက်
တစ်ဦးနှင့် တစ်ဦး ချစ်နေကြသည့် နေ့ရက်တိုင်းဟာ ချစ်သူများနေပါပဲ။ ဒီထဲကမှ
 ဖေဖော်ဝါရီလ ( ၁၄ ) ရက်နေ့ကို ဖြင့် ချစ်သူများနေ့ရယ်လို့ သတ်မှတ်ခဲ့ကြတယ် ။ 
ချစ်သူများနေ့ ဆိုလို့ အိမ်ထောင်သည်တွေ
မပါဘူးလို့ မထင်လိုက်ကြနဲ့နော်  ။ တစ်ဦးကို တစ်ဦး ချစ်ခင် မြတ်နိုးကြ
တဲ့ ချစ်သူတိုင်း ချစ်သူများနေ့နဲ့ သက်ဆိုင် အကြုံးဝင်ပါတယ် ။ ဟုတ်ပြီ
ချစ်သူများနေ့မှာ မိမိချစ်သူကို မည်သည့် အမှတ်တရတွေကို ပေးကြမလည်း
ပေးရမလည်း ဆိုသည့် အတွေးတွေနဲ့ ချစ်သူတိုင်း ရင်ခုန်နေကြမှာပါ ။ ခိုင်လေး
လည်း ရင်ခုန်နေပါတယ် ။ ချစ်သူများနေ့မှာ ခိုင်လေး ချစ်သူကို ပေးမယ့်
လက်ဆောင်အတွက်  တွေးဖြစ်တဲ့ အတွေးပုံစံလေးနဲ့ ချစ်သူများနေ့အတွက်
ချစ်သူတိုင်း တွေးသင့်တာလေးတွေကို ရေးချင်ပါတယ် ။
ချစ်သူ ဆိုတဲ့ ဝေါဟာရကိုက မိမိက ချစ်ခင်မြတ်နိုးရသူလို့ ဆိုလိုတယ် ။
မိမိချစ်ခင်မြတ်နိုးရသူတွေကို အကောင်းဆုံး ၊ အတော်ဆုံး ဆိုတာတွေကို
ဘဲ ဖြစ်စေချင်ကြတာ ချစ်သူတိုင်း ဆန္ဒပါ ။ ဒီနေရာမှာ တစ်ချက်တွေးရမှာ
က မိမိမိချစ်သူသည် မိမိအပေါ် အမှန်တကယ် ချစ်မြတ်နိုးခြင်းလား ၊ လိုအင်
ဆန္ဒတစ်ခုအတွက် အသုံးချဖို့ရန်လားဆိုသည့်အချက်ကို မှန်ကန်စွာ ပိုင်းခြား
တတ်ဖို့လိုအပ်ပါတယ် ။ ချစ်သူများနေ့မှာ အပျိုအမည်ခံကာ မပျိုတော့သော
အပျိုမလေးတွေ ဘ၀မျိုး မိမိချစ်သူကို လက်ဆောင်ပေးခြင်းကား အလွန်ကို
ရက်စက်လွန်းလှပေတယ် ။ အချစ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို တပ်ကာ အလှပ
ဆုံး ရက်စက်ယုတ်မာခြင်းသာဖြစ်ပေတယ် ။ အသွေးသေားဆန္ဒ ဆိုသည်မှာ
တခါတရံ ထိန်းဖို့ အလွန်ခက်စေပါတယ် ။ လူမမြင်ကွယ်ရာ စိတ်ကွယ်ရာမှာ
ရှိနေသည်က မိမိချစ်သူ ဒီအခြေနေတွေဟာ အပျိုမလေးတွေရဲ့ ဘ၀ကို ချောက်
ထဲတွန်းချစေခဲ့တာပါပဲ ။ ဒီတော့ ဒီအခြေနေတွေ ဖြစ်စေမယ့် နေရာမျိုးတွေကို
မသွားလျှင် အကျည်းသန်တဲ့ အဖြစ်ဆိုးတွေနဲ့လည်း ရင်ဆိုင်စရာ မလိုအပ်တော့
ပါဘူး ။ ချစ်သူများနေ့မှာ အကျီဆင်တူလေးတွေ ၀တ်မယ် ။ အရင်ဆုံး စိတ်ချမ်းမြေ့
စရာအကောင်းဆုံး နဲ့ မင်္ဂလာအရှိဆုံးနေရာလေးဖြစ်သည့် ဘုရားသို့သွားမည် ။
ချစ်သူများနေ့ကို တန်ဖိုးရှိအောင် ကောင်းမှု့လေးတွေ အတူတကွ လုပ်ဆောင်ကြမယ် ။
မိမိချစ်သူကို အမှတ်တရလက်ဆောင်လေးတွေ ပေးမယ် ။ လက်ဆောင်ပေးတဲ့
နေရာမှာလည်း  ပေးသည့်လက်ဆောင်ကို တန်ဖိုးတက်စေဖို့ ရည်ရွယ်တွေ ကောင်းဖို့
လိုအပ်ပါတယ်  ။ နမူနာ ဘောပင်လေး ပေးမယ်ဆိုပါစို့ ။ ကိုရေ
မေရေ ဒီဘောပင်လေးကို လက်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်လေးကတော့
ဘ၀မှာ အမှတ်တရ ရှိခဲ့တဲ့ အောင်မြင်မှု့တွေ ၊ သင်ခန်းစာ ယူရမည့် ကျရှုံးမှု့
တွေကို မှတ်တမ်းတင် ရေးသားဖို့နော် ။ ဒီဘောပင်လေးနဲ့ အောင်မြင်မှု့တွေကိုဘဲ
