Thursday, February 20, 2014

ကုက္ကိုသား ဆင်းတုတော်ကြီး


ယခုတင်ပေးသော Post ကို မြန်မာနိုင်ငံက လူတော်တော်များများ သိပါတယ် ... အချို့ သော မသိသေးသော သူများ အတွက် ဗဟုသုတရစေရန် နှင့်ကြည်ညို သဒ္ဓါပွားစေရန် ရည်ရွယ်ပြီး .... တင်ပေးလိုက်ပါတယ် ဗျာ ....


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အောက်ခြေအနီးရှိ သစ္စဝေဒဂူ (မိုးကုတ်ဝိပဿနာကျောင်းတိုက်) တွင်ပူဇော်ထားရှိရန်အတွက် ကုက္ကိုသားဖြင့် ဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူပုံ ဆင်းတုတော်ကြီးတစ်ဆူထုလုပ်ရာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော် ပုံသဏ္ဌာန် ၊ ၀မ်းဗိုက်တော်အတွင်း ၌ အူးများယှက်လိမ်နေပုံ ပုံသဏ္ဌာန် ၊ ခြေဖ၀ါးတော်တွင် သွေးကြောများယှက်ဖြာနေပုံ သဏ္ဌာန် ထူးဆန်းအံ့သြဖွယ်ဖူးတွေ့ရပါသည်။

ဆင်းတုတော်ကြီးကိုထုလုပ်သည့် ကုက္ကိုပင်ကြီးမှာ ပြီးခဲ့သည့်မေလ ၄ရက်နေ့က မန္တလေးမြို့တွင် လေပြင်း တိုက်ခတ်စဉ် ပြိုလဲခဲ့သော မန္တလေး ၃၅လမ်း ၈၅ လမ်း ယွန်းဝင်းဓမ္မာရုံ အနီးမှ သက်တမ်းရင့် ကုက္ကိုပင်ကြီး တစ်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်းရာချီခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

"ကုက္ကိုပင်က ပေ၇၀လောက်ရှိတော့ အကောင်းဆုံးနေရာ ပင်စည်ပေ ၂၀လောက်ကို အဖြတ်မှာ အပင်ကြီးရဲ့သစ်ခေါင်းတစ်လျှောက်သစ်မြစ်တွေလိမ်ယှက်နေတာကိုတွေ့ရတယ်... ဆင်းတုတော်ကြီးကိုထုလုပ်ရင်းကနေ ဦးခေါင်းတော်အရောက်မှာ အတွင်းမှာ သစ်မြစ်တွေက ဦးနှောက်လိုထုံးဖွဲ့နေတာကို ထူးဆန်းစွားတွေ့မြင်ရတော့တာဘဲ... ၀မ်းဗိုက်တော်မှာလဲ အူတွေလိုလိမ်ဖွဲ့နေတယ်... ခြေဖ၀ါးတော်မှာလဲ သွေးကြောတွေလိုဖြာထွက်နေပါတယ်... ကျွန်တော်တို့ ပန်းပုထုတဲ့သက်တမ်းတစ်လျှောက်မှာဒီလို တစ်ခါမှ မကြုံတွေ့ခဲ့ရဘူး"လို့ ပန်းပုဆရာ ဦးထွန်းလင်းက ပြောသည်...


Admin >>> Zuu

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...