ဘ၀မှာ ငြိမ်းချမ်းရေးအတွက် ညီညွှတ်တဲ့ တိုက်ပွဲ
Zawzaw Zaw's photo.

အခုတလော တက်လာတဲ့ ပြသနာတွေက မျိုးစုံ တွေ့နေရတယ် ။ ဒီ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ဖြေရှင်း ခဲ့တာဟာ စိန်ရတုနီးပါးတိုင်နေ ပါပြီ ။ ဘယ်လိုမှ ဖြေရှင်းလို့မရ ဖြစ်နေပါတယ် ။
ဥပမာ တစ်ခုနဲ့ တူနေတယ် ။ ရွာတစ်ရွာမှာ ရပ်ရွာ ခေါင်းဆောင် လူငယ်တစ်ယောက်က ရပ်ရွာအကျိုးအတွက် အလုပ်ကို လုပ်တာ အရမ်း လုပ်ပါတယ် ။ ဒီလို လုပ်လာတာ အတော်တန် ကြာလာပါပြီ ။ ရွာအတွက် တစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာ ဘူး ။ လူပဲ ပင်ပန်း လာတာပဲ တွေ့ရတယ် ။
ဒီလိုနဲ့ သူ့အဖြစ်ကို တွေ့ရနေရတဲ့ အဖေက သူ့သားကို သား အလုပ်လေ သုံးရက် ၊ လေးရက်လောက် နားပါအုံးတဲ့ ။ ငါ့သား လုပ်နေတာကို ကြည့်ပြီး အဖေပါ ပင်ပန်း လွန်းတယ်တဲ့ ။ ငါ့သား နားရက်ကျရင် အဖေပါ ဝိုင်ကူ လုပ်ပေးမယ်တဲ့ ။
ဒီလိုနဲ့ သူ့သား နားရက်ရောက် ပါပြီး ။ သူ့သားက အဖေကို ဘယ်လို ကူညီမှာ လဲ အဖေတဲ့ ။ ဒီလိုနဲ့ အဖေက ကြိုးချည်းထားတဲ့ ခွေးတစ်ကောင်နဲ့ ကျောက်ခဲ လေးလုံးထည့်ပြီး တောစပ် တစ်နေရာကို ထွက်လာခဲ့တယ် ။
တောစပ်ရောက်တော့ ကြိုးချည်းထားတဲ့ ခွေးလေးကို လွှတ်ပေးတယ် ။ သူ့တို့ သားအဖနှစ်ယောက်က မလှမ်းမကမ်း နားကို သွားထိုင်တယ် ။ မလှမ်းမကမ်း ရောက်တော့ ခွေးအနားကို ကျောက်ခဲနဲ့ ပစ်ထည့် လိုက်တယ် ။ ခွေးကလည်း ကျောက်ခဲကို လိုက်ကိုက်တယ် ။ နောက်တစ်ချက် ဘေးနှစ်ဖက်ကို ထပ်ပစ်တယ် ။ နောက်ဆုံး အပေါ်ကို ကျော်ပစ်တယ် ။ ခွေးက လိုက်ကိုက်တယ် ။ ပါလာတဲ့ ကျောက်ခဲလေးစလုံး ပစ်တာ ခွေးက နဂိုမူတိုင် လိုက်ကိုက် သွားတယ် ။ ကျောက်ခဲ ကုန်သွားပြီဆိုတော့ အဖေ ဖြစ်သူက ဒီနေ့ အလုပ်က ဒီလောက်ပဲ တဲ့ ။ ဒီလိုနဲ့ အိမ်ပြန်လာတယ် ။
နောက်ရက်ကျတော့ ဒူးလေးနဲ့ မြှားတံ လေးချောင်းကို ယူပြီ တောကို နှစ်ယောက်သား ထွက်ခဲ့တယ် ။ တောရောက်တော့ ခြင်္သေ့ရှိရာကို ရောက်အောင်ရှာပြီး မလှမ်းမကမ်း သစ်ပင်ပေါ်မှာ နေရာယူ လိုက်တယ် ။ ပြီးတော့ ဒူးလေးနဲ့ ပထမဆုံး မြှားတံနဲ့ အိပ်နေသော ခြင်္သေ့ရဲ့ မလှမ်းမကမ်းကို ပစ်တယ် ။ ခြင်္သေ့က မြှားတံကို ကြည့်တယ် ။ ဒုနှင့်တ ဘေးနှစ်ဘက်ကို ပစ်တယ် ။ မူလအတိုင်း ကြည့်တယ် ။ နောက်ဆုံး အချက်တော့ ခြင်္သေ့ကို ကျော်ပစ်တယ် ။ ဒီလိုနဲ့ မြှားတံလာတဲ့ဘက် ပြသနာ အနရာယ် လာရာ သစ်ပင်အောက်မှာ ခြင်္သေ့က သွားစောင့်နေတယ် ။ ဒီလိုနဲ့ ခြင်္သေ့က အနရာယ် ပြသနာ မလာတော့ဘူးလို့ ထင်တယ်နဲ့ ထွက်သွားလိုက်တယ် ။ ဒီလိုနဲ့ သားအဖ နှစ်ယောက် သစ်ပင်ပေါ်က ဆင်းပြီး အိမ်ကို ပြန်လာ ခဲ့တယ် ။ အိမ်ရောက်တော့ သားဖြစ်သူက အဖေက အလုပ် ကူညီလုပ်မယ် ပြောပြီး အခုတော့ ခွေးကို ကျောက်ခဲပစ် ပြ ၊ ခြင်္သေ့ကို မြှားပစ် ပြတဲ့ ၊ ဘာတွေ လဲ ။ အဖေဖြစ်သူက သားကို အဖေ ကူညီလုပ်သွားတဲ့ အလုပ်က အဲတာ ပဲ ။ အဖေ ပြောချင်တာက သား အခု လုပ်နေတာက ခွေးလိုပဲ အလုပ် ၊ ပြသနာကို လိုက်လိုက် ကိုက် ၊ လိုက်လိုက် ဖြေရှင်းနေတာ ဘယ်အရာမှ မပြီး နိုင်တော့ဘူး ။ အလုပ် လုပ်ပြီး အရာမထင် ၊ လူ ပင်ပန်းတာ ပေါ့ ။ ခြင်္သေ့လို အလုပ် ၊ ပြသနာ အစကို စေ့စပ် သေချာအောင် ကြည့်ပြီးမှ အလုပ်ကို ထလုပ်တာ ဘယ် အရာမဆို ပြီးမြောက်တာ ပေါ့ ။