အများဆုံး မှတ်တမ်းတင်နိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းလေးတွေ ထားပြီး
ပေးတတ်ဖို့လည်း လိုအပ်ပါတယ် ။ချစ်သူမိန်းကလေးတွေ အနေနဲ့လည်း မလိုလား
အပ်သည့် ပေးကမ်းရက်ရောခြင်းတွေကို မပြုကြဘဲ မြန်မာအမျိုးသမီး ဂုဏ်ရည်တွေကို
မြတ်နိုးတန်ဖိုးထားပေးကြပါ ။ မြန်မာအမျိုးသမီး ဂုဏ်ရည်ထဲမှာ တစ်ချက်အပါဝင်
ဖြစ်သည့် 

* လက်မထပ်မှီအချိန်ထိ မိမိ၏ အပျိုစင်ဘ၀ကို အလွန်တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်သည် ။ မိဘ မောင်ဘွား ဆွေမျိုးများကလည်း မှဲ့တစ်ပေါက်
မစွန်းရလေအောင် ၀ိုင်းဝန်းစောင့်ရှောက်လေ့ရှိကြသည် *

 ဆိုတဲ့ အချက်ကို ချစ်သူများနေ့မှာ အထူးလိုက်နာကျင့်သုံးပေးကြပါ ။ ချစ်သူအမျိုးသားများအနေနဲ့လည်းမိမိချစ်သူမိန်းကလေးအပေါ် မိမိနှမသားချင်းလေးသာဖြစ်ခဲ့လျှင် ဆိုသည့် စိတ်မျိုး
လေး မွေးမြူကာ မတောင်းအပ်သည့် လက်ဆောင်မျိုးတွေကို မတောင်းမိကြဖို့
သတိပြုစေချင်ပါတယ် ။ဒါလေးတွေကတော့ ခိုင်လေး ချစ်သူများနေ့ အတွက် တွေးမိ
တာလေးတွေပေါ့ ။
ချစ်သူများနေ့အတွက် ချစ်ခင်မြတ်နိုးရသည့် အမျိုးသားအတွက် ပြင်ဆင်ထားပုံ
လေးကို ဖောက်သည်ချမယ်နော် ။ ချစ်သူများနေ့မှာ အိပ်ယာကနေ စောစောထမယ်။
အကျီင်္လေးတွေ ဆင်တူဝတ်မယ် ။ ဘုရားတူတူ ရှိခိုးမယ် ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဆွမ်း ရေချမ်း ပန်း ဆီမီးတို့ပူဇော်မယ် ။ဒီကောင်းမှု့တွေရဲ့ အကျိုးကြောင့်  လောကတခွင် ရှိကြကုန်သောချစ်သူတိုင်း မိမိချစ်သူအပေါ် တန်ဖိုးထား
 မြတ်နိုးနိုင်ကြပါစေ ။ သစ္စာရှိရှိ ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးမယ် ။ ပြီးရင် အမျိုး
သားကို သိပ်ကို အဓိပာယ်ရှိတဲ့ လက်ဆောင်လေးတစ်ခုပေးမယ် ။ သူရှေ့ဆက်ရမယ့်
ဘ၀ခရီးလမ်းအတွက် အားအင်တွေလည်း ဖြစ်စေရမယ် ၊ အမှားတွေ လုပ်မိတော့
မယ်ဆိုရင်လည်း ထိန်းချုပ်ပေးမယ့် အသိလေးတစ်ခုကိုလည်း ထပ်ဆင့် လက်ဆောင်
အဖြစ် ပြောပြမယ် ။ ချစ်သူတိုင်း မိမိချစ်သူ တော်လာအောင် ကောင်းလာအောင် နည်းမှန်လမ်းမှန်နဲ့ အောင်မြင်အောင် ပံ့ပိုးပေးနိုင်ဖို့ အရေးကြီးပါတယ် ။ချစ်တယ်
ဆိုတဲ့အသိတစ်ခုနဲ့ ချစ်သူအလိုကျ မျက်စိစုံမှိတ် အလိုလိုက်နေခြင်းဟာ ချစ်သူကို ချစ်တာနဲ့မတူဘဲ နှစ်နေတာနဲ့ သဏ္ဍန်တူပါတယ် ။ အဆုံးသတ်ပြောချင်တာလေးကဤလောကတခွင်ရှိကြကုန်သော ချစ်သူစုံတွဲတိုင်း ချစ်သူများနေ့ကို တန်ဖိုးရှိရှိ
ဂုဏ်သိက္ခာရှိစွာ ဖြတ်ကျော်နိုင်ကြပါစေ ။ မိမိချစ်သူကို အမှန်တကယ် ချစ်ခင်
မြတ်နိုးတန်ဖိုးထားလျှင် ချစ်သူ၏တန်ဖိုးကို မြှင့်တင်ပေးနိုင်ကြပါစေလို့ ဆုမွန်
ကောင်းတောင်းရင်း အဆုံးသတ်လိုက်ရပါတော့တယ် ။
ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...