အခုလည်း ကျွန်တော်တို့လည်း စစ် အာဏာရှင် ပေးသော ပြသနာကို ခွေးလို လိုက်ကိုက် နေရင် ဘယ်တော့မှ မပြီးတော့ဘူး ။ နောက်တစ်ခုက တောင်ဥကလာပ ပြသနာက မြောက်ဥကလာပ မဆိုင်းသလို ၊ ကချင် အရေးက ရှမ်းနဲ့ မဆိုင်သလိုဆိုတာက ရှိသေးတယ် ။ ပြသနာပေါ်လာတိုင် အဲဒီ နေရာကို လိုက်လိုက် မကိုက်ဖို့နဲ့ ဟိုး အရေးဟာ ငါတို့နဲ့ မဆိုင်ပါဘူးဆိုတဲ့ အတွေးတွေကို ကျွန်တော်တို့ ပြောင်းလဲသင့် ရပါမယ် ။ ဒီလို ကျွန်တော်တို့ ဦးနှောက် ၊ နှလုံးသားက ဆင်ခြေ အသိဥာဏ်မဲ့ အတ ၊ အစွဲတွေ ထားပြီး လျှောက်လှမ်းရင် ဘယ်တော့မှ ပန်းတိုင်း မရောက်ဘူး ။ ရွှေရတုက သက်သေ ပါပဲ ။
အခုဆိုရင် သံလွင်မြစ်ကို ပါ သံလွင်မြစ် ရေကာတာစီမံကိန်းများ အဖြစ် တည်ဆောက် လာပြီ ။ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများမှာ ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်ရှိ ကွမ်းလုံရေကာတာ ၊ တန့်ယမ်းမြို့နယ်ရှိ နောင်ဖာရေကာတာ ၊ မိုင်းမောမြို့နယ်ရှိ မန်တောင်ရေကာတာ၊ မိုင်းပန်နှင့် မိုင်းတုံမြို့နယ်ကြားရှိ တာဆန်းရေကာတာ ၊ ကယားပြည်နယ် ဘော်လခဲမြို့နယ်ရှိ ရွာသစ်ရေကာတာနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ဟတ်ကြီးရေကာတာတို့ ဖြစ်တယ် ။ သံလွင်မြစ်ပေါ်ရှိ စီမံကိန်း ၆ ခုမှာ မဂ္ဂါဝပ် ၁၄၀၀ ထုတ်လုပ် နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည့် နောင်ဖ၊ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (မိုင်းတုံ)၊ ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွာသစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။
“ ဒီစီမံကိန်းတွေက ထွက်တဲ့ လျှပ်စစ်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်နဲ့ ထိုင်းကို ပို့မယ်လို့ သိရတယ်၊ ၁၀ ရာခိုင်နှုန်းကိုတော့ တခြား မြို့ကြီးတွေကို ဖြန့်ဖြူးဖို့ စီစဉ်ထားပါတယ် ။ ဒေသခံအတွက် ဘာမှ အကျိုးခံစားခွင့် မရှိဘူး ” ကြည့်ပါ ။ ဘယ်လောက် ရင်နာစရာကောင်လည်းဆိုတာ အဲတာတွေ ပဲ ။ နောက် တိုင်းရင်းသား ဖယ်ဒရယ် ပြည်ထောင်စု အရေး ၊ စစ်ပြေး ဒုက္ခသည် အရေး ၊ မြစ်ဆုံ ၊ လက်ပတောင် ၊ လယ်ယာမြေ ၊ အိမ်ခြံမြေ ၊ ကျူးကျော်ပြသနာတွေ ၊ သန်ခေါင်စာရင်း ပြသနာတွေ တက်နေပါတယ် ။ ဒီလို ပြသနာတွေကို ကျွန်တော်တို့ တစ်ခုချင်စီ လိုက်ပြီး ဖြေရှင်းမယ် ဆိုရင် ဘယ်တော့မှ ပြီးလောက်မယ် မထင်ပါဘူး ။ အဲတာတွေက ကျွန်တော်တို့ အခက် ၊ စစ် အဏာရှင်တွေရဲ့ အချက်ပဲ ။ ဆင်တစ်ကောင်လုံး မြင်ပြီ ဆင်ခြေရာ ရှာမနေကြ ပါနဲ့ ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်လုံးကျွတ် သပိတ်ကြီး ဖြစ်ဖို့ တိုင်ပင် ခေါ်ကြပါ ။ ဘ၀မှာ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား ပြည်သူတွေ အားလုံး စည်းရုံးပြီး ညီညွှတ်တဲ့ တိုက်ပွဲ ရှိရမယ် ။
BY - Aung Oo ၊ Zawzaw Zaw

0 comments:
Post a Comment